Chapter 3 သေဆုံးမှု
အမဲသားနှပ်က အလွန်မွှေးပေမဲ့ ၀ေစုက အရမ်းနည်းတယ် ချီယွီက တစ်၀က်ကိုဖေးဟူကိုပေးလိုက်ပြီး သူနေရမဲ့အခန်းထဲကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ ၀င်လာခဲ့ရပေမဲ့ မမျှော်လင့်တာက တအားဆိုးမနေတာပဲအိပ်ရာနဲ့ အိပ်ရာဘေးက ရိုးရှင်းတဲ့စားပွဲကလွဲ ဘာမှမရှိပေမဲ့ အတော်လေးသန့်ရှင်းနေတယ် ဒါပေမဲ့.......
ချီယွီကပန်းရောင်ပန်းပွင့်တွေနဲ့ ဂွမ်းစောင်ကို စိုက်ကြည့်ရင်း သူနှစ်သစ်ကူးမှာ မွေးရပ်မြေကို ပြန်တိုင်းတွေ့ရတတ်တဲ့ လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ သူ့အဖွားရဲ့ အနီနှင့်အစိမ်းရောင် ဂွမ်းစောင်တွေလိုပဲ ခဏလေးအတွင်း အသက်ရှုကြပ်သလို ခံစားလိုက်ရတယ်
ပန်းရောင်ပန်းပွင့်ဂွမ်းစောင်နဲ့ အနီနှင့်အစိမ်းရောနေတဲ့ ဂွမ်းစောင်ပြိုင်ကြရင် ဘယ်ဟာနိုင်မလဲ
သူ့ရဲ့သနားစရာအလှအပခံစားမှုက ဒီမေးခွန်းအတွက်အဖြေပေးဖို့ မလုံလောက်ပေမဲ့ သူတိတ်တိတ်လေးရွေးထားနိုင်တယ်
ချီယွီက သူ့ပါးကိုပွတ်ပြီး ပန်းရောင်ပန်းပွင့်တွေနှင့်ဂွမ်းစောင်က ကြီးလည်းကြီးတယ် နွေးလည်းနွေးတယ်လို့ ပြောလိုက်တယ် သူ့နာမည်ကိုမကြိုက်လို့ မနေချင်ဘူးဆိုရင် မနွေးပဲနေလိမ့်မယ် ဒါဆို သူ......ဖုံးထားလိုက်ရုံပဲ
အဲ့ဒါကို ဘယ်လိုလုပ် ကြိုက်နိုင်မှာလဲ သူတို့ကသေပြီးသားလူတွေပဲလေ ဒါကြောင့်ချေးများမနေနိုင်တော့ဘူးချီယွီက ပတ်၀န်းကျင်အသစ်ကို မျက်ရည်တွေနှင့် လက်ခံလိုက်ရပြီး ဖေးဟူအမဲသားနှပ်စားတိုင်း တောင်းစားဖို့ အကြံကိုသိမ်းထားလိုက်တယ် ပြဿနာမရှာ မဆူညံပဲ ငြိမ်းငြိမ်းချမ်းချမ်းအိပ်ကြတာပေါ့
သူတစ်နေ့တည်းနှင့် ဖြစ်ခဲ့တာတွေကို မရေတွက်နိုင်တော့ဘူး ကားတိုက်ခံရပြီး ခြောက်လန့်ဖွယ်ရာ ဂိမ်းထဲရောက်တယ် ပြီးတော့ ကစားသမားတွေအတွက် လုပ်ဆောင်ချက်တွေ လက်ခံရပြီး အမဲသားနှပ်တစ်၀က်ကို အရှက်မရှိတောင်းစားခဲ့တယ်.
ချီယွီက အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့လို့ သူကောင်းကောင်းအိပ်မပျော်လောက်ဘူးထင်ခဲ့တယ် ဒါပေမဲ့သူမမျှော်လင့်တာက သူမျက်လုံးမှိတ်ပြီး မကြာခင်မှာပဲ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားခဲ့တယ်.
အိပ်မပျော်ခင် ဗိုက်နည်းနည်းလေးဆာတာတစ်ခုပဲ
သူမသိလိုက်တာက သူအိပ်ပျော်သွားပြီး မကြာခင်မှာပဲ ပုံသဏ္ဌာန်တစ်ခုက အိပ်ရာရှေ့မှာ မပြတ်မသားပေါ်လာတယ်
အဲ့လူက အရပ်ရှည်ပြီး ရိုးရိုးတီရှပ်နှင့်ဘောင်းဘီရှည်ကို ၀တ်ထားတယ် ဒါပေမဲ့သူ့နောက်ကျောက ရှည်ပြီးဖြောင့်တန်းနေတယ် သူ့နောက်ကျောဘက်လေးကြည့်ရတာကတင် အလွန်တက်ကြွနေပုံပေါ်တယ်
လရောင်က ပြတင်းပေါက်သံတိုင်တွေကြားက ဖြာကျနေပြီး အေးချမ်းတဲ့အဖြူရောင်အလင်းက သူ့အပေါ်ကို ကျရောက်နေတာ နတ်သားလေးလိုချောမောတဲ့မျက်နှာကို ပိုပြီးဖြူဖျော့သွားစေတယ်
သူကတိတ်တဆိတ်ရောက်လာပြီး နွေးပြီးချောမွတ်နေတဲ့ ချီယွီမျက်နှာကို ထိလိုက်တယ် ချီယွီကို ပန်းရောင်ပန်းပွင့်ဂွမ်းစောင်လေးနှင့် ထုပ်ပိုးထားတာ ချစ်သထက်ချစ်စရာကောင်းနေပြီး လူကိုအကြိမ်နည်းနည်းလောက်ပိုပြီး ထိချင်လာအောင် လုပ်နေတယ်
ရှဲ့ရှောက်က သူ့မျက်နှာလေးကို ထိရတာတင်မကျေနပ်နိုင်လို့ သူ့ဖိနပ်တွေကို ချွတ်ပြီး ဂွမ်းစောင်အနားလေးကိုမကာ ချီယွီရှိနေတဲ့ နွေးထွေးတဲ့ အိပ်ရာထက်ကို တိတ်တိတ်လေးတက်လိုက်တယ်
ချီယွီက အဲ့လိုအေးစက်နေတဲ့လူတစ်ယောက် အိပ်ရာထဲ၀င်လာတာကို မခံစားမိဘူးလား
မဟုတ်ဘူး သူခံစားမိတယ်
ပထဆုံးအိပ်ရာလုခံလိုက်ရတုန်းက အိပ်ချင်မူးတူးနဲ့နိုးလာပြီး ဂွမ်းစောင်အနားကိုဆွဲလိုက်ပေမဲ့ ဂွမ်းစောင်ကပါမလာလို့ လာလုတဲ့သူကို နှစ်ချက်လောက်ဆွဲဆိတ်လိုက်တယ်
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...