chapter 34 ငါဘာမှမလုပ်ခဲ့ပါဘူး

108 14 2
                                    

Chapter 34ငါဘာမှ မလုပ်ခဲ့ပါဘူး

ဂိမ်းရဲ့ သတိပေးချက်ထွက်လာလာချင်း ကစားသမားတွေ ကြက်သေ သေသွားကြတယ်

ဘာကို ဆိုလိုတာလဲ

ဘုရင်မကလည်း သူတို့ကို အကူအညီတောင်းဖို့ လိုသေးတာလား

ခေါင်းဆောင်းနီလေးဘက်ကို အကူအညီတောင်းတာကတော့ လက်ခံလို့ရပါတယ် ဒါ့အပြင် ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့ ဘုရင်မကို စနိုးဝှိုက်ုအဖွဲ့က ကူညီဖို့ဆိုတာ မဖြစ်နိုင်တာပဲ ဒါပေမဲ့ စနိုးဝှိုက်က...

လူတိုင်းက ဘာလုပ်ရမှန်းမသိ စိတ်ရှုပ်ကုန်ကြတယ်

သူတို့က စနိုးဝှိုက်ဘက်က သူရဲကောင်းအဖွဲ့လို့ ထင်ခဲ့ပေမဲ့ အခုတော့ သူ့မခေါင်းကို ဘီးဖြီးပေးပြီး အဆိပ်ခတ်ရတော့မယ် ဒါက...စနိုးဝှိုက်က ဘယ်သူ့ကိုမှ မယုံကြည့်ဘဲ တောထဲမှာ သနားစရာကောင်းအောင် တစ်ယောက်တည်း ရှင်သန်နေရအောင် ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းအရင်းလား

သူတို့တာဝန်က ရှုံးမသွားနိုင်ဘူးလား

"ဝမ်ကော ဒီလိုလုပ်လို့ မဖြစ်ဘူး"

ဆံပင်အနီနဲ့ အလွန်ခေတ်ဆန်ပြီး ချောမောတဲ့ လူငယ်ကပြောတယ်

"ဒီဂိမ်းက ပေးတဲ့ တာဝန်က ငါတို့ကို သနိုးဝှိုက်ကို လှည့်စားခိုင်းနေတာပဲ သဘောကျတဲ့levelသာ အနိမ့်ဆုံးထိကျသွားရင် နောက်ထပ် ငါတို့အလုပ်ကို လုပ်နိုင်မှာ မဟုတ်တော့ဘူး"

သူ့ နာမည်က ဝေ့ကျင်းပဲ သူရဲ့ အတွေ့အကြုံက ဝမ်ရိချန်ထက် ပုံတူလောက တစ်ခုပဲ နည်းပြီး သူကလည်း အဖွဲ့ထဲမှာ အလွန်သဘာရင့်ဝါရင့်နေတဲ့ ကစားသမားတစ်ယောက်ပဲ သူကအဲ့လိုပြောလိုက်တော့ တခြားသူတွေကလည်း ခေါင်းညိတ်ကြတယ် ဒါက လုပ်ရမဲ့ တာဝန်တစ်ခုဆိုပေမဲ့ ဒီတာဝန်ကို လုပ်လိုက်ရင် NPCရဲ့ သဘောမကျတာကို ခံရလိမ့်မယ် ဒါ့ကြောင့် ကိုယ့်လူကို လှည့်စားလို့ မဖြစ်ဘူး

ဝေ့ကျင်း:"တာဝန်က စနိုးဝှိုက်ကို အဆိပ်ရှိတဲ့ ပန်းသီးကျွေးခိုင်းရင် ငါ့တို့သူ့ကို ကျွေးလိုက်မယ် နောက်မှ သူကို အခေါင်းထဲထည့်ထားလိုက်မယ် မင်းသားလေးက ဖြတ်သွားတဲ့အခါ သူ့ကို အနမ်းပေးခိုင်းပြီး သူတို့ကို အတူတူရှိခိုင်းလို့ရတယ် ဒါက လူငယ်အချစ်ဇာတ်လမ်းပဲ ငါတို့က မီးထဲကို ဆီထည့်ပေးရုံပဲလိုတယ် ဒါပေမဲ့ ဒီအဆိပ်ဘီးက...ဘုရင်မက ပေါင်းထည့်လိုက်တဲ့တခြားအပို ဇာတ်ကွက်ဖြစ်နေမလား"

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now