Chapter 4 အမိုးအောက်ကထပ်ခိုး
ခုတင်အောက်က စာတွေက ရွဲ့စောင်းနေပေမဲ့ စကားလုံးပုံစံတွေက မှန်ကန်ရှင်းလင်းနေလို့ အဓိပ္ပာယ်ကောက်ဖို့ လွယ်တယ်
အဓိက ဆိုလိုရင်းက အလွန်ကိုရှင်းလင်းတယ်
'ကလေးက သူတို့ ကယ်တာကို စောင့်ရင်း ထပ်ခိုးပေါ်မှာပုန်းနေတယ် '
အခု ကလေးကိုမကယ်ခင် အဓိကမေးရမှာက
သရဲပြောတဲ့ စကားတွေကို ယုံကြည်ရမှာလား?"သေပြီးသားကလေးတွေကလည်း ငါတို့နှင့်လိုက်လာချင်နေတယ်လို့ ဂိမ်းကသတိပေးထားတယ် သူတို့က အသေအချာကို ကလေးအစစ်လို့ ငါတို့ထင်အောင် ဟန်ဆောင်ကြလိမ့်မယ် ငါထင်တာတော့ ဒီသရဲရဲ့စကားတွေက စိတ်ချလက်ချမယုံရလောက်ဘူး"
ချီယွီက အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် သုံးသပ်ပြတယ်
သူက ဖြစ်နိုင်တာတွေသုံးသပ်ပြတော့ အကုန်လုံးက ခေါင်းညိတ်လက်ခံကြတယ် ဖေးဟူက ချီယွီပြောတာတွေက သူပြောချင်တာတွေနှင့် အတိအကျတူနေတော့ သူ့ကို သဘောကျတဲ့အကြည့်တစ်ချက်ပေးလာတယ်"ဂိမ်းထဲမှာသရဲတွေက အရမ်းဥာဏ်ကောင်းတယ် သူတို့ကို လူတွေလိုပဲ ဆက်ဆံလို့ရတယ် သူတို့က ဥာဏ်များပြီးရက်စက်တယ် သူတို့အတွက် ဒီစကားလုံးတွေသုံးထားတာနေမယ်
သဲလွန်စတွေရှာတဲ့အခါမှာ ဂရုစိုက်သထက် ဂရုစိုက်ရမယ် မင်းခြေတစ်လှမ်းမှားလိုက်တာနဲ့ သူတို့အတွက်ဖြစ်လာပြီး ကော်ယွဲ့နှင့်အတူ လှဲနေရမယ် မင်းတို့ ဘယ်သူမှအဲ့လို မဖြစ်ကြဘူးလို့ ငါထင်တယ် မင်းတို့ လုပ်ချင်ကြလား?"
ကစားသမားအသစ်တွေက သူတို့ခေါင်းကို ပလုတ်တုပ်လိုမျိုး ယမ်းခါလိုက်ကြတယ် ဟွမ်မြောင်ကဆို သူခေါင်းကို ယမ်းလိုက်တာများ ခြင်္သေ့ဘုရင်ကြီးကျနေတာပဲ
"ချီယွီပြောတာမှန်တယ် ဒါပေမဲ့......"
ဖေးဟူက သူ့လေသံကိုပြောင်းလိုက်ပြီး
"သတင်းအချက်အလက်အသစ်တွေမှာ အားသာချက်တစ်ခုရှိတယ် အဲ့ဒါက ငါတို့အတွက် အပေါက်တွေအများကြီးကို တူးဆွနေစရာမလိုတော့ဘူး ဒါ့အပြင် ငါတို့မနေ့က နှစ်ထပ်လုံးကို ပြောင်းပြန်လှန်အောင်ရှာပြီးပေမဲ့ ဘာမှမတွေ့ဘူး ဒါကြောင့် ထပ်ခိုးပေါ်မှာရှာဖို့ အကြံပေးချင်တယ်"
.
ဖေးဟူပြောတဲ့ဖြစ်နိုင်ခြေရယ် ဂိမ်းအချိန်က ဆက်သွားနေတာရယ် သူတို့အောက်နှစ်ထပ်မှာ ဘာမှရှာမတွေ့နိုင်တာရယ်ကြောင့် သရဲမိန်းကလေးပြောတဲ့ သဲလွန်စအတိုင်း သူတို့လိုက်မှရမယ်
.နောက်တစ်မျိုးပြောရရင် သူတို့မသွားချင်လည်းသွားမယ်
ဘယ်နေရာမှ သုံးစားမရတဲ့ ငတုံးတစ်သိုက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ထပ်ခိုးဆီကို လာကြတယ်
ထပ်ခိုးဆီရောက်တဲ့အခါ ပြဿနာတစ်ခုကိုတွေလိုက်ရတယ်
သူတို့ထပ်ခိုးဆီရောက်တဲ့အခါ အပေါ်တက်တဲ့ လမ်းကိုရှာမတွေ့လို့ ကြောင်သွားကြတယ် ပြီးတော့ ဒုတိယထပ်လျှောက်လမ်းကလည်း တစ်ဖြောင့်တည်းနဲ့ တစ်လမ်းတည်းပဲရှိပြီး အပေါ်တက်တဲ့လမ်းမရှိတော့ဘူး
ဒါဆို မိဘမဲ့ဂေဟာက လူတွေထပ်ခိုးအပေါ်ထပ်ထဲကို သွားရင် ဘယ်လိုတက်ကြလဲ?
သူတို့က အတောင်ပံတပ်ပြီး ပျံသွားကြတာများလား?
တစ်ဖွဲ့လုံး အံ့သြသွားကြပြီး ဒုတိယထပ် ကြမ်းပြင်နဲ့နံရံပါမကျန် နှိုက်နှိုက်ချွတ်ချွတ် အပေါ်တက်တဲ့လှေကားကို ရှာကြတယ်
ချီယွီခဏလောက်တွေးပြီး အောက်ထပ်ကို ပြေးဆင်းလာခဲ့တယ်
ဂေဟာဂိတ်ကို ဖွင့်ပြီး အဆောက်အအုံကို တစ်ပတ်ပတ်လျှောက်ဖို့ အချိန်ခဏပဲယူလိုက်ရတယ်
ပတ်ဝန်းကျင်မှာ မြူတွေဆိုင်းနေပေမဲ့ အဆောက်အအုံပုံစံကို ရပ်ကြည့်ရင် မြင်နိုင်သေးတယ်
မိဘမဲ့ဂေဟာရဲ့ အဆောက်အအုံလေးကို လမ်းဘေးမှာ ဆောက်ထားတယ်.အဲ့တာက နိမ့်နိမ့်လေးပေမဲ့ နေရာတော်တော်ကျယ်တယ် ခေါင်မိုး အပေါ်ပိုင်းက ပြားနေပြီး လူတစ်ယောက် ခါးတစ်ပိုင်းပြတ်နေသလိုပဲ အမြင့်ကို ခန့်မှန်းရရင် အောက်က ဒုတိယထပ်တစ်ဝက်တောင်မရှိဘူး ဒါကြောင့်ဘယ်သူမှ ဒါကို အရေးကြီးတဲ့အရာလို့ မထင်ကြတော့ဘူး
ချီယွီသာ အပြင်ကိုထွက်ပြီးမကြည့်ခဲ့ရင် ဒုတိယထပ်ကကျော်ပြီး ထပ်ခိုးပြတင်းကိုဖျက်ဖို့ အန္တရာယ်ရှိတဲ့ အလုပ်ကို လုပ်မိနေလိမ့်မယ်
ဒါပေမဲ့ သူက ကျဥ်းပြီးသေးတဲ့ ထပ်ခိုးပြတင်းပေါက်ကိုတွေ့တဲ့အခါ အဲ့ဒီအကြံကို ဘေးဖယ်ထားလိုက်တယ်.
အဲ့လို ပြတင်းပေါက်သေးသေးလေးက သူတို့ အရိုးမရှိမှပဲ ဝင်ရလိမ့်မယ် မဟုတ်ရင်လည်း သူတို့တစ်ဖွဲ့လုံး မတက်နိုင်လောက်ဘူး.
ဒီအလျားအနံက ၇နှစ် ၈နှစ်ကလေးပဲ ဝင်ရလိမ့်မယ် ကလေးက ပြတင်းပေါက်အပြင်ဘက် တက်နိုင်ပါ့မလား?
ချီယွီအဲ့အကြောင်းကိုတွေးနေတုန်း တစ်ယောက်ယောက်ကသူ့ကို စောင့်ကြည့်နေသလို ခံစားရလို့ အေးစိမ့်စိမ့်ခံစားလိုက်ရတယ်
သူခေါင်းမော့ကြည့်လိုက်တော့ ထပ်ခိုးပြတင်းပေါက်လေးက လက်ဖြူဖြူလေးကို မြင်လိုက်ရပြီး မီးခိုးရောင်မှန်ပြတင်းပေါ်မှာ ကောက်ကွေ့နေတဲ့ ငါးပုံလေးဆွဲပြတယ်
.
ချီယွီ: "..."
သူရင်တုန်လွန်းလို့ နောက်ကျောတောင် ပေါက်ကွဲသွားတော့မလို ခံစားလိုက်ရတယ်?
ဒါဘာကို ဆိုလိုတာလဲ?
သရဲက သူနာမည်ကိုလည်းသိသေးတယ်လား ဒါဆိုသူက တမင်ပုံဆွဲပြပြီး သူ့ကိုနှုတ်ဆက်နေတာလား?
သူ ငါ့နာမည်ကို ဘယ်လိုသိတာလဲ?
အဲ့လိုဆွဲပြတာက သူကကော်ယွဲ့လို နောက်တစ်ယောက်က ငါလို့ ပြောချင်တာလား?လာလိုက်စမ်းပါ ဒီသရဲ ဘာမှမလုပ်နိုင်စေရဘူး
ဘာလို့ မင်း မိဘမဲ့ဂေဟာအပြင်ဘက်ထွက်လာပြီး မပျော်တာလဲ?
ချီယွီ ကြောက်လွန်းလို့ အစွမ်းသာရှိရင် အစက်အပြောက်အဖြစ်နဲ့ မြေပြင်ပေါ်လိမ့်ပြီး တွင်းထဲဝင်အောင်းလိုက်ချင်တယ်
####
မိဘမဲ့ဂေဟာ ထပ်ခိုး
ရှဲ့ရှောက်က ခေတ်နောက်ကျနေတဲ့ ကြိမ်ကုလားထိုင်ပေါ်မှာ ခြေချိတ်ထိုင်ရင်း လက်ထဲက ကျောက်စိမ်းဆွဲပြားလေးကို သာသာလေးပွတ်နေတယ်
သူက ရုတ်တရက်ပြုံးလိုက်တယ်
ငါးလေးကတော့ ငါးစာကိုဟပ်နေပြီ ပွင့်ဖတ်လေးလွှာနဲ့ ပန်းရောင်ပန်းပွင့်ပါတဲ့ ရှပ်အင်္ကျီကြိုဝယ်ထားသင့်ပြီလား?
ညစ်ပတ်နေတဲ့ကြမ်းပြင်ပေါ်က ထပ်ခိုးအဝင်ဝက နောက်တစ်ကြိမ်ဖွင့်ခံရဖို့အတွက်အကြာကြီးပိတ်ထားခဲ့ရတယ်
အဖွဲ့ဝင်တွေလာရှာဖို့ ထပ်ခိုးပေါ်မှာ ကလေးက ပုန်းနေရမယ်
သူတအားကြောက်မနေပါဘူး
ရုတ်တရက် အောက်ထပ်က ဆူညံသံတွေ မသဲမကွဲကြားလိုက်ရတယ်
ဆံပင်အဝါနဲ့ကောင်လေးက ဘယ်ကရှာတွေ့လာမှန်းမသိတဲ့ ဝါးတစ်လုံးကို ကိုင်ပြီး ဖေးဟူဆီ စိတ်လှုပ်ရှားစွာ ပြေးလာတယ်
"ဟူကော ငါ အဲ့ဒါကိုရှာတွေ့ခဲ့တယ်"
ဖေးဟူက သူနာမည်မှားခေါ်နေတာကို ပြင်ပေးလိုက်ပြီး
"ထပ်ခိုးကို ဝင်တဲ့အပေါက်တွေ့ခဲ့ပြီလား ဘယ်နေရာမှာလဲ ငါတို့ကြည့်ရအောင် ခေါ်သွား"
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Terrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...