Chapter 255

504 39 0
                                    

Kiss Husband - 255

အပိုင်း (၂၅၅)

ရှောင်နော့စကားကိုကြားလျှင် လင်ရှီး၏နှလုံးသားလေး နွေးထွေးသွားသော်လည်း ရွှီယိကျစ်ကမူ စဉ်စားပင်မနေဘဲပြောလိုက်သည်။

"မရဘူး။"

ထိုစကားသုံးလုံးကိုပြောပြီးနောက် ရွှီယိကျစ်မှာ ၎င်းက ကလေးလေးတစ်ယောက်အတွက် သိပ်မကောင်းသလို ခံစားလိုက်ရ၍ လေသံပျော့ပျော့ဖြင့် ‌ပြန်ပြောင်းပြောလိုက်သည်။

"မေမေ့ကိုက ဖေဖေကာကွယ်ရုံနဲ့ လုံလောက်ပြီ၊ရှောင်နော့က လိမ်လိမ်မာမာ ပြန်သွားအိပ်တော့နော်။"

ရှောင်နော့က သူ့ဖေဖေကို ယုံကြည်စွာကြည့်လိုက်ပြီး နောက် သမ်းဝေကာ မျက်လုံးများကို ပွတ်လိုက်၍ သူ့မေမေကို ကြည့်လာသည်။

"မေမေ၊ မေမေ့ကို မွှေးမွှေးပေးချင်တယ်။"

လင်ရှီး၏မျက်နှာက မသိမသာထူးဆန်းသွားသည်၊ သူမ လက်ရှိအခြေအနေမှာ အနည်းငယ်... ရှက်စရာကောင်းနေသည်။

လင်ရှီး စိတ်ပူနေသည်ကိုသိ၍ ရွှီယိကျစ်က ရှောင်နော့နားနားသို့ တိုးတိုးကပ်ပြောလိုက်သည်။

"ဖေဖေတို့ အရင်က သဘောတူထားတာ မေ့သွားပြီလား။"

ရှောင်နော့ကလည်း ရွှီယိကျစ်ကို နမူနာယူကာ သူ့နား တိုးတိုးလေး ပြောလာသည်။

"ဖေဖေ၊ ဖေဖေနဲ့မေမေတို့က ညီလေးသေးသေးလေးတွေ လုပ်နေကြတာလား။"

ရွှီယိကျစ်က လင်ရှီးကို မကြားစေချင်၍ လက်ဖြင့်ထပ်ကာထားလိုက်သည်။

"သား ညီလေးတွေလိုချင်ရင် စကားနားထောင်ပြီး သွားပြန်အိပ်တော့ကွာ။"

ရှောင်နော့က ပါးလေးဖောင်းလိုက်သည်။

"သား ‌မေမေ့ဆီက အာဘွားတောင်းလို့မရဘူးလား။"

ရွှီယိကျစ်က အခိုင်အမာပြော၏။ "လုံးဝမရဘူး။"

ရှောင်နော့လေးက အံကျိတ်ထားရင် အရေးကြီးဆုံးဖြတ်ချက်ကြီးတစ်ခု ချလိုက်ရသည့်အလား။

"ကောင်းသောညပါ ဖေဖေနဲ့‌မေမေ။"

"ကောင်းသောညပါ ကလေးလေးရေ။"

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now