Chapter 2 အခန်းရွေးခြင်း

374 64 2
                                    


Chapter 2 အခန်းရွေးခြင်း
ကော်ယွဲ့က စရာကောင်းလှတဲ့လူအိုကြီးကိုကြည့်ပြီး ခြေထောက်တွေပျော့ခွေနေလို့ ထွက်မပြေးနိုင်ဘဲ မြေကြီးပေါ် ထိုင်ချလိုက်တယ်
သူမအော်ခေါ်လိုက်ချင်ပေမဲ့ ဒါက ရွေးချယ်မှုကောင်းတစ်ခုမဟုတ်ဘူး

ဆံပင်အဝါရောင်လူငယ်နဲ့ ဗလကြီးက သူ့မနဲ့ မနီးမဝေးမှာ ရပ်နေပေမဲ့ သူတို့က ယာယီအသင်းဖော်တွေမလို့ သူတို့မှာအန္တရာယ်ရှိလာနိုင်ရင် သူမကို ကယ်မှာမဟုတ်ဘူး ကော်ယွဲ့က ဗီရိုနောက်မှာ တံခါးရှိတယ်ဆိုတာကို သူမသိတယ်ဆိုရင်တောင် သူတို့ကိုပြောပြမှာမဟုတ်ဘူး
.
ဂိမ်းစကတည်းက လူတိုင်းဟာ တစ်ကွဲတစ်ပြားစီ ရှာဖွေနေကြတယ် လူတိုင်းရဲ့ရှေ့က ခန်းမကြီးဟာ ပထမဆုံး ကျွမ်းထိုးမှောက်ခုံ ပြောင်းလဲသွားပြီးဘာကိုမှရှာမတွေ့တော့ဘူး သူတို့တွေကိုအခန်းပတ်လည်စစ်ဆေးဖို့ ယာယီအားဖြင့် နှစ်ဖွဲ့သုံးဖွဲ့ ခွဲခြားထားတယ်
ကော်ယွဲ့က ကြောက်တတ်လို့ ဟောခန်းထဲမှာ ဘယ်မှမသွားဘဲ ထိုင်နေခါမှ တစ်ခုခုကို ရှာတွေ့လိမ့်မယ်မထင်ထားဘူး သူမနောက်က ဗီရိုရှည်ကြီးကို တွန်းဖယ်လိုက်မှ သစ်သားတံခါးကို တွေ့ရမှာ သူမသာ တခြားသူတွေကို ကူဖွင့်ပေးဖို့ပြောမပြရင် ဘယ်သူမှ သိမှာမဟုတ်ဘူး
အခုတော့... အဲ့ဒါကို မဖွင့်ဘဲထားတာပိုကောင်းတယ်
လူအိုကြီးက သူ့ကိုယ်ပေါ်က ပင့်ကူအသေကောင်တွေနဲ့ ပင့်ကူမျှင်တွေကို ဖုန်ခါသလို ခါရင်း ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာတယ်
အဲ့လူအိုကြီးက မလှုပ်ရှားတာ ဘယ်လောက်ကြာပြီလဲမသိဘူး ခါးကကုန်းနေပြီး လက်က အရိုးတွေတောင်မြင်နေရတယ် လှုပ်ရှားလိုက်တိုင်းမှာ အရိုးတွေက အသံတွေတောင်ထွက်နေတယ်
သူ့ရဲ့ မျက်စိအခေါင်းပေါက်လို အကြည့်တွေနဲ့ ကြာကြာအကြည့်ခံလိုက်ရတဲ့သူတွေက နောက်ကျောတွေ ပိုအေးလာသလို ခံစားရလိမ့်မယ် အဲ့လူအိုကြီးက သူ့ဆီလျှောက်လာတော့မှာကို ကော်ယွဲ့မြင်လိုက်ရတဲ့အခါ သစ်သားတုတ်ကို ကြောက်ကြောက်လန့်လန့်နဲ့ ဆုတ်ကိုင်ပြီး ဖေးဟူကို အကူအညီတောင်းတဲ့အကြည့်တွေနဲ့ကြည့်နေတယ်
တစ်ယောက်ယောက်က သူမရှေ့က ဒီကြောက်စရာကောင်းတဲ့ လူအိုကြီးကို ဖြေရှင်းဖို့ ဆိုရင် ဖေးဟူကလွဲပြီး ဘယ်သူမှမတတ်နိုင်ဘူးလို့ သူမရင်ထဲမှာသိနေတယ် သူက ဂိမ်းအတွေ့အကြုံ ရှိတယ်လေ စာအုပ်ထဲကလိုဆိုရင် သူ့အမှတ်တွေနဲ့ ကောင်းတဲ့ပစ္စည်းတွေ အများကြီးဝယ်ထားမှာပဲ ဟုတ်တယ်မလား? ဖေးဟူက သူမကို တစ်ယောက်တည်း ထားမပစ်ခဲ့ပါဘူး ဆံပင်အဝါနဲ့ကောင်းလေးနဲ့ ဗလကြီးတို့ကို ကျော်ပြီး
အကုန်လုံးရဲ့ အံ့အားသင့်နေတဲ့မျက်လုံးတွေအောက်မှာ ရိုးသားပြီးချိုသာတဲ့အပြုံးလေးနဲ့ ရိုရိုသေသေနဲ့ပဲ
"ဦးလေးကို မေးပါရစေ မင်းကမိဘမဲ့ဂေဟာကလားခင်ဗျ?"

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now