Kiss Husband - 248
အပိုင်း (၂၄၈)
"ငါတို့ကတော့ သူဌေးနဲ့တွေ့ဖို့ ဘယ်လိုလုပ်အခွင့်အရေးရှိပါ့မလဲ၊ သူက 'ယိလင်'ကို တစ်ခါမှမလာဖူးဘူးလေ၊ လာရင်တောင် အရင်ဆုံး နေရာကို ပြောင်နေအောင် သန့်ရှင်းထားရမှာ။"
မော့ထီနပြောသည်ကို ကြားလျှင် လင်ရှီး ကျိတ်၍အံ့သြမိသွားသည်၊ ဆိုတော့ ယိကျစ်က 'အသန့်ကြိုက်ပြီး သတိရှိရှိ'နေတတ်တဲ့သူပေါ့လေ။
"နင်တို့ပြောကြည့်စမ်း၊ သူဌေး ငါ့ကိုသဘောကျသွားရင် ဘယ်လိုနေမလဲ။"
ပင်းယန်ယန်၏မျက်လုံးများထဲ အဆုံးမရှိသော စိတ်ကူးယဉ်မှုများ ပြည့်နေ၏။
လင်ရှီးက အပြုံးလေးဖြင့် သူမ စိတ်ကူးလေးကို ထိုးဖောက်ပစ်လိုက်သည်။
"အရင်က သတင်းထွက်ထားတယ်မဟုတ်ဘူးလား၊ ဥက္ကဌရွှီက လက်ထပ်ပြီးပြီတဲ့နော်။"
ပင်းယန်ယန်၏ စိတ်ကူးအိပ်မက်လေးက ကျေမွသွားရသော်လည်း သူမ ဆက်လက်ရုန်းကန်နေချင်သေးလေသည်။
"ခုခေတ် မီဒီယာတွေက ပုံကြီးချဲ့ရတာကြိုက်ကြတယ်လေ၊ ပြီးတော့ ဥက္ပဌကလည်း မငြင်းဘူး၊ဖြစ်နိုင်တာက သူ အဲဒီသတင်းတွေကို အာရုံမစိုက်ချင်လို့များလား။"
"မပူနဲ့၊ အဲ့သတင်းက လုံးဝစိတ်ချရတယ်။"
လင်ရှီးက သူမနှလုံးသားလေးကို ထပ်ဆွလိုက်ပြန်သည်။
"နင်ဘယ်လိုသိတုန်း။"
"ဘာလို့လဲဆိုတော့... ဥက္ကဌရွှီ ရှာနေတဲ့သူက... ငါမို့လို့ပဲလေ!"
လင်ရှီး ကိုယ့်ကိုကိုယ် လက်မဖြင့်ထိုးပြလိုက်သည်။
မော့ထီနနှင့် ပင်းယန်ယန်တို့မှာ ခဏမျှကြောင်သွားပြီးနောက် ရယ်မောလာကြ၏။
"လင်ရှီး နင် ငါတို့ထက်တောင် အားမကိုးရသေးတာပဲ!"
သူမတို့ရယ်သံများထဲ ရန်ငြှိုးများမရှိ၊ သူငယ်ချင်းများကြား စနောက်ရုံသက်သက်သာ ဖြစ်လေသည်။
လင်ရှီး မသိမသာ မျက်ခုံးပင့်လိုက်သည်၊ သူမက အမှန်ပြောနေသည်ပဲလေ။