Chapter 36 ကတုံးတုံးတဲ့ ဖျော်ဖြေရေး
အိမ်အပြင်မှာ တိတ်ကျသွားတယ်
ချီယွီက တိုလီမုတ်စတွေထားတဲ့စင်ပေါ်တင်ထားတဲ့ ဘီးကိုတစ်ချက်ကြည့်လိုက်တယ် အခန်းထဲဝင်မလာခင်တုန်းက သူမုန့်ပင်းနှင့်တိုင်ပင်ခဲ့တယ် သူကရှဲ့နှင်းဖြူလေးကို ဘီးဖြီးပေးရတဲ့တာဝန်ကို ယူချင်တယ်ပြောပြီး ဘီးကိုယူလာခဲ့တာပဲ ဒါပေမဲ့ အထဲကိုဝင်လာပြီး သူတို့နှစ်ယောက် စကားပြောရုံရှိသေးတယ် အပြင်မှာ ဘာတွေ ဖြစ်သွားတာလဲ
ဘယ်လိုလုပ် သူက ဘီးနဲ့အကောက်ကြံမဲ့ တာဝန်ကို အစပြုမိသွားတာလဲ
တခြားအခန်းထဲမှာ မတ်တပ်ရပ်နေတဲ့ မုန့်ပင်းလည်း အမူအရာက အေးခဲသွားတယ်
သူတောင် ချီယွီဆီကို မသွားရသေးဘူး သူဂိမ်းထဲဝင်ကတည်းက အမြတ်တွေ ထွက်နေတာပဲ ဒါ ဂိမ်းက ကစားသမားတစ်ယောက်အပေါ်ကြုံတောင့်ကြုံခဲ ခံစားချက်တွေရှိပြီး သူကို "စုန်းမရဲ့ ဆေးချက်လုပ်ခြင်း'
စကေးကို ဆုအနေနဲ့ ပေးထားတာဖြစ်မယ်ဒါရဲ့ နာမည်ကတင် အရှိန်အဝါတွေ အများကြီးရှိနေလိုပဲမလား ဘယ်တတ်နိုင်မလဲလေ သူ့ရဲ့ မိန်းမဝတ်စုံက စျေးတအားကြီးတာကိုး သူတည်တည်ငြိမ်ငြိမ်နဲ့ ဂိမ်းကပေးတဲ့ လက်ဆောင်ကို လက်ခံလိုက်ပြီး ကျေးနပ်နေတဲ့အပြုံးကြီးနဲ့ ဆေးချက်တဲ့ စကေးကို လက်ခံခဲ့တယ် ဒါပေမဲ့ မမျှော်လင့်တာက...
ဆေးအိုးတည်ရတာက တကယ်ကြီးကို ခက်နေတာပဲ
ဘာလို့ မှော်နဲ့ တန်းလုပ်လို့ မရတာလဲအသီးတွေ XXမြက်တွေ XXပန်းတွေက သင့်တော်တယ် ဘယ်ပမာဏကမှန်တယ် ဆေးညွှန်းတွေကို နည်းနည်းတော့အတိအကျပေးလို့ ရမလား
သူဂိမ်းကို အထွန့်တက်ပေမဲ့ ဂိမ်းကပယ်ချလိုက်တယ် ဘာလို့လဲဆိုတော့ စုန်းမက ဆေးချက်တဲ့အခါ သူမှာ ဆေးပညာပါရမီက ရှိပြီးသားမလို့တဲ့ ဒါ့အပြင် သူတို့က ဆေးအသစ်တွေဖော်တဲ့အခါတိုင်း ဆေးအာနိသင် ၇မျိုး၈မျိုးကို ရောထားတဲ့အတွက် ဆေးမှာ ဘယ်လိုအစွမ်းတွေ ရှိတယ်ဆိုတာကိုလည်း မသိရဘူးတဲ့ အဲ့ဒါက နတ်သမီးပုံပြင်က စုန်းမတွေ ရှောက်အော်နေရတဲ့ အကြောင်းအရင်းတဲ့
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...