chapter 24 ခံစားရတာမဆိုးဘူး

118 22 3
                                    

Chapter 24 ခံစားရတာမဆိုးဘူးဘဲ

"ချီယွီ အဲ့နေရာမှာ ကြာလှပြီ ထွက်မလာသေးဘဲ ဘာလုပ်နေတာလဲ"

ဝမ်ရိချန်က စိုးရိမ်တကြီး ပြောလိုက်တယ်

မြူခိုးတွေက ဆေးရုံထဲ ဝင်လာပြီးတဲ့နောက်မှာ ပျံ့နှံ့တာ နှေးသွားပေမဲ့ လှေကားဆီကို ခဏလောက်တော့ တက်မလာနိုင်သေးဘူး ဒါပေမဲ့ သူတို့ ဒီနေရာမှာ အချ်ိန်ဆွဲနေတာ ကြာနေပြီ

ကစားသမားအဖွဲ့က နာ့စ်ယူနီဖောင်းကို ဝတ်ထားပြီး ကော်ပီထဲက သရဲအဖွဲ့နှင့် သရဲနှစ်ယောက်က အတူတူရပ်နေကြပေမဲ့ ပြဿာနာလွယ်လွယ်ဖြစ်ကြမယ့်ပုံတော့ မပေါ်ဘူး အဲ့ဒါကို ဘယ်လိုပြောသင့်လဲ

ထန်ယွီ:"ငါမသိဘူး ဒါပေမဲ့ ငါတို့တခြားဟာကို စိတ်ပူသင့်တယ်လို့ ထင်တယ် အဲ့သရဲတွေအကြည့်ကို ကြည့်ပါဦး သူတို့က နောက်ဖြစ်လာမှာကို အဆင့်သင့်ပြင်ပြီးနေကြပြီ"

ဝမ်ရိချန်က သူပြောတာကို ကြားတော့ ကြောက်လို့ တုန်တောင်သွားတယ် တွေးကြည့်ရရင် တခြားဘက်က သရဲတွေက ပြန်လာကြပြီး သူတို့ကိုတိုက်ဖို့ပြင်နေကြတယ် မသိစိတ်ကနေ သူ့လက်ထဲက သံတုတ်ကို တင်းတင်းဆုတ်ကိုင်လိုက်ပြီး ထန်ယွီပြောတဲ့ အကြောင်းကို သတိထားပြီး ကြည့်လိုက်တဲ့ အခါတွေ့လိုက်ရတာက...

သင်တုန်းဓားတွေ

ဒီသရဲတွေ သင်တုန်းဓားအများကြီးကို ဘယ်ကနေ ရလာတယ်တော့ မသိဘူး သူတို့က ဆေးရုံဝတ်စုံကို ဝတ်ထားကြပြီး သူတို့ ခန္ဓာကိုယ်မှာတော့ သွေးနည်းနည်း ဒါမှမဟုတ် များများတော့ ရှိကြတယ်Iပြီးတော့ သူတို့မျက်နှာမှာ ခြောက်ခြားဖွယ်ရာ ပြုံးနေကြပြီး သူတို့ ခြေထောက်တွေကို စိုက်ကြည့်နေကြတယ်...

ကစားသမားများ: "..."

ဝမ်ရိချန်အပါအဝင် သူ့တို့ခြေထောက်တွေက ကြက်သီးတွေ ထကုန်ကြတယ်

နည်းနည်းလည်း လန့်ကုန်ကြတယ်

"ခေါင်းဆောင်"
တစ်ယောက်ယောက်က ကသ်ိကအောက်ဖြစ်နေတဲ့ လေသံနှင့် မေးလိုက်တယ်

"ငါတို့က ငါတို့ခြေထောက်မွှေးကို ကိုယ့်ဟာကိုရိတ်သင့်တယ်မဟုတ်လား ငါတို့ခြေထောက်မွှေးကို တစ်ယောက်နဲ့တစ်ယောက် ရိတ်ပေးထားတာတော့ မဖြစ်သင့်ဘူးလားလို့"

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now