chapter၂၃ စမ်းသပ်ခန်း
ပန်းရောင်ဇာကြိုးလေးကို သုံးစက္ကန့်လောက် စိုက်ကြည့်ပြီး အိုးပူပူကို ကိုင်ထားရတဲ့အတိုင်း ကဗျာကသီ ပြန်ထိုးထည့်လိုက်တယ်
တခြားသူနာပြုဝတ်စုံကို မတွေ့လို့များ ဒီအင်္ကျီကို ဝတ်မယ်ထင်နေတာလား
မဖြစ်နိုင်တာ
သူချီယွီက ကိုယ့်ကိုယ်ကို လေးစားတယ်တာ ဘာနည်းလမ်းမှာ မရှိရင်တောင်မှ သိက္ခာအကျခံပြီး မဝတ်ဘူးကွ
ဘယ်တော့မှဘဲ
ချီယွီက လှေကားစောင်းတန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ရန်တွေ့ဖို့ထွက်လာတယ် ရလဒ်ကတော့ သူ့ခေါင်းပဲထွက်ရသေးတယ် ခုံပေါ်မှာ ထိုင်နေပြီး ပန်းရောင်ကစားသမားအဖွဲ့ကို မျက်နှာချင်းဆိုင်ပြီး ကော်ပီနဲ့ပတ်သတ်တဲ့ဗဟုသုတတွေ ပြောပြနေတဲ့ ဒေါက်တာရှဲ့ကို တွေ့လိုက်ရတယ်
"လူတိုင်း မြင်တဲ့အတိုင်းပဲ"
"ဆေးရုံက သုံးထပ်ရှိတယ် ပထမထပ်က ဆေးခန်းနှင့် မြူခိုးတွေက ထိန်းချုပ်တာခံထားရတဲ့ ဆေးရုံဝန်ထမ်းတချို့နေတယ် ဒုတိယက လူနာခန်းတွေ အဲ့မှာ ဟိတ်ဟန်များတဲ့ လူနာတစ်ယောက်က ထိန်းချုပ်ထားတာ ဒါပေမဲ့ အပြည့်အဝတော့ မထိန်းချုပ်နိုင်သေးဘူး"ပြီးတော့ တတိယထပ်ကတော့ ဆေးရုံဥက္ကဌနဲ့ရာထူးမြင့်တဲ့ တချို့ဆရာဝန်တွေနေတာ"
"ဒါမှမဟုတ် အဲ့တာကို မင်းခေါ်လို့ ရတာက-"
"စမ်းသပ်ခန်း"
"စမ်းသပ်ခန်း?"
တစ်ယောက်ယောက်က မထိန်းနိုင်တော့ဘဲ လိုက်ပြောလိုက်တယ်"ဟုတ်တယ်"
ရှဲ့ရှောက်က ခေါင်းငြိမ့်ပြီး အဲ့မှာ ကော်ပီရဲ့ လျှို့ဝှက်ချက်တွေ မရှိဘူး
"မော်ကွန်းတိုက်နှင့် သတင်းစာကို ဖတ်ပြီးတဲ့နောက် မင်းတို့ဆေးရုံနှင့်ပတ်သတ်ပြီး အလွန်စိတ်ဝင်စားနေတယ်ဆိုတာကို ငါသိတယ် ခန့်မှန်းရရင် ဒီလူတွေအကြောင်းကို ပိုစိတ်ဝင်စားပြီး စပ်စုချင်နေကြလိမ့်မယ်""ဒါကြောင့် ငါပြောပြမယ်"
"အစကတည်းက ငါနဲ့ ဘာမှမဆိုင်ဘူး မင်းတို့တကယ်ပြောစေချင်ရင်တော့ တချို့ယူနီဖောင်းဝတ်ထားတဲ့သနားစရာလူတွေအကြောင်း ပြောပြတာပိုကောင်းတယ် မကောင်းဆိုးဝါးတွေနဲ့နှစ်တွေအကြာကြီး တိုက်ခိုက်ခဲ့ပေမဲ့ သူတို့က အခုထိအနိုင်မရကြသေးဘူး"
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...