Chapter၂၂ စကပ်
မိန်မ အင်္ကျီကို ဝတ်ရတဲ့ ခံစားချက်က ဘယ်လိုလဲ
ကစားသမားတွေက အတွေ့အကြုံကို ပြောပြနိုင်သွားပြီ နည်းနည်းလေးအေးပြီး နည်းနည်းလေးမလုံခြုံဘူး ဒါအပြင် လူတိုင်းက ယောကျ်ားရင့်မာကြီးတွေဆိုတော့ ဘယ်သူမှ အသားကပ်ဘောင်းဘီမယူခဲ့ကြဘူး ဆေးရုံဌာနမှုးက ဘယ်လိုအတွေးတွေနှင့် သူနာပြုမတွေတဲ့ သူနာပြုဝတ်စုံက်ို ပန်းရောင် ဒူးအတိထားလဲ မသိဘူး
အိုး သူတို့နိုင်ငံက ပုံမှန်အမျိုးသမီးတွေကလည်း ဒူးအတိဝတ်တာပဲ
ယောကျ်ားလေးကစားသမားတွေနှင့် ယှဥ်ရင် မိန်းကလေးကစားသမားတွေက အရပ်နိမ့်တော့ သသူတို့စကပ်တွေက ဒူးအောက် ၁၀cmလောက် ရှည်လို့ လက်ခံလို့ ရပါသေးတယ်
ကံကောင်းလို့ အပေါ်ထပ်က သရဲတွေက သူတို့မှာ ဘာလို့ နတ်ဆိုးလို ဒေါက်မြင့်ဖိနပ်မရှိတာလဲ မမေးကြဘူး မဟုတ်ရင်
သူတို့တစ်ဖွဲ့လုံး ဒေါက်ဖိနပ်မဝတ်ဘဲ ခြေဗလာတွေ ဖိနပ်တွေနဲ့ ဒေါက်ဖိနပ်ဝတ်သလို ခြေဖျားထောက်လျှောက်နေရလောက်တယ်ချီယွီက မိန်းမအင်္ကျီဝတ်ရတဲ့သူတို့အထဲမှာ မပါဘဲ ရှေးရိုးဆန်တဲ့ သူနာပြုဝတ်စုံအဖြူရောင်ကို အစကတည်းက ရထားပြီးသားဖြစ်လို့ ပြဿနာမရှိဘူး သူကတော့ ရိုးရိုးယောကျ်ားလေးဝတ် အင်္ကျီအဖြူရောင်ကို ပြောင်းဝတ်နေရသလိုပဲ ခံစားရပြီး ကော်ရစ်တာ တစ်ဝက်မှာ ထိုင်နေတယ် သူ့ဘေးက ရှဲ့ရှောက်က မတ်တပ်ရပ်နေပြီး အတူတူရှေ့ကဟာကို ကြည့်နေကြတယ်
စောင်းတန်းမှာတော့
"ဒီအင်္ကျီနှင့် စကပ်က ဘယ်လိုကြီးတုန်း"
"ဒီ အင်္ကျီက ကြပ်လွန်းတယ် ငါ့ရင်ဘတ်တွေ ပန်ကိတ်လို ပြားသွားပြီလို့ ခံစားရတယ်"
"ဒါက အလုပ်မဖြစ်ဘူး ဒီအဝတ်ကို ဝတ်ကို ဝတ်ရမှာ ခဏလေး မင်းပြေးရသေးလား"
"လူမဆန်လိုက်တာ ဘေးကကြပ်လွန်းတယ်ကွ"ကွာတာကတော့ အမျိုးသမီး ကစားသမားတချို့က စကတ်ဝတ်ပြီးဘယ်လိုလမ်းလျှောက်ရမလဲဆိုတာကို သင်ပေးနေကြပြီး ရွရွလေးလမ်းလျှောက်တာကို လေ့ကျင့်နေတဲ့ အသံတွေ ထွက်နေတယ်
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...