Chapter 272

398 38 0
                                    

အပိုင်း (၂၇၂)

"ရှစ်ဖူ "

ရှောင်နော့က မသိမသာနှုတ်ခမ်းလေးစူလိုက်သည်။

"ဒါပေမယ့် ရှောင်နော့ ရှစ်ဖူကို သတိရလို့ရှိရင်ရော?"

ဆရာတော်ရွှမ်ကျန်း၏မျက်လုံးထဲ ချစ်မြတ်နိုးရိပ်များရှိနေသည်။

"ရှောင်နော့၊ ဒီရှစ်ဖူ ရှောင်နော့ကို ဒီစကား ဘယ်တုန်းကမှ မပြောခဲ့ရသေးဘူးနော်။"

သူ့မျက်နှာမှာ ကြင်နာမှုများပြည့်လျက်။

"ရှောင်နော့လေးက သိပ်တော်တယ်၊ သိပ်လိမ္မာတယ်။"

ရှောင်နော့လေး၏မျက်လုံးများမှာ ကြယ်ကလေးများထက်ပင် ပို၍တောက်ပသွားတော့သည်။

"အောမိထောဖော၊ ကျေးဇူးပါရှစ်ဖူ!"

ဆရာတော်ရွှမ်ကျန်းက ရှောင်နော့အား ချီးကျူးသည်ကိုကြားရသောအခါ လင်ရှီး အနည်းငယ်အံ့ဩသွား၏။ သူမ ထင်မိသည်၊ ဆရာတော်ရွှမ်ကျန်းက...။

ကံမကောင်းစွာပင် ရှောင်နော့က ၎င်းကိုအလုံးစုံနားလည်နိုင်ရန် ငယ်လွန်းသေး၏။ ဤသည်မှာ သူ ရှစ်ဖူနှင့် နောက်ဆုံးအကြိမ်တွေ့ရခြင်း ဖြစ်နိုင်သည်။

"ဆရာတော်ရွှမ်ကျန်း။"

သူမမျက်လုံးထဲ မျက်ရည်များပြည့်လာသည်။

ဆရာတော်ရွှမ်ကျန်းက သူမကိုတားလိုက်သည်။

"ဒကာမလေး ဘာမှပြောစရာမလိုတော့ပါဘူး၊ ရှောင်နော့ကို ဒကာမလေးက ဂရုစိုက်ပေးနေတာကြောင့် ဒီဘုန်းကြီး စိတ်ချပါပြီ၊ တောင်အောက်ဆင်းသွားကြပါတော့၊ ထပ်လာဖို့မလို‌တော့ပါဘူး။"

လင်ရှီး၏ရင်ထဲ ခါးသက်သွားမိသည်။ သူမ ကလေးအတွက် စိတ်ပူစရာမလိုလျှင် သူမလည်း ဆရာတော်ရွှမ်ကျန်းအား 'ရှစ်ဖူ'ဟုခေါ်သင့်ပေသည်။

သူမ လက်အုပ်ချီကာ ခပ်ဖြည်းဖြည်းဦးညွှတ်လိုက်သည်။

"အောမိထောဖော။"
................

"လတ်တလောမှာ အဆိုတော်အသစ်ရှန်ပင်းချန့်ရဲ့ ပထမဆုံးအယ်လ်ဘမ်ဟာဆိုရင် ဆွေးနွေးမှုများမြင့်တက်နေပါတယ်၊ သစ်လွင်တဲ့အမျိုးအစားနဲ့ ဆန်းဆန်းပြားပြားသီချင်းသံစဉ်တွေကြောင့်လည်း တရုတ်ဂီတလောကထဲမှာ အသစ်အဆန်းလေးဖြစ်နေပါသေးတယ်၊ နောက်ပိုင်းမှာ သူ ဂီတလောကရဲ့ တစ်မိုးအောက်တစ်ယောက် ဖြစ်လာနိုင်မလားဆိုတာကိုတော့ ဆက်စောင့်ကြည့်ကြရအောင်ပါနော့။"

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Donde viven las historias. Descúbrelo ahora