chapter28 ကစားသမားဖိုရမ်

112 19 0
                                    

Chapter 28 ကစားသမားဖိုရမ်

ချီယွီက သတင်းအချက်အလက်ရောင်းတဲ့ ရုံးကို လာခဲ့တယ်

ဒါမှမဟုတ် အဲ့တာကို ကစားသမားတွေရဲ့ ဘားလို့လည်း ခေါ်လို့ရတယ် အဲ့ဒါကို ဂိမ်းက အလယ်ခေတ်ဥရောပပုံစံကို အတုခိိုးထားပြီး ကြမ်းတမ်းတဲ့ ကျောက်တုံးတွေနဲ့ နံရံကို ကာထားတယ် တခြားအပြင်အဆင်မရှိဘဲ ဘယ်ကရမှန်းမသိတဲ့ တိရိစ္ဆာန်အရေခွံတချို့နှင့် အပြင်ဘက်မှာ ဘားအမှတ်အသားနဲ့ သစ်သားပြားအကောက်ကြီးပဲ ရှိနေတယ်

အဲ့အပေါ်မှာ စကားလုံးလေးလုံးရေးထားတယ်

ကစားသမားတွေရဲ့သုခဘုံ

ကြည့်ရတာ နည်းနည်းရွဲ့စောင်းနေပြီ လူတိုင်းက သူတို့ဘဝအတွက် ချောက်ကပါးမှာ လမ်းလျှောက်နေရတဲ့ သူတွေပဲ ဘယ်လိုလုပ် သုခဘုံက ရှိနေမှာလဲ

ချီယွီက သားရေလိုက်ကာ တံခါးကို ဖွင့်လိုက်ပြီး အထဲဝင်လာခဲ့တယ် ရိုးရှင်းတဲ့ အပြင်အဆင်က အံ့သြစရာကောင်းတဲ့ အသံတွေကို ကောင်းကောင်း ကာထားနိုင်တယ် သူတံခါးကို ဖွင့်ဖွင့်လိုက်ချင်း သီချင်းသံတွေ စကားပြောနေသံအမျိုးမျိုးနှင့် ကလူမြူဆွယ်တဲ့အသံတွေက သူ့နားထဲအပြေးအလွှား ဝင်ရောက်လာတယ်

တအားဆူညံနေတာပဲ

"မင်း ဘာလိုချင်လဲ"

ဘားမှာ ထိုင် ထိုင်ချင်းပဲ အဖျော်ဆရာက သူ့ကို မေးလာတယ်

အပြင်ဘက်ကို ဥရောပ အလယ်ခေတ်ပုံစံပြင်ဆင်ထားပြီး အတွင်းထဲမှာတော့ အခုခေတ်ပုံစံကို ခုံအမြင့်နဲ့ အရှေ့စားပွဲမှာ အလင်းစကရင်ကို မြင်နေရတယ်

အလွန်ခေတ်လွန်နေပြီး သိပ္ပံနည်းတောင်မကျဘူး

ဂိမ်းက အလွန်းကောင်းကောင်း ဝန်ဆောင်မှုပေးနေတဲ့ပုံပဲ

ချီယွီက ဒီနေရာကို သိပေမဲ့ ဘယ်တုန်းကမှ မရောက်ဖူးဘူး အရင် ပုံတူကမ္ဘာပြီးတုန်းက သူအခန်းငှားပြီး ပစ္စည်းတွေ ဝယ်တုန်းက စိတ်အားထက်သန်တဲ့ သူ့အိမ်နီးနားချင်းက ပုံတူကမ္ဘာမှာ လိုအပ်တဲ့ အဓိက ပစ္စည်းတွေကို သူကို ရောင်းပေးခဲ့တာ

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now