Chapter 38 မင်းသားလေး စုန့်ချင်
ချီယွီ အသက်ပြင်းပြင်းရှုလိုက်ပြီ သူဂိမ်းကို ချောင်းရိုက်ချင်တဲ့ စိတ်ကို ထိန်းထားလိုက်ရတယ် ဂိမ်းကထိန်းချုပ်နေတာ သေချာနေတဲ့ တစ်ဖက်လူကတော့ ဆက်စီနည်းနည်းကျပြီး တည်ငြိမ်တာကို လိုချင်နေပြီး ထူးထူးဆန်းဆန်းတွေးနေတဲ့ အကြည့်ကြီးနဲ့ သူ့ကိုလှည့်ကြည့်လာတယ်
မုန့်ပင်းက မနာလိုတဲ့ အကြည့်ကြီးနဲ့ အနားရောက်လာပြီး
"ဝိုး ဂိမ်းကအဝတ်တွေ ငှားပေးတယ်လို့ သိရတာ ဒါပထမဆုံးပဲ ယာယီစီစဥ်ပေးထားတဲ့ အဝတ်လေးတွေကို ကြည့်လိုက် တအားလှတာပဲ"
"ဝူးးးးးးးးးးးဝူး"
"ငါလည်းဝတ်ချင်တယ်"
ချီယွီက သူ့ကို ဂရုမစိုက်သလို ကြည့်လိုက်ပြီး
"မင်းဝတ်ချင်ရင် မင်း ခေါင်းဆောင်းနီလေးလို ဟန်ဆောင်လိုက် ငါစိတ်မရှိဘူး"
မုန့်ပင်းက ခဏလောက်လွန်ဆွဲနေပြီး ရှဲ့ရှောက်ရဲ့ အေးစက်စက်အကြည့်ကို ကြောင်လို့ ငြင်းလိုက်ရတယ်
"မေ့လိုက်တော့ ငါဂိမ်းက ထပ်ပြီးခက်ခဲတာတွေ လုပ်ခိုင်းမှာ ကြောက်တယ် ပြီးတော့ အချိန်ကျရင် ငါစွပ်ကျယ်အင်္ကျီပြောင်းဝတ်ထားလိုက်မယ် အဲ့ဒါလည်း တအားမဆိုးပါဘူး"
ဘုရင်မက ခေါင်းဆောင်းနီလေးလို ဟန်ဆောင်ရမှာလား
ဒီအတွအဆက်စကားလုံးကကို အလွန်ပျက်စီးရာပျက်စီးကြောင်းရှာနေသလိုပဲ
ချီဟွီက သူ့နာထင်ကို သူပွတ်လိုက်ပြီး ခေါင်းကိုက်အောင် ဘယ်လိုဖြေရှင်းရမလဲ တွေးနေပေမဲ့ အပြင်ဘက်က ကစားသမားတွေက သည်းမခံနိုင်တော့ဘူး
ဂိမ်းက ထုတ်ပြန်လိုက်တဲ့ တာဝန်အသစ်ကို မြင်ပြီး အပြင်ဘက်က ကစားသမားတွေဟာ အသင်းခွဲထားတယ်ဆိုတာ သတိရသွားကြတယ် ကတုံးဖြစ်သွားလို့ ဖက်ငိုနေကြတဲ့ ကတုံးအဖွဲ့ကလည်း အဲ့ဒါကို သတိရသွားပြီး တပ်ဖျက်လိုက်ကြတယ် သူတို့သာ အပြေးအလွှားအဝတ်အစားသွားမရွှေးဘူးဆိုရင် ဂိမ်းက အကျန်တွေပဲ ရလိမ့်မယ်
တခြားကစားငမားတွေလည်း ဒီမှာ ရှိနေတာလား?
ဘယ်သူက ဇာတ်ကြောင်းနောက်လိုက်တဲ့ အဖွဲ့အစည်းထဲကနေ ခွဲထွက်ရဲတာလဲ
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...