Chapter 1 ဂိမ်းထဲ၀င်ရောက်ခြင်း

750 66 0
                                    

Chapter 1 ဂိမ်းထဲ၀င်ရောက်ခြင်း
အခန်းထဲမှာ မှိုနံ့တွေကလွဲပြီး အုတ်နံရံပေါ်မှာ ရှုတ်ယှက်ခတ်နေတဲ့ အရောင်စုံပန်းချီတွေ ခြယ်ထားတယ် အရုပ်နဲ့သစ်သားမြင်းရုပ်လို ကလေးကစားစရာအရုပ်တချို့က အခန်းထောင့်မှာ ထောင်ထားတယ်
သူ့ခြေထောက်အောက်က ကြမ်းပြင်ပေါ်မှာတော့ အမဲဆီတွေစွန်းနေတဲ့ ခြေရာတချို့ကို ထင်ထင်ရှား‌ရှားမြင်နေရတယ်
ချီယွီက ဘေးပတ်လည်ကိုကြည့်လိုက်တော့ သူစိမ်းတစ်အုပ်နဲ့ အခန်းထဲမှာ  ရပ်နေမိတာကို တွေ့လိုက်ရတယ်
“ဒါဘယ်နေရာလဲ”
သူ့ ညာဘက်မှာရပ်နေတဲ့ ပိန်ပြီးဆံပင်အတိုနဲ့ မိန်းကလေးက ရှိုက်ငိုသံနဲ့မေးလာတယ်
“မင်းက ငါ့မေးတော့ ငါက ဘယ်သူ့သွားမေးရမှာလဲ” ကြွက်သားနဲ့ဗလကြီးတစ်ယောက်ကပြန်ပြောတယ်
ငယ်ရွယ်တဲ့ဆံပင်အ၀ါရောင်ကို ဘယ်ဘက်တစ်ခြမ်းတည်း ဆိုးထားတဲ့ကောင်လေးက မြေပြင်ကို တံတွေးတစ်ချက်ထွေးလိုက်ပြီး
“သေစမ်း ငါတို့ အခုပဲလူစုပြီး ရန်သွားမဖြစ်မကြတာလဲ လောင်ဇီအခုလေးတင် ဓားထိုးခံထားရတာ ပြန်တောင်မှ မတွယ်ရသေးဘူး အခုဒီရောက်လာတာ”
“တကယ်လို့ ပွဲမပြီးသေးဘဲ ပျောက်သွားတာသိရင် လောင်တတော့ ဆူတော့မှာပဲ ကံဆိုးချက်”
“ကံဆိုးတယ်? ဒါကိုမင်းက ကံမကောင်းဘူးခေါ်ချင်သေးတာလား”
သူပြောတာကို တံခါးဖွင့်၀င်လာရင်း ကြွက်သားနဲ့ဗလတောင့်တောင့်လူက ‌ကြားလိုက်ရတယ် သူကမဲ့ရွဲ့ပြီး စိတ်မရှည်တဲ့ ပုံနဲ့သူတို့ရှေ့ကို လျောက်လာတယ်
“လာကြ ငါမင်းတို့ကို ထုံးစံအတိုင်း မိတ်ဆက်ပေးမယ်”
“ဂုဏ်ယူပါတယ် မင်းတို့အားလုံးသေသွားကြပြီ ဒါပေမဲ့ မင်းတို့မသေခင်မှာ ထိတ်လန့်ဖွယ်ရာရှင်းလင်းရေးဂိမ်းက မင်းတို့ကိုရွေးချယ်ခဲ့ပြီး အခုမင်းတို့က ဒီဂိမ်းရဲ့ ကစားသမားတွေ ဖြစ်လာကြပါပြီ”
သူပြောပြီးမကြာခင်မှာပဲ ချီယွီက သူ့မျက်လုံးရှေ့မှာ ဒီဂိမ်းအကြောင်းကို တိုတိုတုတ်တုတ် မိတ်ဆက်ထားတဲ့ လွင့်မျောနေတဲ့ အလင်းမျက်နှာပြင်တစ်ခုကို တွေ့လိုက်ရတယ်
ခြောက်ခြားဖွယ်ရာ ရှင်းလင်းရေးဂိမ်းက ဘယ်သူတီထွင်ထားမှန်း မသိရတဲ့3D အစစ်အမှန်ဂိမ်းတစ်ခုဖြစ်ပြီး အဆင့်တစ်ခုချင်းစီမှာ သဘာ၀လွန်ဖြစ်ရပ်တစ်ခုပါ၀င်တယ် ဂိမ်းပြီးမြောက်ရန် ကစားသမားတွေက သတ်မှတ်ထားတဲ့ အချိန်အတွင်း စမ်းသပ်ချက်တွေကို ပြီးဆုံးအောင် လုပ်ဖို့လိုအပ်ပြီး လုပ်ဆောင်ချက်ပေါ်မူတည်ပြီး သင့်တော်တဲ့ အမှတ်တွေကို ရရှိမှာ ဖြစ်တယ် အဲ့ဒီအမှတ်တွေက ဘာမှတော့ ၀ယ်လို့ မရပေမဲ့ အသက်ရှင်သန်ဖို့ အတွက် လဲလှယ်လို့တော့ ရတယ်
ကစားသမားတွေက အမှတ်တွေနဲ့ အသက်ဆက်နေရတယ် သူတို့ကအမှတ်တွေရဖို့ စမ်းသပ်ချက်တွေမအောင်မြင်ဘူးဆိုရင်ဒါမှမဟုတ် အမှတ်နည်းနည်းလေးပဲ ရတယ်ဆိုရင် သူတို့ကသေသွားလိမ့်မယ်
ဂိမ်းထဲမှာ ရှင်သန်တဲ့ကစားသမားများက သူတို့ကိုယ်သူတို့ “သနားစရာ ကံကောင်းတဲ့သူများ” လို့ခေါ်ကြတယ်
“ငါ့နာမည်က ဖေးဟူ”
ဗလကြီးက သူ့ရင်ဘတ်သူပုတ်ပြီးပြောတယ်
“ဒီဖြစ်စဥ်က ငါ့ရဲ့ တတိယမြောက်အကြိမ်၀င်တာပဲ ဒါကြောင့် ဒီအဖွဲ့ထဲမှာ ငါကအတွေ့အကြုံရှိဆုံးမလို့ ငါခေါင်းဆောင်လုပ်မယ်”
“ငါကခေါင်းဆောင်မလို့ မင်းတို့ကိုဂရုစိုက်ဖို့က ငါ့ပခုံးပေါ်မှာလို့ မတွေးလိုက်ကြနဲ့နော် ဒီဂိမ်းက ငါတို့ရဲ့သေခြင်းရှင်ခြင်းကို ချည်နှောင်မထားဘူး ငါစကားကိုနားထောင်ချင်နားထောင် နားမထောင်ချင်လည်းမေ့လိုက်ကြ”
“မင်းတို့ကိုတစ်ခုပဲပြောမယ်  တစ်ခုခုဖြစ်လို့ကတော့----“
“ငါ့ဆီကို ပြဿနာတွေ သယ်မလာနဲ့’
."ဂိမ်းထဲမှာသေတာက အပြင်မှာ တကယ်သေတာပဲ ပြီးတော့ ကစားသမားအသစ်တွေရဲ့ သေဆုံးနှုန်းက အရမ်းမြင့်တယ် မင်းအသက်ရှင်ချင်ရင် ပါးစပ်ပိတ်ထား မငိုနဲ့ပြီးတော့ ဂိမ်းထဲကမစ်ရှင်အတိုင်းလိုက်လုပ် ဒါဆိုအသက်ရှင်နိုင်ခြေပိုများလိမ့်မယ်”
လို့ပြောပြီး သူ့ခေါင်းကို အကြိမ်အနည်းငယ်လောက် ကုတ်လိုက်တယ်
“ဂိမ်းက အသစ်‌၀င်လာတဲ့သူတွေကို လေ့လာနိုင်ဖို့ အချိန် ၁၀မိနစ်ပေးတာကြောင့်မစ်ရှင်အတွက်လိုအပ်ချက်ကို မကြာခင် မြင်ရလိမ့်မယ် ကိုယ့်ဟာကို အဖွဲ့ ဖွဲ့ ပြီး ဘေးပတ်၀န်းကျင် စူးစမ်းလေ့လာနိုင်တယ် ဒါပေမဲ့ တအားအ‌‌‌‌၀ေးကြီးကိုတော့ မသွားကြနဲ့”
ဖေးဟူက သူ့ကို၀န်ထုတ်၀န်ပိုးဖြစ်စေတဲ့ သူတို့ကို ခေါ်မထားချင်တာ တအားသိသာတယ် အဲ့စကားကိုပြောပြီးပြီးချင်းပဲ သူ့ဟာသူ အခန်းတွေတစ်ခန်းလိုက်စစ်ဖို့ မျက်စိတစ်မှိတ်အတွင်းပျောက်သွားတယ်
သူတို့သိလိုက်ရတဲ့ သတင်းအချက်အလက်တွေကြောင့် အံ့သြသွားတဲ့လူတစ်စုက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကြောင်နေကြတယ်
ချီယွီလည်း  အံ့သြလွန်းလို့ နေရာမှာတင် အေးခဲသွားတယ်
သူကလေးဘ၀ကတည်းက သရဲတွေကို ‌ကြောက်ခဲ့ရတာလေ
သူဘယ်လောက် ကံမကောင်းသလဲဆိုတာ ဒီနေ့အဖြစ်အပျက်ကိုပဲ ကြည့်လေ သူက သာမန်စီနီယာကျောင်းသားအနေနဲ့ ဘွဲ့ရစာတမ်းကို ညလုံးပေါက် ပြင်ဆင်နေခဲ့ရတယ်
နေထွက်ခါမှ လိုအပ်တဲ့အချက်အလက်တွေ စာတမ်းတင်ပြီး စားသောက်ဆိုင်လေးတစ်ခုမှာ အစားအသောက်ကောင်းတွေနဲ့ သူကိုသူ ဆုချမလို့ လမ်းကူးတုန်း မီးနီဖြတ်ပြီးမောင်းတဲ့ ဒရိုင်ဘာကြောင့် ကားတိုက်ခံလိုက်ရတယ်လေ
အခုလေးတင် သူ့အပေါ်ကားဘီးဖြတ်သွားလို့ နာကျင်မှုကို ခဏခံစားလိုက်ရပြီး ချက်ချင်းသက်သာသွားတယ်လေ
အဲ့ဒီနောက် သူ့မျက်လုံးဖွင့်ဖွင့်ချင်း သူကကစားသမားတစ်ယောက်ဖြစ်နေတော့တာပဲ
သူ့နှလုံးသားလေးလည်း နာကျင်ကြေကွဲရတာပါပဲ
သူ့နောက်ဆုံးအစားအစာ‌လေးတောင်မစားရဘဲ ကမ္ဘာကြီးကို နှုတ်ဆက်လိုက်ရပြီလေ
ချီယွီက ဖေးဟူကို ဂိမ်းထဲမှာ အစားကျွေးလားလို့ မေးလိုက်ချင်တယ် သူတစ်နေ့လုံးဘာမှမစားရသေးလို့ အဆာလွန်နေပြီလေ ဆက်ပြီးသာဆာနေရင် ဂိမ်းထဲမှာ အစာငတ်သေတဲ့ ပထမဆုံးကစားသမားက သူဖြစ်တော့မယ်
ခြေနှစ်လှမ်းလောက်လှမ်းရုံရှိသေး အလင်းမျက်နှာပြင်က သူ့ရှေ့မှာ ထပ်ပေါ်လာတယ်
"ကော်ပီ:
မိဘမဲ့ဂေဟာထဲက နောက်ဆုံးကလေး”
"မစ်ရှင်လိုအပ်ချက်: မိဘမဲ့ဂေဟာက ရှင်သန်တဲ့နောက်ဆုံးကလေးကို ခေါ်၍ အနီးနားကဆေးရုံသို့ ပို့ပေးပါ “
“ဂိမ်းရဲ့ အချိန်က ၄၈နာရီဖြစ်ပြီး အချိန်ကုန်သွားရင် ဂိမ်းရှုံးမှာဖြစ်ပါတယ်”
“ကျေးဇူးပြု၍ ကလေးဆန္ဒမပါဘဲ ဇွတ်အတင်းဆွဲခေါ်ခြင်း မပြုလုပ်ပါနှင့်”
“ပျော်ရွှင်စရာဂိမ်းတစ်ခုဖြစ်ပါစေ”
ကြည့်ရတာတော့ အခုလာတဲ့သူတွေရဲ့ နားချိန်က ကုန်သွားပုံပဲ
မိတ်ဆက်စာသားက အလင်းမျက်နှာပြင်မှာ ပေါ်လာတယ် ဒီမိဘမဲ့ဂေဟာမှာ ကလေးတွေရှိနေသေးတယ်ဆိုတဲ့အချက်က လွဲပြီးတခြားအသုံး၀င်တဲ့အချက်အလက်သိပ်မရှိသလောက်ပဲ ဒီအချက်လောက်ကပဲ အဓိကစမ်းသပ်ချက် ကို ရှင်းလင်းဖို့ လုံလောက်နေပြီ ဒီစမ်းသပ်ချက်က တအားမခက်ခဲသလိုပုံတောင် ပေါက်နေပြီ
ချီယွီက အရုပ်ပုံကို လှန်လှောရှာဖွေနေတဲ့ အဖွဲ့ကို ဂရုမစိုက်ဘဲ ဖေးဟူနောက်ကို လိုက်သွားခဲ့တယ်
မိဘမဲ့ဂေဟာဒုတိယထပ်ကို သွားတဲ့လှေကားကို တွေ့လိုက်ရတယ်
လှေကားထစ်တွေက ဟောင်းလွန်းလို့ ချတက်နေပြီး အသံတွေထွက်နေပေမဲ့ ကျိုးတော့မသွား‌သေးဘူး
လှေကားဘေးကလျှောက်လမ်းမှာလည်း ညစ်ပတ်နေပြီး ကြမ်းပြင်ထက်နည်းနည်းသာရုံပဲ အနည်းဆုံးတော့ စီးကပ်မနေဘူးလေ
ခြေရာတွေကလည်း လျှောက်လမ်းမှာ အရာတွေထင်နေတယ်
တိတ်ဆိတ်နေတာမှလည်း ဘာသံမှမကြားရဘူး
ဖေးဟူရဲ့ သွားရာအတိုင်းလိုက်ရင်း ချီယွီက မိဘမဲ့‌ဂေဟာက ထူးဆန်းတယ်လို့ ခံစားလိုက်ရတယ်
ဒုတိယထပ်အ၀င်ကို သော့ခလောက်ကြီးနဲ့ခတ်ထားပြီး ပြတင်းပေါက်တွေကိုလည်း သံချောင်းတွေနဲ့ပိတ်ထားပြီး တစ်ခုမှဖွင့်မထားဘူး
ဒါက မိဘမဲ့ဂေဟာလား ထောင်လားဟ?
အခန်းထဲ ဖေးဟူက ၀င်သွားတဲ့‌ခြေရာတွေရှိနေပေမဲ့ တခါးက သော့ဂလောက်ကပိတ်ထားတုန်းပဲ သံချေးတက်နေတဲ့‌သော့ဂလောက်က သော့တံမပါဘဲဖွင့်ရမယ့်ပုံမ‌ပေါ်ဘူး
“ချလောက်"
ဘာသံလဲ
အခုလေးတင် ဖွင့်လို့ရမယ့်ပုံမပေါ်တဲ့ သော့ကလောက်ကို ချီယွီက ကိုင်လိုက်ရုံနဲ့ အလိုလိုပွင့်သွားတယ်
အဲ့ဒါကဖွင့်ဖို့အဲ့လောက်လွယ်တယ်လား
ဖုန်တွေတက်နေတဲ့ သစ်သားတံခါးကိုကြည့်ပြီးသူ၀င်ရမလား မ၀င်ရဘူးလား တွေ‌၀ေနေပါြပီနော်
ဖေးဟူက တံခါးကိုဘယ်လိုဖွင့်သွားလဲ ဘယ်သူကတံခါးဖွင့်ပေးလို့ ၀င်သွားတာလဲဆိုတာ စဥ်းစားစရာတောင်မလိုတော့ဘူး
ဒီအတုအယောင်တံခါးသော့ကို ကြည့်ရုံနဲ့ ဖေးဟူအထဲမှာဆိုတာ သိနိုင်တယ်
အထဲကို ၀င်သွားပြီး ဖေးဟူကိုကပ်ထားနိုင်ရင် လုံခြုံရေးအတွက် နည်းနည်းစိတ်ချရတယ် သူကအသစ်၀င်လာတဲ့သူတွေကို သ‌ဘောမကျပေမဲ့ သူကလုံး၀ငြင်းဆန်နေတာမဟုတ်တော့ သူကို သနားကြင်နာသောအားဖြင့် သတင်းအချက်အလက်နည်းနည်းလောက်တော့ ပေးနိုင်တယ်
ချီယွီက တံခါးဖွင့်ပြီး’ တစ်ယောက်ယောက်ကိုရှာဖို့ ခြေနှစ်လှမ်းလောက်လှမ်းရုံရှိသေး ရုတ်တရက် အသံတစ်ခုကိုကြားလိုက်ရတယ် သူတံခါးဘက်ကိုတန်းပြေးလိုက်ပေမဲ့ တစ်ခုကိုတိုက်မိလို့ ချော်ကျသွားတာကို တစ်ယောက်ယောက်က ခါးကနေဆွဲထိန်းပေးတာကို ခံလိုက်ရတယ်
သူကြားလိုက်ရတဲ့အသံက တံခါးနောက်မှာပုန်းရင်း သိပ်မကြီးတဲ့ ရေပိုက်နဲ့ ဖေးဟူရဲ့ ချောင်းရိုက်လိုက်သံဖြစ်ပုံရတယ်
‌“မတော်တဆပါကွာ”
ဖေးဟူကပြောရင်း သူ့မျက်လုံးထဲမှာအံ့အားသင့်မှုတို့ ဖြတ်ပြေးသွားတယ် သူမမျှော်လင့်တာက ဒီမျက်နှာဖြူကောင်လေးက သတိရှိတာပဲ
သူကခြေသံကြားလို့သေချာပုန်းနေတာလေ
ကြည့်ရတာတော့ သူသစ်တွေထဲမှာ မျိုးစေ့ကောင်းလေးတွေပါလာပုံပဲ
သူ့ခါးကို အဆွဲခံလိုက်ရတဲ့ ချီယွီကတော့နာနာခံခံနဲ့ မတ်တပ်ရပ်လိုက်တယ်
သူမတွေးမိတာက ဖေးဟူက တအားသန်တာကိုပဲ သူသာအပြေးမမြန်ရင် ခဏလေးအတွင်း ကြက်သွန်လို အခွံချွတ်ပြီးသားသူ့ ကို ကောက်ကြရတော့မှာ
သူ့(ဖေးဟူ)လက်ကမြန်ချက်ပဲ
နှစ်ယောက်သားက အဲ့မှာကြာကြာမနေဘဲ သူတို့တွေ လှေကားစောင်းတန်းအတိုင်း ပြန်လာကြတယ်

==================
ဗီရိုအံဆွဲတွေကလည်း ပွင်နေပြီး မြေပြင်မှာလည်း အရုပ်တွေက ပြုတ်ကျပြီး ရှုပ်ပွနေတယ် ဖွထားလိုက်တာလည်း ပထမထပ်တစ်ခုလုံး ပစ္စည်းတွေ ဟိုကျဒီကျနဲ့ ဓားပြ၀င်တိုက်ထားတဲ့အတိုင်းပဲ
ဒါ့အပြင် ပထမထပ်မှာ ရှိနေတဲ့အခန်းအားလုံး အဖွင့်ခံထားရတယ်
ဘယ်ကစားသမားက ဖျက်ဆီးရေးသမားလည်းမသိဘူး တံခါးတွေရိုက်ချိုးခံထားရတယ်
အခန်းက သုံးခန်းပဲရှိတယ်
မီးဖိုချောင်ရယ် စတိုခန်းရယ် တစ်ခုက......ဒီအစောင့်ရုံးခန်းပဲ
ချီယွီနဲ့ဟူဖေးတို့ အခန်းထဲ၀င်လာတဲ့အချိန်မှာ ဆံပင်အတိုနဲ့ကောင်မလေးက မျက်နှာတစ်ခုလုံးဖြူဖျော့ပြီး ပျော့ခွေနေတာကို တွေ့လိုက်ရတယ် ဆံပင်အ၀ါနဲ့ကောင်လေးနဲ့တခြားဗလကြီးတစ်ယောက်ကတော့ တက်ကြွစွာနဲ့ မှန်ပြတင်းပေါက်နားမှာ ရပ်နေတယ် ပြတင်းပေါက်နားမှာတော့ အ၀ါရောင်သတင်းစာစာရွက်တွေတင်ထားတဲ့ စားပွဲတစ်လုံးရှိနေတယ် စာပွဲနောက်က ထိုင်ခုံမှာတော့ နက်ပြာရောင်အင်္ကျီကို၀တ်ထားတဲ့ လူအိုကြီးရှိနေတယ်
လူတွေရဲ့သွားလာတဲ့အသံကြောင့် လူအိုကြီးရဲ့ခေါင်းက တဖြည်းဖြည်းနဲ့ မော့လာတယ် သူ့ဆံပင်ဖြူတွေကို မဖြီးမသင်ပဲ ဘယ်တုန်းကမှမရွေ့လျားခဲ့ပုံပေါ်တယ်
သူ့မျက်နှာပေါ်မှာ ဖျစ်ညစ်ပြုံးပြလာပြီး  အချိန်အကြာကြီးစကားမပြောလို့ အက်‌ကွဲနေတဲ့အသံနဲ့ ပြောလာတယ်
“ဧည့်သည်တွေရောက်လာပြီ”
Note -အပိုင်းတစ်ရဲ့နောက်တစ်ဝက်လောက်က ဘာသာပြန်တဲ့ siteကကျော်သွားလို့ တခြားဘာသာပြန်မမှန်တဲ့siteက ရှာပြန်ပေးထားရတာပါ တချို့ဟာတွေ ဘာပြောမှန်းတောင် နားမလည်ချင်သလိုပဲ ရွှီးပြန်ပေးရတာမို့ နားလည်ပေးကြပါ

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now