chapter 43 ဘုရင်

72 10 4
                                    

Chapter 43 ဘုရင်

ချီယွီက ကစားသမားတွေ ရွေးပေးထားတဲ့ အနည်းနည်း ဆက်စီကျပြီး တောက်ပတဲ့ ဝတ်စုံကို ဝတ်ထားတဲ့ ရှဲ့ရှောက်ဆီရောက်အောင် လေးလေးစား နဲ့  ခေါ်သွားခံလိုက်ရတော့မှ သူနောက်ဆုံးသတိထားမိတာက.....ဆိုတော့ ဒါက တကယ်ကြီး ရှုပ်ထွေးသွားတာ မဟုတ်ဘူးလား

ရှဲ့ရှောက်ကတော့ ရှဲ့ရှောက်ပါပဲဟ မလုပ်တုန်းကတော့ ဘာမှ လှုပ်တောင်မလှုပ်ဘူး လုပ်လည်းလုပ်လည်း လုပ်လိုက်ကော တစ်ချက်တည်းနဲ့ အချီကြီးလုပ်လိုက်တာပဲ

ဒီလိုစိတ်လှုပ်ရှားစရာခံစားချက်ကတော့ သူ့ကို ဂိမ်းကပဲ ပေးနိုင်တယ်

ချီယွီတံခါးက ဝင်ဝင်လာချင်းပဲ တစ်ယောက်ယောက်က သူ့ကို ထိုင်ဖို့ ကြိုဆိုပြီး အရသာရှိတဲ့ ကိတ်တွေ သရေစာတွေနဲ့ ပြုစုဧည့်ခံတယ် သူ့ရဲ့အဆင့်အတန်းကြောင့်သာမဟုတ်ရင် အ​ေ၀ခံတစ်ယောက်က သူ့ကို ရေနှင့် လက်ဖက်ရည်ကို ကိုယ်တိုင်တိုက်တော့မဲ့ ပုံပဲ ဝိုင်းပြုစုကြတယ် သူနှင့်မျက်နှာချင်းဆိုင်မှာတော့ မုန့်ပင်းက ခါးသီးတဲ့ မျက်နှာနှင့် ထိုင်နေပြီး သူ့နောက်မှာတော့ ကစားသမားအဖွဲ့က မကြည်မသာမျက်နှာနှင့် ရပ်နေကြတယ်

သားသားနားနားဝတ်ထားတဲ့ သက်လတ်ပိုက်တစ်ယောက်က တဖက်က ထိုင်ခုံမှာ ထိုင်နေပြီး စိတ်ဆိုးမာန်ဆိုးနှင့် သု့ကိုကြည့်နေတာလား ဒါမှမဟုတ် ချီယွီအပေါ်ဘက်နာက ထိုင်ခုံမှာ ထိုင်နေတဲ့ ရှဲ့ရှောက်ကို ကြည့်နေတာလားတော့ မသိရဘူး

ရှဲ့ရှောက်က ကစားသမားတွေ ရွေးပေးထားတဲ့ စကပ်ကို ဝတ်ထားတုန်းပဲ စကပ်အရှည်ကြီးက သူ့ခြေချင်းဝတ်ထိ ပဲအုပ်နေပြီး မုန့်ပင်းဆီက ယူထားတဲ့ အားကစားဖိနပ်က ပေါ်နေတယ် ကြည့်ရတာ နည်းနည်းမဆီလျော်ပေလို့ နည်းနည်းရယ်ချင်စရာကောင်းတာကလွဲပြီး ဘာမှ မရှိပါဘူး

ဘာလို့လဲဆိုတော့ သူ့မှာ အားကောင်းတဲ့ အော်ရာအပြည့်က ရှိနေပြီး အထင်သေးစရာမကောင်းတော့လို့ပဲ

ရှဲ့ရှောက်က ချီယွီကို ကြည့်မနေဘဲ ခေါင်းငုံ့ မျက်လုံးမှိတ်ကာ တိတ်တိတ်ဆိတ်ဆိတ်နှင့် တစ်ခုခုကို တွေးနေတယ်

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now