chapter 25 ကိုယ့်ကိုရှာပါ

89 18 0
                                    

.Chapter 25 ကိုယ့်ကို ရှာပါ

ပန်းရောင်စကပ်ကို ဝတ်ထားတဲ့ကစားသမားတွေက လေနဲ့အတူလွင့်လာတဲ့ လှေကားစောင်းတန်းက  နည်းနည်းကျယ်တဲ့ ဘန်းခနဲ့တစ်ခုခုကို ကန်ပြီး ​ကြမ်းပြင်နဲ့ ရိုက်မိတဲ့အသံတွေကို ကြားလိုက်ရတယ် အဲ့နောက်မှာတော့ ချီယွီစိတ်ဆိုးပြီး ကြိမ်းမောင်းနေတဲ့ အသံကို ကြားလိုက်ရတယ်

"ငါလူး"

အဲ့နောက် ဖုန်းဖုန်းဖောင်းဖောင်း ရိုက်သံတွေပေါ်လာပြီး အသံက တအားကျယ်တယ်

ဝမ်ရိချန်က ရုတ်တရက် သက်ပြင်းချလိုက်ပြီး:
"တကယ်ကို ငါတို့အပေါ်မတက်ရတာ ကောင်းသွားတာပဲ ချီယွီက တကယ်ကို လူကောင်းပဲ"

တခြားသူတွေကလည်း အတူတူခေါင်းညိတ်လိုက်ကြတယ်

အဲ့ဒီ ဘန်း ဘန်း ဘန်း ဆိုတဲ့ အသံတွေနားထောင်ပြီး ချီယွီကို ဂိမ်းဘော့စ်က ကာကွယ်ထားလို့ အဲ့လို ရက်စက်တဲ့ တိုက်ပွဲကနေ ကျော်ဖြတ်နိုင်လောက်ပါတယ် သူတို့သာတက်သွားရင် သွေားတွေက မြစ်တွေလို စီးသွားလောက်ပြီး တချို့လူတွေခေါင်းကလည်း တွဲလောင်းဖြစ်နေလောက်ပြီ

ဒီကော်ပီက အန္တရာယ်က တော်တော်ဆိုးတာပဲ
တတိယထပ်က အခြေအနေကို ကောင်းကောင်းသိတဲ့ စုန်ချင်က အေးစက်စက်နှာမှုတ်လိုက်တယ်

အန္တရာယ်လား

ရှဲ့ရှောက်ဘေးမှာ ဆိုရင်သာ အနိုင်ကျင့်ချင်တဲ့ အန္တရာယ်တွေ ရှိနေတာ

ငါထင်တာတော့ ကလူမြူဆွယ်တာ ကြမ်းလွန်းလို့ ကြမ်းကြမ်းတမ်းတမ်းအချခံနေရတာနေမှာ

အဲ့ကောင် ရှဲ့ရှောက်က အလုပ်မရှိ ပြဿနာရှာဖို့ပဲ တွေးနေတာ

စနောက်ပြီးသွားတဲ့ ရှဲ့ရှောက်ကတော့ အခန်းတံခါးဝမှာ ရပ်ပြီး ချီယွီကို ရိုးရိုးသားသားဖိတ်ခေါ်ကာ ခေါ်ဖီပူပူလား တခြားဟာလားမေးလိုက်တယ်

"မသောက်ဘူး"

ချီယွီက အလွန်နိုးနိုးကြားကြားသတိထားပြီး ငြင်းလိုက်တယ်  သူ့စကပ်ကို ဆုတ်က်ုင်ထားပြီး စိုးရိမ်လို့လား ရှက်လို့လားမသိ သူုမျက်နှာက ရဲနေတယ်  သူ့ကြည့်ရတာက မတအား အနိုင်ကျင့်ခံနေတဲ့ပုံ ပေါ်နေတယ်

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now