Chapter 6 ဝါးတောင်း
ချီယွီပေးတဲ့ အချက်အလက်က အန္တရာယ်ရှိတဲ့ကြားက ရှဲ့ရှောင်နှာခေါင်းအောက်က ရယူခဲ့တဲ့အစစ်အမှန်တစ်ခုဖြစ်ပြီး သော့ချက်ကလည်းသေချာပေါက်မှန်တဲ့ဟာပဲ ကစားသမားတွေသာသူတို့ယာသူတို့ရှာနေရင် တော့်တော်နဲ့ရှာတွေ့မဲ့ဟာမဟုတ်ဘူး
ခက်တာတစ်ခုက ဖေးဟူက ယုံမနေတာပဲ
ဆန့်ကျင်ဘက်အနေနဲ့ သူက ချီယွီနှင့်ဘော့စ်ကြားမှာ မသင့်တော့တဲ့ဆက်ဆံရေးရှိနေတယ်လို့ သံသယဝင်နေတယ် လူအတော့များများက ဒီလောက် ဥာဏ်မကောင်းနိုင်ဘူးလေ သူခံစားရတာက ချီယွီက ဂိမ်းထဲက သရဲတွေဆီက သူ့အသက်ကို ကယ်ရင်း သဲလွန်စသော့ချက်ကို ခိုးလာနိုင်လောက်အောင် ကြီးမားတဲ့စွမ်းရည်မရှိဘူးလို့ ထင်တယ်
ဒါကလိုအပ်ချက်များလွန်းတယ် သူ့လို လူဟောင်းတောင် မလုပ်နိုင်ဘူး
ဖေးဟူ: "ဒီသဲလွန်စကို ဘယ်လိုတွေ့တာလဲ ငါ့ကို ထပ်ပြောပြ"
ချီယွီမတတ်နိုင်ဘဲ ထပ်ပြောပြလိုက်ရတယ်
"ငါ သတိရလာတော့ ဂိမ်းဘော့စ်ကို တွေ့လိုက်ရတယ် ဒါပေမဲ့သူက ငါ့ကို မသတ်ချင်ပဲမေးခွန်းတစ်ခုပဲမေးတယ်"
"ဘာကိုမေးတာလဲ"
ဒါပေါ့ သူမေးတာ သူ့ကို တာဝန်ယူဖို့လေ ဒါပေမဲ့ သူအဲ့ဒါကို ပြောပြလို့မရဘူး
ချီယွီက မျက်နှာတောင်မပျက်ဘဲ တွေ့ကရာလျှောက်ပြောလိုက်တယ်
"သူမေးတာက သူ့ကိုဘာလို့ဘယ်သူမှမလိုချင်တာလဲတဲ့ ငါက မင်းကို မလိုချင်တဲ့သူတွေက မျက်စိကန်းပြီး အမြင်မရှိလို့ တကယ်လို့ မင်းသာအသက်ရှင်နေသေးရင် ငါ့အမေက ငါကို ပျော်ပျော်ကြီးဘေးပစ်ပြီး မင်းကိုခေါ်ပြီးစကပ်လှလှလေးသွားဝယ်ပေးနေလောက်ပြီလို့ ဖြေလိုက်တယ်
"ဘော့စ်က မိန်းကလေးလား?"
"သူမက မင်းကို အဲ့လိုပဲ လွှတ်ပေးလိုက်တာလား"
သူ ထပ်ခိုးပေါ်က အတွေ့အကြုံကို ပထမဆုံးရှင်းပြတုန်း ကြားလိုက်တဲ့ အဝါရောင်ဆံပင်နှင့်ကောင်လေးနှင့် ဖေးဟူက တစ်ပြိုင်နက်ထဲပြောပြီး ကြားဖြတ်ပြောတယ်
"မိန်းကလေးဖြစ်တော့ဘာဖြစ်လဲ
ဂိမ်းထဲမှာ ဘော့စ်ဆိုတာက ဘာမဆိုဖြစ်နိုင်တယ် အသေးအမွှားကို ဂရုစိုက်မနေနဲ့ သူတို့က ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အရိုးစုတွေသက်သက်ပဲအံ့သြစရာမဟုတ်ဘူး အတွေအကြုံမရှိပဲ ငါ့ရှေ့လာ ပြီး အထင်ကြီးအောင် ဖြီးမနေနဲ့"
လူတိုင်းက လူသစ်ချင်း အတူတူ သူများကိုအရင်ကြည့်ပြီး မင်းကိုမင်းလည်းကြည့်ဦး ငါ့ဆီက သေချာသင်"
ဆံပင်အဝါနှင့်ကောင်လေးက စိတ်ထိခိုက်သွားပြီး စကားပြောတာ ရပ်သွားတယ် လူသစ်တွေအတွက် စံပြပုဂ္ဂိုလ်ဖြစ်လာတဲ့ချီယွီက လူသစ်တွေရဲ့ အတွေးအပြည့်နှင့် စိုက်ကြည့်နေမှုအောက်မှာ အလှောင်ခံရသလိုနဲ့ နည်းနည်းရှက်သလို ခံစားရတယ်
နောက်ဆုံးတော့ တခြားသူတွေရဲ့ မျက်လုံးထဲမှာ သူက မျိုးစေ့ကောင်းနဲ့လူသစ်လေးပဲ သူက ပထမဆုံးဂိမ်းထဲမှာ ဘော့နှင့်တွေ့ပေမဲ့ မသေတဲ့သူပဲ ဒါ့အပြင်ဘော့စ်လက်ထဲက သတင်းတောင်ရလာသေးတယ် ဘယ်လောက်တောင်စွမ်းလိုက်လဲ
ဒါပေမဲ့ သူတအားစွမ်းအားကြီးတယ်ဆိုတာ သူကဘော့စ်နဲ့ Pyဆက်ဆံရေး(friend with benifit)ရှိနေလို့လေ
ချီယွီ:ရှက်နေတဲ့ပုံ
ရှက်တာက ရှက်တာပဲ ကြွားတာကကြွားတုန်းပဲ
ချီယွီက ဘော့စ်ကို ပုံဖော်ပြတယ်
"သူက လှပတဲ့ကောင်မလေးပဲ ပန်းရောင်ပန်းပွင့်ဝတ်စုံလေးနဲ့ဆံပင် အရှည်ကြီးရှိတယ် သူက ထပ်ခိုးပေါ်မှာ တံခါးပိတ်ခံရပြီး သေသွားလို့နေမယ် မကျေနပ်ချက်ကတော်တော်ကြီးတယ် ကလေးက ဘာလို့ မြေအောက်ခန်းထဲမှာ ပုန်းနေတာကို သိတာလဲဆိုတော့ ငါသူ့ကိုပျော်အောင်လုပ်ပေးလိုက်လို့ သူပြောပြတာ"
ဖေးဟူ:"•••"
မင်းသရဲဆိုတာပဲ ငါယုံလိုက်မယ်
သူပြောတာ ဘယ်လောက်တောင်မယုံစရာကောင်းလဲ တခြားအသစ်လေးတွေက မသိရင်တောင် သူကမသိဘဲ ဘယ်နေပါ့မလဲ ဒီလိုဂိမ်းထဲက ဘော့စ်တွေဆိုတာ ရက်စက်ပြီးသွေးဆာတယ် ကစားသမားတွေကို သတ်တာကပဲ သူတို့ကို ပျော်စေတာ
ဥပမာအနေနဲ့ဆိုရင်မိဘမဲ့ဂေဟာထဲက ကစားသမားတွေက NPCသရဲတွေရဲ့ အကြီးဆုံးတားမြစ်ချက်တွေကို ချိုးဖောက်မိဖို့ပဲလိုတယ် မတအားကံဆိုးရင် သရဲမြင်တာနဲ့တင် အသတ်ခံရနိုင်တယ်
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...