Chapter 18 သူ့က တအားချစ်စရာကောင်းတယ်

149 24 3
                                    

Chapter 18 သူ့က တအားချစ်စရာကောင်းတယ်

လှေကားစောင်းတန်းက သစ်သားပြားက နှစ်တွေကြာလို့ ဆွေးပြီး သစ်သားက အထိမခံလို့ ကျိုးသွားတာဖြစ်တယ် ဘယ်လို လူဖြစ်ဖြစ် သစ်သားပြားကို လက်နက်မပါဘဲ လက်နဲ့လွယ်လွယ်ချိုးလို့ ရနေပြီ "မဝင်ရ"ဆိုတဲ့ စာလုံးကြီးကသာ အနီရောင်တောက်မနေရင် နောက်မှာ ပုန်းနေတဲ့ သရဲ့ကသာထိန်းပေးမထားရင် အဲ့ ဘုတ်ပြားက ကျိုးနေတာ ကြာလှနေလောက်ပြီး ကစားသမားတွေတောင် သတိမပြုမိလောက်တော့ဘူး

ဒါပေမဲ့ အနီရောင်အလင်းက အပြင်ဘက်ထိ လျှံကျလာတယ်

အနီရောင် အလင်းမှိန်မှိန်လေးအောက်မှာ သစ်သားပြားက ပိုပို ကျိုးကျလာပြီး ပိုးစားထားတဲ့သစ်သားမှုန့်တွေကလည်း အများကြီး ကျလာတယ် လေထုကလည်း ပိုးစားထားတဲ့အမှုန်တွေနဲ့ တဖြည်းဖြည်း အဝါရောင်တွေပြည့်နေတဲ့ အထဲမှာ သရေတွေအပြည့်နဲ့ ဖြူဖတ်ဖတ် ပြာနှမ်းနှမ်း မျက်နှာတစ်ခုကို မြင်နိုင်တယ်

အဲ့ဒါက ကြည့်ရတာ နည်းနည်းတော့ ကြောက်စရာကောင်းတဲ့ ပုံပေါ်နေတယ်

ချီယွီက နှုတ်ခမ်းကိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်ကာ အလန့်တကြားအော်ဟစ်ချင်နေတာတွေကို လည်ချောင်းထဲမှာတင် မြိုချလိုက်တယ်

အဲ့သရဲတွေဆီက သွေးနံ့ပြင်းပြင်းက သူနှလုံးကို လေးလံအေးစက်စေကာ နှလုံးခုန်မြန်နေတာကို မရပ်နိုင်တော့ဘူး

ထွက်ပြေးဖို့ လမ်းမရှိတော့ဘူး.

ဒီနေရာနဲ့ ကစားသမားတွေ အနားယူနေတဲ့နေရာနဲ့ အနည်းဆုံး မီတာ၂၀၀လောက်ဝေးတယ်အဲ့နေရာကို  ရောက်တဲ့အထိ လွတ်အောင်ပြေးနိုင်ရင် တောင်မှ ဘာတွေ ဖြစ်လာမလဲ
အဲ့လူတွေဆီမှာ သရဲတွေဆီက လွတ်မြောက်ရှင်သန်နိုင်လောက်အောင် ဇာတ်ဝင်ပစ္စည်း ဘယ်လောက်ရှိမှာမလို့လဲ

ချီယွီက အများကြီးတွေးနေဖို့ အချိန်မရဘဲ အခုသွေးစွန်းနေတဲ့ အခြေအနေက သူ့စိတ်ကို အလိုအလျောက် ပူပန်စေတယ်

သူတို့တွေ ဝမ်းနည်းစရာအပြည့်နှင့် ဂိမ်းထဲကိုများ ရုတ်တရက် ကစားမိသွားတာလား
သူ့တို့နေ့ဘက်တုန်းက ဒီဒုတိယထပ်ကို သွားတဲ့လှေကားနားကို လာဖို့ အချိန်မရလို့ ဘာမှမဖြစ်တာနေမယ် ဒါ့ကြောင့် ဒီကြောက်စရာကောင်းတာတွေကို ညဘက်မှာ ရင်ဆိုင်တွေ့ရတာပဲ
ဖြစ်နိုင်မလား

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now