Chapter 253

506 35 0
                                    

Kiss Husband - 253

အပိုင်း (၂၅၃)

(WARNING 18+ အိမ်တွင်းအကြမ်းဖက်မှု)

"မင်း ဒီမှာနေခဲ့ဦး။"

ချီကျားယန် ထိုစကားများချန်ထားခဲ့ပြီးနောက် သူမကိုပင် မကြည့်ဘဲ အဝေးသို့လျှောက်ထွက်သွားတော့သည်။

"ကျားယန်ကော?"

အော်မုန့်ရွှယ်မှာ ချီကျားယန်၏အတွေးများကို ပို၍ပို၍နားမလည်နိုင်တော့ဟု ခံစားလိုက်ရသည်။

ချီကျားယန် ညစာစားပွဲမှအရင်ထွက်သွားပြီး အော်မုန့်ရွှယ်အား ချန်ထားခဲ့သည်၊ ထို့နောက် ရှန်ပင်းချန့် ရောက်လာ၏။

"အော်ကျဲ ဘာလို့ဒီမှာရှိနေသေးတာလဲ၊ ငါ ခုနကပဲ ကျားယန်ကောနဲ့တွေ့ခဲ့သေးတယ်။"

ရှန်ပင်းချန့်ကို မြင်သောအခါ အော်မုန့်ရွှယ် မသိမသာ မျက်လုံးပင့်သွားသည်။

"ဪ သူက လုပ်စရာတစ်ခုခု ရှိလို့လေ။"

ရှန်ပင်းချန့် ပြုံးလိုက်၏။

"ဘာကိစ္စများလဲ၊ ငါ ခုနလေးတင် သူ့ကိုမေးလိုက်တာ၊ နေလို့မကောင်းလို့ အရင်အိမ်ပြန်နှင့်ပြီတဲ့။"

ရှန်ပင်းချန့်စကားကိုကြားလျှင် အော်မုန့်ရွှယ်မှာ အလိမ်ဖော်ခံလိုက်ရ၍ မသက်မသာဖြစ်သွားသည်။ သို့နှင့် သူမ လက်ဖဝါးများကို လက်သည်းဖြင့် ထိုးဆိတ်နေမိ၏။ ချီကျားယန်က သူမကို ထားခဲ့ပြီး အိမ်အရင်ပြန်သွားလိမ့်မည်ဟု မထင်ထားပေ။

သူမမျက်နှာထက် ချက်ချင်း စိုးရိမ်ရိပ်‌များပေါ်လာ၏။

"ကျားယန်ကောကတော့ တကယ်ပါပဲ၊ ငါစိတ်ပူမှာစိုးလို့ လုပ်စရာရှိတယ်လို့ ပြောခဲ့တာနေမယ်၊ ဒါဆို ငါပြန်ပြီနော်။"

အော်မုန့်ရွှယ်၏ နောက်ကျောပြင်ကိုကြည့်ရင်း ရှန်ပင်းချန့် ကောက်ကျစ်စွာ ပြုံးလိုက်သည်။ သူမမန်နေဂျာနှင့် ကျားယန်ကောတို့ ဆက်ဆံရေးက သိပ်ကောင်းပုံမပေါ်။

"ချလပ်။"

အော်မုန့်ရွှယ် အိပ်ခန်းတံခါးကို ပိတ်လိုက်ပြီးနောက် ချီကျားယန်က အိပ်ရာပေါ်တွင် ဖိနပ်စီးလျက်သားဖြင့် လှဲလျောင်းနေသည်ကို တွေ့ရလျှင် အံ့ဩသွားမိသည်။ ဒီရက်များအတွင်း သူမနှင့် ကျားယန်ကောတို့ အခန်းခွဲပြီးအိပ်ကြ၏၊ သူမရင်ထဲက နာကျင်မှုများကို မြိုချရန်သာတတ်နိုင်ခဲ့သည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now