Chapter 13 သရဲဆရာဝန်
အဲ့ဒီမှာ အဖြူရောင်ကုတ်ဝတ်ထားတဲ့ ယောကျ်ားတစ်ယောက်က လေပေါ်မှာ မျောနေတယ် သူ့နဖူးက တစ်ခုခုနဲ့ အရိုက်ခံထာရပုံရပြီး သူ့ခေါင်းနှင့်မျက်နှာက သွေးတွေက လည်ပင်းထိ စီးကျနေတယါ မျက်နှာကို သွေးတွေနဲ့ဖုန်းနေလို့ ပြာနှမ်းနေပြီး မျက်လုံးတွေက ရှေ့ကို ပြူးထွက်နေတယ်သူ့မျက်နှာက ဆိုးဆိုးရွားရွားဖျက်ဆီးခံထားရပြီး လက်တွေကို နောက်ကျောမှာ ကြိုးတုပ်ခံထားရကာ ကုတ်အဖြူပေါ်မှာလည်း ခြေရာတွေက ထင်ထင်ရှားရှားရှိနေတယ် သူ့ကသူ့ကိုသူတော့ ကြိုးဆွဲချသေနေတာ မဟုတ်နိုင်ပေမဲ့ သူက ရိုက်နှက်ခံရကာ ခြေထောက်တွေ လက်တွေကို ကြိုးနဲ့ချည်ပြီး ကြိုးဆွဲချသေစေခဲ့တာပဲ
သူက ကစားသမားမဟုတ်ဘူး
သူက ဆေးရုံမှာ အရင်နှစ်တွေတုန်းက သေခဲ့တဲ့ ဒေါက်တာပဲ
နောက်တစ်မျိုးပြောရရင် သူက သရဲပဲ
.ပြီးတော့ ၉၀%ဖြစ်နိုင်တာက ကစားသမားလေးတွေကို သတ်ပစ်နိုင်တဲ့ ကြမ်းကြုတ်ပြီး အန္တရာယ်ရှိတဲ့ သရဲပဲ ပြီးတော့ ကစားသမားဖြစ်နိုင်တဲ့ တခြားလူတစ်ယောက်က သရဲဒေါက်တာနှင့် သိပ်မဝေးတဲ့နေရာမှာ လဲနေပြီး လှုပ်ရှားမှုမရှိဘူး သေသလားရှင်သလားတောင် ပြောလို့မရဘူး အနီရောင်တောက်တောက်အရည်တွေက သူ့ခန္ဓာကိုယ်ကနေ မြေပြင်ကို စီးထွက်ကျနေပြီး ပြန့်ကျဲသွားတယ်လေထုက တင်းမာလာပြီး ထိုင်းမှိုင်းနေတဲ့လေထုမှာ ချောက်ချားစရာ အရိပ်အမွက်တွေပေါ်ပေါက်လာတယ်
ရင်ထဲမှာ ကြိတ်ပြီး မေးတယ်:သူတို့ပြေးသင့်လား သူတို့အခုပြေးသင့်လား
အဖြေက: အခုမပြေးသင့်သေးဘူး
"လူတိုင်း မထိတ်လန့်ကြပါနဲ့ သတ်ဖြတ်တာကို အစပြုနိုင်တဲ့ အခြေအနေက သရဲက အထဲဝင်လာတဲ့သူတွေကို သတ်တာဖြစ်နိုင်တယ် အခု ငါတို့ အော်ပြီး ထွက်ပြေးရင် သူက တိုက်ရိုက်သတ်နိုင်လောက်တယ် ဒါ့ကြောင့် ထိတ်လန့်တကြားမလုပ်ကြနဲ့ အရင်ဆုံးဂရုတစိုက်နေကြ သရဲဒေါက်တာက အထဲမှာ မနေပဲ အပြင်ထွက်သွားမှ ဆက်ပြီး ရှာစရာရှိတာ ရှာလို့ရတယ်"
ဝမ်ရိချန်က အသံတိုးတိုးလေးနဲ့ နှစ်သိမ့်ခဲ့တယ်
လူတိုင်းက ခေါင်းညိတ်ပြပြီး ဘယ်သူမှ ဆူညံအောင်မလုပ်ကြဘူး ကြောက်လန့်တကြားအော်ခဲ့တဲ့ ဆံပင်တိုနဲ့ကောင်မလေးကတော့ လူတိုင်းနောက်မှာကွယ်ပြီး ထိုင်လိုက်တယ်
လူဟောင်းတွေ အများကြီးရှိတာက ကောင်းကျိုးတစ်ခုတော့ ရှိတယ် လူတိုင်းက ဂိမ်းထဲက စည်းမျဥ်းတွေနှင့် တားမြစ်ထားတဲ့ အရာတွေကို သိကြတယ် သူတို့က တစ်ခြားတစ်ယောက်ကို ဆွဲချမနေတဲ့အပြင် သူတို့ကတစ်ယောက်နဲ့တစ်ယောက် ကူညီနိုင်တဲ့အခါ ကူညီကြသေးတယ်
"ခုနက ဘာဖြစ်သွားတာလဲ"
တစ်ယောက်ယောက်က ဆံပင်အတိုနဲ့ကောင်မလေးကို မေးလိုက်တယ်
"ငါမသိဘူး ငါတို့ ဟောခန်းထဲမှာ သဲလွန်စရှာနေတုန်း ဒီနေရာက တံခါးပိတ်သံကြားလိုက်ရလို့ ငါတို့သိချင်တာနဲ့ တစ်ချက်လာကြည့်ကြတာ ဒါပေမဲ့ ငါတို့မမျှော်လင့်တာက အဲ့တံခါးက အလိုလိုပွင့်သွားပြီး သူက ဝင်ဝင်သွားချင်းပဲ•••"
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...