Chapter 299

245 29 0
                                    

အပိုင်း (၂၉၉)

ပင်းယန်ယန်မှာ ရှန်ပင်းချန့်က အပြင်၌ဝံပုလွေများရှိသည်ဟုပြောသည်ကို ကြားရသောအခါ တကိုယ်လုံး ထိတ်လန့်သွားရသည်။

"ဘာရယ်၊ အဖွဲ့ခေါင်းဆောင်က ဝံပုလွေမရှိဘူးလို့ပြောခဲ့တယ်မဟုတ်လား။"

"ကဲပါ၊ အိပ်တော့လေ။"

"သွားပါပြီ လင်ရှီးက အပြင်မှာပဲ ရှိသေးတာ၊ ဧကန္တ သူ မြေခွေးအစားခံလိုက်ရ... သူ့ကို မြန်မြန်သွားကယ်ကြရအောင်လေ။"

ရှန်ပင်းချန့် ရွက်ဖျင်တဲကိုကြည့်လိုက်သောအခါ တကယ်ပဲ လင်ရှီး၏အရိပ်အယောင်မရှိ။ သူမ စိတ်လှုပ်ရှားသွား၏။ မိမိလက်ကိုမသုံးရဘဲ လင်ရှီး ဝံပုလွေအစားခံရပြီး သေသွားလျှင်လည်း ကောင်းသည်ပင်။

သို့သော် သူမမျက်နှာကတော့ စိုးရိမ်မှုအပြည့်ဖြင့်။

"နင်ရူးနေလားဟ၊ နင်ပါထွက်သွားရင် ဝံပုလွေကို အစားသွားကျွေးသလိုဖြစ်နေမှာပေါ့။"

"ဒါဆို ငါတို့ဘယ်လိုလုပ်ကြမတုန်း၊ သေမှာမြင်ရက်နဲ့ မကယ်ဘဲထိုင်ကြည့်နေရမှာလား။"

အရင်က ရှန်ပင်းချန့် သူမအား လင်ရှီးအကြောင်းတချို့ ပြောပြခဲ့ဖူး၏၊ လင်ရှီးက သူများချစ်သူကောင်လေးကို လုယူသွားကြောင်း၊ သူများမဂ်လာပွဲကိုလည်း သွားဖျက်ခဲ့ကြောင်း။ လင်ရှီးက ဒီလိုမျိုးလူဖြစ်သည်ကို သူမ ဘယ်လိုမှ ခန့်မှန်းကြည့်လို့မရခဲ့ပေ။

သူမ ဒီရက်ပိုင်းအတွင်း လင်ရှီးထံမှ အနည်းငယ် ခပ်ခွာခွာနေခဲ့သော်လည်း လင်ရှီးတွင်လည်း ပြဿနာရှိနေသည်ဟု ပြော၍ရနိုင်သည်။

"ငါတို့...."

ရှန်ပင်းချန့်၏ မျက်လုံးများက ဟိုကြည့်ဒီကြည့်ဖြင့်၊ မတော်လို့များ လင်ရှီး ဝံပုလွေစားခံရပြီး သေမသွားရင် ဘယ်လိုလုပ်ပါ့မလဲ။

"ငါတို့ ရွက်ဖျင်တဲကိုဟ,ပြီး အခြေအနေကြည့်ကြမယ်လေ။"

လင်ရှီးမှာ ရစ်ငှက်တစ်ကောင်လုံးက ၎င်းတို့ထံမှ တတိတိအစားခံလိုက်ရသည်ကို မြင်သောအခါ စိတ်ထဲ ထိတ်သွားသည်။ အခု သူမတို့မှာ နောက်ဆုံး အသားတစ်ဖတ်ပဲ ကျန်တော့သည်၊ သူတို့က ဘာလို့မလဲကျသွားကြသေးတာလဲ။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now