Chapter 7 ဒိုင်ယာရီ

233 37 3
                                    

Chapter 7 ဒိုင်ယာရီ
မိဘမဲ့ ဂေဟာမှာ လယ်သမားတွေလုပ်ထားတဲ့ ဝါးခြင်းတောင်းက အများကြီးရှိတယ် အဲ့ထဲကို ဟင်းသီးဟင်းရွက်နှင့် တခြားပစ္စည်းတွေ သယ်ပို့တဲ့အခါ များများဆံ့ပြီး စျေးချိုတဲ့အတွက် သုံးကြတယ် ဒါပေမဲ့အဲဒါက ပုန်းကာတဲ့ အရာအနေနဲ့တော့ သိပ်မကောင်းဘူး
ခြင်းတောင်း အပေါက်တွေက ကျဲပြီး တစ်ယောက်ယောက်သာ ပုန်းနေရင် နှီးချောင်းတွေကြားမှာ မည်းမည်းကြီး အရိပ်ထင်နေတာကို တွေ့ရလိမ့်မယ်
အဲ့လူက မြေပြင်ပေါ်က ခြေရာရေးရေးကို တစ်ချက်ကြည့်လိုက်ပြီး ဝါးခြင်းတောင်ထဲက လှုပ်နေတဲ့ အရိပ်ကို ကြည့်လိုက်တယ် သူလှောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီး ဝါးနှီးတောင်းကို  သစ်သားစားပွဲကို ကန်တုန်းကလိုမျိုး အားပြင်းပြင်းနှင့် ကန်လိုက်တယ်

ဝါးခြင်းတောင်းက  နှစ်တွေအများကြီးကြာပြီး ကျိုးလွယ်နေတော့တစ်ယောက်ယောက်သာဝင်ပုန်းနေရင် အဲ့ကန်ချက်က အထဲကလူကို ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားစေမှာပဲ
အဲ့လူကလည်း အဲ့ဒါကိုတွေးမိပြီးတော့ အားနည်းနည်းပိုထည့်ပြီး ခြင်းတောင်းထဲ ပုန်းနေတဲ့သူကို အလစ်ကန်ထည့်လိုက်တာပဲ
ဘန်းခနဲ မြည်သွားပြီး. ပုတ်နေတဲ့ဂေါ်ဖီထုပ်နှင့် မုန်လာဥတွေက မြေပြင်ပေါ်ဖြန့်ကျဲကုန်တယ်

အဲ့ဒီလူ:???
လူကနေ ဘယ်လိုလုပ် မုန့်လာဥကြီး ဖြစ်သွားတာလဲ
ဒါ မဖြစ်နိုင်လိုက်တာ
သူမျက်နှာမှာ မယုံသင်္ကာနှင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အဲ့ဒီအချိန်မှာ သူ့ပုံရိပ်သူတောင် ဂရုမစိုက်တော့ဘဲ အံ့သြပြီး ဝါးတောင်းကို ကောက်ကြည့်လိုက်တယ် ဖုန်ကလွဲပြီး ဘာမှမရှိဘူး
.
လူကြီး:"……"

သူပတ်ပြီး နေရာတိုင်းကို ရှာတယ် သူ ဗီရိုတွေ သစ်သားစားပွဲတွေ မြေသားမီးဖိုတွေနှင့် လူပုန်းနိုင်တဲ့ ဘယ်နေရာမဆိုရှာပေမဲ့ ဘာမှမတွေ့ဘူး

လူဘယ်ရောက်သွားတာလဲ

သူအိမ်ထဲမှာ ရှိနေမယ် ထင်ခဲ့တာ ကြီးကောင်ကြီးမား လူတစ်ယောက်လုံး ဘယ်ရောက်သွားတာလဲ

အဲ့လူက အလျေ့ာမပေးပဲ နောက်တစ်ခေါက် ထပ်ရှာပေမဲ့ ဘာမှရှာမတွေ့ဘူး အဲ့ဒီမှာ အချိန်နည်းနည်း ကြာသွားပြီး အပြင်ဘက်က သတိလစ်အောင် အရိုက်ခံထားရပြီး အပြင်ဘက်မှာ လဲနေတဲ့ ကစားသမားဆီက အသံတိုးတိုးလေးထွက်လာပြီး မကြာခင်သတိရလာတော့မယ့်ပုံပေါ်လာတယ်

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now