Chapter 9 ဆေးရုံပို့ခြင်း

193 31 0
                                    

Chapter 9 ဆေးရုံပို့ခြင်း
ချီယွီနှင့်သူအဖွဲ့က ဂိမ်းကပို့တဲ့ ရထားလုံးပေါ်မှာ တိတ်တဆိတ်ထိုင်နေပြီး ဘယ်သူမှ စကားမပြောကြဘူး

ပထမဆုံးဂိမ်းကို အဆုံးထိ ရှင်လင်းပြီးတဲ့နောက်  လူတိုင်းက ချက်ချင်း မစ်ရှင်ရည်မှန်းချက်ကို ဖြစ်နိုင်ရင် ချက်ချင်းလွှဲပြောင်းပေးပြီး ရက်နည်းနည်းလောက်ပိုပြီး ရှင်သန်နိုင်အောင် အမှတ်တွေလိုချင်ကြတယ် အဲ့အကြောင်းပြချက်ကြောင့် မစ်ရှင်ကို အပ်ချင်နေကြတယ်

မဟုတ်ရင် စကားလည်းကောင်းကောင်းမပြောနိုင်သလို အနားလည်းယူနိုင်မှာမဟုတ်ဘူး အရင် မိဘမဲ့ဂေဟာထဲမှာသာလျှင် အငြိုးထားလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ အပန်းဖြေတဲ့အနေနှင့် ဟာသပြောနိုင်ခဲ့ကြတာ
.
.သူတို့က သေခြင်းရှင်ခြင်းကို အတူဖြတ်ကျော်ခဲ့ကြပေမဲ့ အခုထိတစ်ယောက်နာမည်တစ်ယောက် မသိကြသေးဘူး မဟုတ်လား

ဘယ်လောက်ဆိုးလိုက်လဲ

ဖေးဟူက သူတို့နှင့် စကားနည်းနည်းတော့ ပြောချင်ခဲ့ပေမဲ့ အဲ့အကြောင်းက ချီယွီကြောင့် အလိုအလျောက် ပျက်သွားတယ်
ဂိမ်းဘော့နဲ့ လူရင်းလို  နင် ငါနှင့်ပေါင်းနေပြီး တစ်ယောက်နှင့်တစ်ယောက် ယောကျ်ားခေါ်နေတာ နှုတ်ဆက်တဲ့အနေနဲ့ ကိုက်လိုက်တဲ့ သွားရာကြီးကလည်း မျက်နှာပေါ်မှာ ရှိနေသေးတယ်
ဘာမှတောင် ပြောစရာမလိုတော့ဘူး ကစားသမားတွေစိတ်ထဲမှာ မန်ဒရင်းဘဲတွေ ကွဲကွာသွားသလို ချစ်လျက်နှင့် အတူမရှိနိုင်တဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်တောင် ဖန်တီးနေကြပြီ

ချီယွီရဲ့ စိတ်ဓာတ်ကျနေတဲ့ ချောမောတဲ့ မျက်နှာလေးကို ကြည့်ပြီး ကစားသမားတွေကြားက ဆံပင်အရှည်နှင့် အမျိုးသမီးက မိခင်စိတ်လွှမ်းမိုးသွားကာ သနားပြီးချစ်သလို ခံစားလိုက်ရတယ် ပြီးတော့ စိတ်ထဲက အော်လိုက်တယ်'အမလေး ဘယ်လောက်လှပတဲ့ အချစ်လဲ'
သူမက လက်ကိုင်ပုဝါတစ်ခုကို သတိလက်လွတ် ထုတ်ပေးလိုက်တယ်

"တအားဝမ်းမနည်းပါနဲ့ လူတိုင်းလည်း အဲ့လို မဖြစ်စေချင်ကြပါဘူး"

ရှဲ့ရှောက်ရဲ့ အံ့သြစရာ နှုတ်ဆက်စကားမှာ နစ်မြုပ်နေတဲ့ ချီယွီ  :???

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now