Chapter 186

2.2K 82 0
                                    

Kiss Husband - 186

အပိုင်း (၁၈၆)

မူလက လင်ရှီး အပြင်မထွက်ချင်သော်လည်း စောင့်ကြည့်ကင်မရာမှတစ်ဆင့် ရှောင်နော့ကို မြင်လိုက်ရသောအခါ သူမ တံခါးဖွင့်ကာ ထွက်လာရလေသည်။

သံပန်းတံခါးခြားနေသေးသည်ပင်၊ ထို့နှင့် သူမ သူ့ကို ကြည့်တောင်မကြည့်ဘဲ သူစိမ်းတစ်ယောက်လိုဆက်ဆံကာ ရှောင်နော့ကို ပြောလိုက်သည်။

"ကလေးလေး မေမေပြောတာ မှတ်ထားနော်၊ သူစိမ်းတွေနဲ့ စကားမပြာရဘူး။"

"ရှောင်နော့ မှတ်ထားပါ့မယ်၊ ရှောင်နော့ နောက်ဆို သူစိမ်းတွေကို စကားမပြောတော့ပါဘူး။"

ရှောင်နော့က လင်ရှီးအား အမေဟုခေါ်သည်ကို ကြားလိုက်ရသောအခါ ချီကျားယန် ထိတ်လန့်သွားသည်။

"ဟုတ်ပြီ ကလေးလေး၊ နျန်နျန်နဲ့အရင်သွားဆော့နေနော်။"

ရှောင်နော့က ခွေးလေးနှစ်ကောင်နှင့်အတူ ထွက်သွားပြီးနောက် လင်ရှီး အေးစက်စွာမေးလိုက်သည်။

"ဘယ်သူ့ကိုရှာတာလဲ။"

"ပေါင်ပေ့ ကိုယ်ပါ ချီကျားယန်လေ။"

လင်ရှီးက မျက်နှာမမြင်နိုင်၍ သူ့ကိုမမှတ်မိဟု သူထင်ထားခဲ့သည်၊ သို့သော် သူဝတ်ထားသောအကျီက နောက်ဆုံးတစ်ခေါက် သူမကိုတွေ့ခဲ့သောအချိန်က အကျီဖြစ်သည်ကိုတော့ သူ မမှတ်မိပါချေ။

"မစ္စတာချီ အတိတ်မေ့သွားတာများလား၊ ဒီလောက်ရင်းနှီးနေသလို အသုံးအနှုန်းမျိုး ကျွန်မ သည်းမခံနိုင်ဘူး၊ အတိုချုံးပြောရရင်တော့ စကား ၄ လုံးပဲ၊ ရွံဖို့ကောင်းတယ်။"

လင်ရှီး အညှာအတာမဲ့စွာ ပြောလိုက်သည်။

ချီကျားယန်မှာ သူမက ထိုကိစ္စအကြောင်း တွေးနေသေးဆဲဖြစ်မည်ဟု ထင်လိုက်၏။

"ဖြစ်ခဲ့တာလည်း ကြာပြီလေကွာ၊ မင်း စိတ်မအေးနိုင်သေးဘူးလား။"

"မစ္စတာချီတော့ နောက်နေပါပြီ၊ ကျွန်မက ရှင်နဲ့ ဘာမှမှမဆိုင်တာပဲ။"

ချီကျားယန်က ရုတ်တရက်စိတ်လှုပ်ရှားစွာဖြင့် သူမကို ဆွဲလိုက်သည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Donde viven las historias. Descúbrelo ahora