chapter 21

120 20 0
                                    

မြူထဲမှာ သတ္တဝါတွေအများကြီးလည်း ရှိနေတယ်

အဲ့ဒါတွေကြည့်ရတာတော့ လူပုံစံပေါက်တယ်

လူလားသရဲလားမသေချာပေမဲ့ ဘယ်လိုကြည့်ကြည့် ကောင်းတာတော့ မဖြစ်နိုင်ဘူး
ကစားသမားတွေက ပြင်ပလူနာဆောင်ထဲမှာ စုလိုက်ကြပြီး တွေ့တဲ့ လက်နက်ကို သူတို့လက်ထဲမှာ ကိုင်ထားကြတယ်

သူတို့က မနေ့က လှေကားကို ချိတ်ပိတ်တုန်းက သုံးခဲ့တဲ့ ပစ္စည်းတွေကိုပဲ အကာအနေနဲ့ လွယ်လွယ်ပဲသုံးခဲ့ကြတယ် လူတိုင်းက ဝမ်းနည်းပြီး မခံမရပ်နိုင်ဖြစ်နေကြကာသူတို့တစ်ကိုယ်လုံးအေးစက်နေသလို ခံစားနေရတယ် သူတို့က တားမြစ်ထားလို့ ဂိမ်းကိုတိုက်ရိုက်မဆဲနိုင်ပေမဲ့ လူတိုင်းစိတ်ထဲမှာတော့ ကျိန်ဆဲနေကြတယ်

"ထန်ကော..."

အထူးဇာတ်ဝင်ပစ္စည်းများ ရှိသေးလား

ဥပမာအနေနဲ့ မင်းပစ်လိုက်ရင် တစ်ခြားတစ်ဖက်ကို လေနဲ့ မှုတ်ထုတ်ပစ်နိုင်တဲ့ ဟာမျိုးလေ

ကြိုးဆွဲလွှစက်ကို ကိုင်ထားတဲ့ ချီဝမ်ယွီက အစကတော့ ဒီမေးခွန်းကို မေးလိုက်ချင်ပေမဲ့ သူလှည့်ကြည့်လိုက်တဲ့အခါ ထန်ကောကလည်း အကြပ်အတည်းကြောင့် စိတ်ရှုပ်နေပုံပေါ်နေတယ်

သူ့ခေါင်းက နောက်လှည့်ပြီး ဘာကို ရှာနေမှန်းမသိဘူး

ချီဝမ်ယွီ: "..."

"ထန်ကော ဘာရှာနေတာလဲ"
သူက ခါးခါးသီးသီးမေးလိုက်တယ်

သူ့စိတ်အခြေအနေကို အခုအချိန်မှာ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး

အသက်ကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်က ရောက်လာတာ မြန်လွန်းတယ် သူအစက ထင်တာက သူတော့ ပေါင်ဖက်ပြီး ကော်ပီကို အောင်အောင်မြင်မြင်ရှင်းပြီး အိမ်ပြန်နိုင်တဲ့ တစ်ယောက်ဖြစ်တော့မယ်လို့ပေါ့

ဒါပေမဲ့ မမျှော်လင့်တာက

ဒီဘဝအသစ်ကလည်း တိုနေမယ်လို့ပဲ

ဒီပေါင်က သူ့ကို သယ်မသွားနိုင်လောက်အောင် သူကလေးလွန်းနေတာလားမသိဘူး

ဒီနေရာမှာ သူ့လို အသုံးမကျတဲ့ ကစားသမားတွေ အများကြီးရှိပြီး သူတို့တော်တော်များများက သေတမ်းစာရေးဖို့တောင် ဘောပင်ကိုင်ထားကြပြီ သူတို့ဆွေမျိုးတွေကိုတော့ အဲ့သေတမ်းစာကို မပြနိုင်ပေမဲ့ ကစားသမားတွေ တစ်ယောက်နဲ့တစ်ယောက် အသက်ရှင်နေတုန်းလေး တခြားသူတွေကိုတော့ ပြလို့နိုင်တယ်လေ

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now