chapter20

138 25 0
                                    

Chapter 20

"အရင်ညက ဘာဖြစ်ခဲ့တာလဲ"

ထန်ယွီက လိုက်ကာစပေါ်မှာ ထိုင်နေပြီး ကျိုးပဲ့နေတဲ့ တံခါးဘောင်ကို ကြည့်ကာ အာလူးလေးလို ကြက်သေသေနေတယ် ရွှေရောင် အာလူးလေးက ဆံပင်အဝါလေးနဲ့

"ငါတို့ အိပ်နေတုန်း ရန်သူတွေစုပြီး တံခါးဘောင်ကို လာချိုးသွားတာလား
တစ်ယောက်ယောက် ဒဏ်ရာရကြသေးလား ဒီနေရာမှာ ဘာဖြစ်သွားတာလဲ

"ငါလူး••• ငါဒီမနက်နိုးခါစက ငါတို့အကုန်သေပြီကို မှတ်တာ"

ဘယ်သူမှ သူ့စကားကို ပြန်မဖြေကြဘူး

ကစားသမားတစ်ဖွဲ့လုံး ရပ်တဲ့သူကရပ် ထိုင်တဲ့သူကထိုင်နဲ့ ခေါင်းရှုပ်ကာ ထိတ်လန့်နေတဲ့ အမူအရာတွေနှင့် ဖြစ်နေကြတယ်

သူတို့မျက်နှာက ဖြူဖတ်နေပြီး သွေးမရှိတော့တဲ့ အတိုင်းပဲ

အခုမနက် ၇နာရီလောက်မှာ  ပထမဆုံးနိုးလာတဲ့ ဆံပင်အတိုနှင့် မိန်းကလေးကနိုးလို့ သူတို့နိုးလာကြပြီး မျက်လုံးဖွင့်လိုက်တဲ့အခါ သူတို့ညက နားခဲ့တဲ့ အချိန်က အများကြီး ပြောင်းလဲနေတာကို တွေ့လိုက်ကြတယ်

အစက ဒီအခန်းကို အလုပ်သမားတွေ လက်ဖက်ရည်သောက်တဲ့ အခန်းလို့ထင်ရပြီး စားပွဲနှင့် ကုလားထိုင်တွေလိုမျိုး တချို့က ပြန့်ကျဲနေတယ် နောက်ပိုင်းကစားသမားအဖွဲ့က ခုခံဖို့ ခုံတွေစားပွဲတွေကို ရွေ့ပစ်လိုက်တော့ ဒီနေရာမှာ ဘာမှ မကျန်တော့ဘူး အဖွင့်အပိတ်လုပ်တဲ့ သစ်သားတံခါးတစ်စုံပဲ ကျန်တော့တယ်

အခုတော့ တစ်ညအတွင်းမှာပဲ အရာရာတိုင်းက ပြောင်းလဲကုန်တယ်

သွေးတွေက နေရာတိုင်းမှာ ပြန့်ကျဲနေပြီး ကြမ်းပြင် နံရံနှင့် သူ့တို့ ခင်းထားတဲ့ လိုက်ကာတွေပေါ်မှာ ဖုံးလွှမ်းနေတယ် အပြင်ဘက်မှာ အိပ်နေတဲ့ကစားသမားတချို့ရဲ့ မျက်နှာကိုတော့ မတွေ့ရသေးပေမဲ့ သူတို့ ရလိုက်တဲ့ သွေးနံ့ပြင်းပြင်းက ပါးစပ်ထဲထိတောင်ရောက်တယ်

တံခါးကလည်း ချိုးဖွင့်ခံထားရတယ်

သိသိသာသာ အပြင်ဘက်က ခုတ်ထားပုံရတဲ့ အပေါက်တချို့ကလည်း နံရံပေါ်မှာ ရှိနေတယ်

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now