chapter 27 ဗီဒီယို

100 22 0
                                    

Chapter 27 Video

စုန်ချင်ရဲ့ မမ်မိုရီကတ်ထဲမှာ တကယ်ဘဲ ဗီဒီယို တစ်ခုပါတယ်

အစပိုင်းကို ပုံမှန်လို ရိုက်ပြထားပြီး ဆေးရုံမှာ ဆိုတာပြောနိုင်တယ်

သူ့ ကို အစပိုင်းမှာ စက်ဆုပ်စရာစမ်းသပ်မှုတွေမရှိတဲ့ တကယ် ဆေးကုသလမ်းညွှန်တဲ့ နေရာကို အပို့ခံခဲ့ရတယ်
အဲ့လို စက်ဆုပ်စရာ ဌာနမှုးနှင့် ဆရာဝန်တွေသာမပါရင် စိတ်ရောကုဆေးရုံက တကယ်ကို အလွန်ကောင်းတဲ့နေရာပဲ

စုန့်ချင်က မိဘမဲ့ဂေဟာမှာ ငြီးငွေ့စရာကောင်းအောင် နှစ်တွေအကြာကြီးနေခဲ့တယ် ဒါ့အပြင် သူကဆေးဝါးဖော်စပ်တဲ့ သုတေသနမှာ ပါရမီပါပြီး သူစရိုက်ကလည်း အများကြီး ကြောင်တောင်တောင်ဖြစ်သေးတယ် ဆေးရုံက သူ့ရဲ့ လက်ရှိရောဂါအခြေအနေကို စူးစမ်းဖော်ထုတ်ပြီး စိတ်ရှည်ရှည်နဲ့ ​ဖြေးဖြေးချင်း ကုသပေးခဲ့တယ်

နေ့တိုင်း သူနာပြုမလေးက သူ့ကို နေပူစာလှုံဖို့ အပြင်ခေါ်ထုတ်ပြီး စိတ်ဝင်စားစရာ အမျိုးမျိုးကို ပြောပြတယ် ဆေးရုံက တခြားလူနာတွေကလည်း ကလေးတွေလိုမျိုး ရယ်စရာအဖြစ်အပျက်တွေ မကြာခဏလုပ်ကြတယ်

အဲ့လို ရွှင်မြူးစရာနေ့ရက်တွေက ဗီဒီယိုထဲမှာ တစ်နေ့ချင်း ပြလာတယ်

သူ့နှလုံးသားထဲက အေးစက်မှုတွေကလည်း ဖြည်းဖြည်းချင်း အရည်ပျော်လာတယ်

ချီယွီက ဗီဒီယိုထဲက စုန့်ချင်အမူအရာက ဖြည်းဖြည်းချင်း နုညံ့လာပြီး တချို့ဟာတွေကို မမေ့ပျောက်နိုင်သေးပေမဲ့ အမှန်တော့ သူကစကာပြောပိုချိုသာလာပြီး နှလုံးသားနုညံ့လာတာကို မြင်နေရတယ်

နာ့စ်မလေးက သူမျက်နှာက မှုတ်ဆိတ်မွှေးတွေက ကြည့်မကောင်းဘူးပြောပြီး သူအတွက် အမွှေးချွှတ်ဆေးကို အထူးဝယ်ပြီး အသုံးဝင်တယ်လို့ ထင်လို့ နေ့တိုင်းလိမ်းပေးတယ် သူ​က ယောကျာ်းတစ်ယောက်အနေနဲ့ အမွှေးချွတ်တဲ့ လိမ်းဆေးကို လိမ်းတာကမကောင်းဘူးလို့ ပြောနေပေမဲ့ တစ်ချိန်တည်းမှာပဲ နာနာခံခံနဲ့ သူမလုပ်သမျှကို ငြိမ်ခံနေတတ်တယ်

စုန့်ချင်က သူ့ဗီဒီယိုကို ဘယ်ကနေရလာသလဲတော့မသိဘူး

တည်းဖြတ်လိုက်ပြီး အဲလို လတွေက ကျော်သွားတယ်

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now