Chapter 19 ထွက်သွားလို့ မရ

143 27 3
                                    

Chapter 19 ထွက်သွားလို့မရ

ကစားသမားတွေ အရေးပေါ် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့တော်တော်လေး လှုပ်ရှားနိုင်တယ် အသက်အန္တရာယ်ခြိမ်းခြောက်မှုအောက်မှာ အလှပြင်တာကလွဲပြီး ဘာမှမလုပ်ဖူးတဲ့ မိန်းကလေးတောင်မှ ကျားတစ်ကောင်လို တူကို ကိုင်ထားနိုင်တယ်

ထန်ယွီက သူ့ရဲ့ သိုလှောင်အိတ်ကို ဖွင့်ပြီး ချိတ်ပိတ်တဲ့ စွမ်းအင်ရှိတဲ့ကတ်ကို ဖြန့်ဝေပေးတယ်
အဖွဲထဲက လူတွေက သရဲတွေချိုးဖျက်ဝင်လာမှာကိုကြောက်လို့ လှေကားကို သေချာချိတ်လိုက်ပိတ်ပြီး ရွေ့လို့မရတဲ့ သံစင်တွေကလွဲပြီး စားပွဲတွေကို ရွေ့ပြီး တောင်ကုန်းလိုပုံပြီး ကာထားတယ်

ကာကွယ်ပြီးသားဖြစ်အောင် ကွဲလွယ်တဲ့ ဟာတွေကို တစ်ခါတည်းတန်းပြီး ရိုက်ခွဲထားတယ်

ဒါပေမဲ့ လူတိုင်းကမျက်နှာ မသာမယာနဲ့ စုပြီး တစ်ယောက်နဲ့ ကြည့်နေကြသေးတယ်
ဝမ်ရိချန်က လှေကားကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ
"ငါတို့ တစ်ဖွဲ့လုံးဒီည ဒီနေရာမှာ ချိတ်ပိတ်တဲ့ ဇာတ်ဝင်ပစ္စည်းကို စောင့်ကြည့်ပြီး အဲ့ဒါက အဆင်ပြေရင်တောင်မှ မနက်ဖြန်ကျ ဘယ်လို လုပ်ကြမလဲ"
"ငါတို့ အခုအချိန်မှာ သတိထားသင့်တယ်"
တစ်ယောက်က သက်ပြင်းရှိုက်ပြီး
"ငါတို့ အပေါ်ထပ်ကို ရှာဖွေဖို့ မသွားနိုင်တော့ဘူး"

အဲ့ဒါက လူတိုင်းစိုးရိမ်နေတဲ့ဟာ
ပဲ
ဒီည တံခါးကို ချိတ်ပိတ်ခဲ့လို့ လူတိုင်းသရဲလိုက်တာ မခံရဘဲ ဒီညကောင်းကောင်းအိပ်လို့ ရနိုင်လိမ့်မယ် ဒါပေမဲ့ မနက်ဖြန်ကျရင်တော့ သူတို့ အပေါ်ထက်ကိုတက်ပြီး ရှာဖို့နည်းလမ်းရှာရဦးမယ်

နောက်တစ်မျိုးပြောရရင် သူတို့ချိတ်ပိတ်ထားထားတဲ့ဟာတွေကို သူတို့ပဲ ဖယ်ရဦးမယ်
မဟုတ်ရင် စမ်းသပ်ချက်က ပြီးမှာမဟုတ်ဘူး လူတိုင်းမှာသာ အမှတ်မရခဲ့ရင် သူ့တို့ အကုန်သေကြရလိမ့်မယ်

လူဟောင်းတွေက အမှတ်တွေရှိပြီး ခဏတော့ ရှင်သန်နိုင်ပေမဲ့ သူတို့ကော်ပီရှင်းဖို့ ကျရှုံးသွားရင် အမှတ်တွေ အဖြတ်ခံရမယ် ရှင်သန်နိုင်မဲ့နှစ်တွေလည်း အဖြတ်ခံရပြီး နောက်ကော်ပီကျရင် ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်တော့ဘူး အဲ့ဒါကလည်း သေဒဏ်ချတာနဲ့အတူတူပဲ

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now