Chapter 32 အဝတ်အစားလဲဖို့ပြင်ဆင်
အဆုံးမှာ ဝက်ဝံလက်ကို ရှဲ့ရှောက်မရလိုက်ပါဘူး အဲ့ဒါက ဝက်ဝံကို မချနိုင်လို့မဟုတ်ဘဲ ဝက်ဝံက ကြောက်လွန်းလို့ သေးပေါက်ချလိုက်လို့ပဲ
ထန်ထန်က ကြမ်းတမ်းတဲ့ ကုန်းဝူဖြစ်ပြီး ကားကွယ်ခံထားရတဲ့ သတ္တဝါဖြစ်ပြီး ခန့်ညားတဲ့ ရှုန်းရှီဇီ ဆိုတဲ့ နာမည်ပြောင် ရှိပေမဲ့ မိန်းမအဝတ်ဝတ်ထားပြီး ပုံမှန်ဆို သန်မာပုံမရတဲ့ လူသားတစ်ယောက်ကို သေးထွက်တဲ့အထိ ကြောက်လန့်ခဲ့ရတယ်
ရှဲ့ရှောက်ရဲ့ ထိတ်လန့်ဖွယ်အော်ရာကြောင့် သူ့ရဲ့ ဝက်ဝံ ဂုဏ်သိက္ခာကို မထိန်းနိုင်ဘဲ သေးပေါက်ချမိလိုက်တယ်
ဒီကောင်က တအားကို သတ္တိနည်းတာပဲ
ချီယွီတောင် ရှဲ့ရှောက်ကို စတွေ့တုန်းက အဲ့လောက်မကြောက်ခဲ့ဘူး
ဒါ့သူက သာမန်ထက်ပိုထူးခြားရဲရင့်ပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ ရှဲ့ရှောက်ကို ရပ်ခိုင်းခဲ့ပြီး သူ့စကပ်ကလေးကို လျစ်လျူရှုကာ အသီးတချို့ကောက်ပြီး သူ့ကို ပြန်ဆွဲခေါ်ခဲ့တယ်
အရှက်ကို ဘယ်လိုရေးရမှန်းမသိတဲ့
နှစ်ယောက်သားက ဝက်ဝံရဲ့ဂူကို အပိုင်သိမ်းလိုက်ပြီး ရှုပ်ပွနေတဲ့ သစ်ကိုင်းခြောက်တွေကို စုပြီးမီးဖို လိုက်ကြတယ်သစ်တောက ထုတ်ကုန်တွေ ပေါကြွယ်ဝပြီး လမ်းပတ်လျှောက်လိုက်တာနဲ့ တန်းစားလို့ရတဲ့ဟာအများကြီးကို သူတို့ရလာခဲ့တယ် ရက်ဘယ်ရီ ဘလူးဘယ်ရီ သရက်သီးနှင့် နဂါးမောက်သီးတွေက သိသိသာသာကို အခုသီးတဲ့ရာသီမဟုတ်ပေမဲ့ သူတို့ ဒီတောထဲမှာ ရှာတွေ့ခဲ့တယ် ကြည့်ရတာနဲ့တင်ကိုပဲ အရည်ရွှမ်းပြီး အရသာရှိတဲ့ပုံပေါ်နေတယ်
ချီယွီက သစ်ရွက်ကြီးတချို့ကိုယူပြီးအများကြီးကောက်ယူပြီး ခြေနှစ်လှမ်းတောင်မှ မလှမ်းရသေးဘူး ရှဲ့ရှောက်နဲ့တူတဲ့ ပုံရိပ်ကအမွှေးထူတဲ့ အနက်ရောင်ဟာတချို့ကို စုပြီးဆွဲလာတာကို မြင်လိုက်ရတယ်
အဲ့ဒါဘာတွေလဲ ပိန်းဥမျိုးကွဲတွေ များလား
သေချာစိုက်နားထောင်ကြည့်လိုက်တော့ အဲ့ဒါတွေက ကျိန်ဆဲနေကြတယ်
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...