chapter17

137 28 0
                                    

Chapter 17

ချီယွီက သူ့ရှေ့မှာ အနီရောင်သတိပေးချက်က ရုတ်တရက်ပေါ်လာလို့ လန့်ဖြတ်သွားတယ် ဂိမ်းစနစ်မှာ ဒီလိုလုပ်ဆောင်ချက်တွေ ရှိနေမယ်လို့ သူမမျှော်လင့်ထားဘူး

သူ့ကို ကူညီတဲ့အတွက်ကျေးဇူးတင်ရဦးမှာလား

အဲ့ဒါက ဘာဖြစ်တာလဲ

မင်းက ဂိမ်းစနစ်လေကွာ မင်းရဲ့တုံးအပြီး ချစ်စရာကောင်းတဲ့ ကစားသမားလေးကို ဘော့စ်လက်ထဲ ထိုးအပ်တော့မှာလား မင်းမှာ နှလုံးသားကော ရှိသေးရဲ့လား

မင်းက နှစ်ဖက်လုံးက မကျေနပ်ချက်တွေနဲ့ စွန်ပစ်ခံရမှာ ကိုမကြောက်ဘူးဆိုရင် ဒီကော်ပီထဲက ထွက်သွားဖို့ ပျော်ပျော်ရွှင်ရွှင်လက်ကမ်းသင့်တာမဟုတ်ဘူးလား
ဂိမ်းက လှုပ်ရှားတာ အသက်မပါလိုက်တာ
အခုအချိန်မှာ သူဘာလုပ်ရမှန်းတောင်မသိတော့ဘူး

"ချီယွီ မင်းဘာမြင်လို့လဲ"
သူကမလှုပ်ရှားဘဲ ဂိမ်းမျက်နှာပြင်ကို အကြာကြီးစိုက်ကြည့်နေတာက ထန်ယွီကို အာရုံစိုက်မိစေသွားတယ်
ထန်ယွီက သူ့ရှေ့ကို ရောက်လာပြီး
"အဲ့ဒါဘာလဲ ဂိမ်းက မင်းကို သတင်းအသစ်တွေ ပေးလို့လား"

ချီယွီက ဘာမှတောင်ပြောချင်စိတ်မရှိတော့ဘူး
ဒါပေမဲ့ အနီရောင် သတိပေးချက်က မျက်စိဖမ်းစားလွန်းလို့ ထန်ယွီမေးတာကို မဖြေဘဲနေလို့မရတော့ဘူး

"ဂိမ်းနဲ့ပတ်သတ်ပြီး တိုင်ချက်ဖွင့်လို့ရလား"

ထန်ယွီက သူ့ပါးစပ်ကို ပိတ်လိုက်ပြီး ဘေးဘယ်ညာကို ကြည့်ကာ ထိတ်လန့်နေတဲ့လေသံနှင် ကဗျာကသီ​ပြောလာတယ်
"ချီကော ငါမင်းကို တကယ်လေးစားတယ် မင်းက ဂိမ်းရဲ့မျက်လုံးတွေအောက်မှာတင် အဲ့လိုစကားမျိုးပြောရဲတယ် တကယ်ကို အံ့သြစရာပဲ"

ချီယွီ: "..."

" ဘာလို့ ငါမပြောနိုင်ရမှာကလဲ အဲ့ဟာက ကော်ပီထဲက ကစားသမားတွေကို အချိန်တိုင်းစောင့်ကြည့်နေနိုင်တာမှမဟုတ်တာ ငါကြားတာတော့ ဒီမှာရှိတဲ့ကစားသမားတစ်ယောက်က မှတ်ထားပြီး တိတ်တိတ်လေး လက်တုံ့ပြန်တယ်ဆို"

"အဲ့ဒါ ရှောက်ရိ?"

အဲ့စကားထွက်ထွက်လာချင်း သူ့ရှေ့က ပိတ်သွားပြီးသား အလင်းမျက်နှာပြင်က  ရုတ်တရက် ကျယ်ပြန့်လာတယ်

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now