chapter 30 ဝံပုလွေကြီး

98 18 2
                                    

Chapter 30 ဝံပုလွေကြီး

နောက်ရက်အနည်းငယ်က ဂိမ်းကစားရင်း ဂျင်ဆော့ရင်းနဲ့ မြန်မြန်ကုန်သွားတယ်

ကစားသမားတွေ အနားယူတဲ့ ဧရိယာမှာ စီးပွားရေးလုပ်ချင်ရင် ချမ်းသာနိုင်တဲ့ နေရာကောင်းက သေချာပေါက် ဂျင်ပဲ မဟုတ်ရင် နာမည်ပြောင်းထားတဲ့ လေ့ကျင့်ရေး ဧရိယာပဲ ပုံတူကမ္ဘာထဲမှာ အပြေးစွမ်းရည် တိုးတက်စေဖို့ လူတိုင်းက လေ့ကျင့်ခန်းလုပ်နေကြရတယ်

ဒါ့အပြင် တစ်စက္ကန့်ကလည်း အသက်တစ်ခုလို့ ဆိုလိုတာပဲ

တစ်ခြားတစ်ဖက်က ကြည့်ရရင်. ဒီနေရာ ဘယ်သူမဆို ကြံခိုင်ရေး ပါရဂူတွေပဲ

ဝမ်းဗိုက်ကြွက်သားတွေ ဒါမှမဟုတ် တစ်ခုခုက အဖွဲ့တစ်ခုက လူတိုင်းမှာ ရှိနေတာကို မြင်နိုင်တယ်

ဒါတအားကို မျက်စိဖမ်းစားစရာပဲ

ချီယွီရဲ့ မှော်တုတ်တံကိုလည်း ဂျင်ကို ရောက်လာတယ်

အဲ့နေ့က သူအပြေးလေ့ကျင့်စက်ပေါ်က ဆင်းဆင်း​ချင်း ရောင်းတဲ့သူက တုတ်ကို စမ်းကြည့်ဖို့ မေးလာတယ် တုတ်ကလေးရေးတဲ့ မြေပေါ်မှာ တွန်လိန်နေတဲ့ OKကို တွေ့ပြီး ရောင်းတဲ့သူက ပိုက်ဆံယူပြီး မျက်ရည်တွေနဲ့ ပြေးထွက်သွားတယ်

အဲ့ပုံစံကို ကြည့်ရတာ မသိရင်  သူ့နောက်ကို ခွေးလိုက်ကိုက်နေတဲ့ အတိုင်းပဲ

နောက်မှ ဘာလိုလဲဆိုတာ ချီယွီသိလိုက်ရတာက ဒါက အလွန်အသုံးဝင်ပြီး စျေးနှုန်းက မျှတပေမဲ့ ကိုင်ရုံကိုင်ထားပြီး ရောင်းမထွက်ဘူးတဲ့ မှော်တုတ်တံအနေနဲ့ ကြေးများလွန်းပြီး အရောင်တွေကိုပဲ ထိန်းချုပ်နိုင်တယ်တဲ့

အဲ့ဒါကြောင့် နဂိုပိုင်ရှင်က အဲ့တာကို ရကတည်းက သူကထိတောင်မထိနိုင်ဘူးတဲ့ သူက Mrတုတ်ချောင်းက နေ့တိုင်း နေ့ပူဆာလှုံ ရေချိုးတာကိုပဲ စောင့်နေရတယ်တဲ့ သူက လိုချင်တာကိုသာမရရင် အကြင်နာမဲ့တဲ့ တုတ်ချောင်းအဖြစ်ပြောင်းသွားပြီး ချက်ချင်းခုန်ထွက်ကာ ခေါင်းရိုက်သတဲ့

အဲ့ဒါက ပေါက်ပြဲသွားအောင် ရိုက်သတဲ့

ရုပ်ရည်ကြည့်ကောင်းလွန်းတဲ့ ချီယွီက သစ်သားချောင်းလေးကို ကိုင်ပြီး ရောင်းတဲ့သူအဝေးပြေးထွက်သွားတာကို စောင့်ကြည့်နေလိုက်တယ်  ပြီးတော့ ပုံတူကမ္ဘာမပွင့်မချင်း နေ့ရက်တိုင်းကို ချောမွေ့စွာနဲ့ ဖြတ်သန်းနေလိုက်တယ် ဒီရက်တွေမှာ အိပ်ရာပေါ်မှာ လှဲနေတာကလွဲလို့ အန်ကယ်တုတ်ကလည်း တခြားဘာလိုအပ်ချက်မှ မရှိဘူး

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now