Chapter 41 ဂုဏ်ပြုပွဲ

60 7 3
                                    

Chapter 41 ဂုဏ်ပြုပွဲ

ပုံတူကမ္ဘာက ခရီးစဥ်ကို ထုတ်ပြန်ပြီးတဲ့နောက်မှာ ခရီးစဥ်က ရှုပ်ထွေးပေမဲ့ ဒီတာဝန်က လူတိုင်းကို တားဂတ်ထားတယ်ဆိုတာ သိသာတာမလို့ ဂရုတစိုက်လုပ်ပြီး ချောမွေ့အောင် လုပ်ရမယ်ဆိုတာ နားလည်ကြတယ်

ဘယ်လိုဖြစ်ဖြစ် ထွက်လာတဲ့ တာဝန်ကို ပြီးအောင် လုပ်ရမှာပဲ

ဂိမ်းဖြစ်စဥ်မှာ သာမန်ကစားသမားတွေကတော့ ဒီလိုဟာကို အမှတ်မြင့်မြင့်ရလို့ တန်ဖိုးထားပြီး ပျော်ပျော်ကြီးကစားကြမှာပဲ ဒါပေမဲ့ ဒီလိုပျော်ရွှင်မှုမျိုးအကန့်အသတ်ရှိသေးတယ် အခုလိုပေါ့——

သူတို့ကြုံရတဲ့ တာဝန်က ကြည့်ရတာ ပြီးခါနီးဖို့ နည်းနည်းပဲ လိုတဲ့ အခြေအနေပဲ

အဲ့ဒါက ဘေ့ာစ်က လုပ်ဖို့ပဲကျန်တော့ပေမဲ့ ဘော့စ်က မလုပ်ချင်ပုံပဲ

ပတ်ဝန်းကျင်မှာ သွေးလွှမ်းမတတ်ဖြစ်နေပေမဲ့ ဘယ်သူမှ စကားမပြောတဲ့ သုံးယောက်ကို ကြည့်ပြီး ကစားသမားတွေက ဘေးကို နည်းနည်း ရှောင်ဖို့ဂရုတစိုက် ရွေ့သွားကြတယ် ဘယ်သူမှ မင်းသားလေးနှင့်စနိုးဝှိုက်ကို နမ်းဖို့ မပြောရဲကြဘဲ တစ်ယောက်နဲ့တစ်ယောက် လွှဲချနေကြတယ်

ဘာလို့လဲဆိုတော့ သူတို့လည်း အရိုက်မခံရချင်ဘူးလေ

ပုံတူကမ္ဘာမှာထဲမှာ မွန်းစတားကို ဆွဲဆောင်မိလို့ အရိုက်ခံတာက အတော်လေးပုံမှန်ဖြစ်ပေမဲ့ ပုံမှန်NPCတစ်ယောက်ဆီက အရိုက်ခံရတာက ဒါမှမဟုတ် NPCနှင့် သဘောထားကွဲတာက အတော် ဆိုးလွန်းတယ်

ပြီးတော့ ဇာတ်ကောင်နှစ်ယောက်ကို သူတို့က  ပြင်းပြင်းထန်ထန်စိုက်ကြည့်နေကြတယ်

ရှဲ့ရှောက်က ချီယွီကို ကြည့်နေပြီး စုန့်ချင်ကတော့ ကောင်းကင်ကြီးကို စိတ်ဆိုးမာန်ဆိုး မော့ကြည့်နေတယ် နှစ်ဖက်သားက တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းတောင် မဆိုင်ကြဘူး

ဝမ်ရိချန်က သု့အမှတ်တွေကို ကြည့်ပြီး သူက အဓိက တာဝန်ကို ခဏလောက် ရပ်ထားသင့်တယ်လို့ ခံစားလိုက်ရတယ် တော့သေးလို့ သူစုထားတဲ့ အမှတ်တွေက များနေလို့ ပြီးတော့ သူ အရန်တာဝန်အတော်များများကို ပြီးမြောက်ခဲ့ပြီးပြီ ဒီတာဝန် ကျဆုံးခဲ့ရင်တောင်မှ အဆင်ပြေပါသေးတယ် သူအမှတ်လျော့ခံရပြီး သေမသွားနိုင်သေးပါဘူး

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now