Chapter 5 တာဝန်ယူပါ

276 46 3
                                    

Chapter 5 တာဝန်ယူပါ
ချီယွီက အိပ်ရာပေါ်မှာ မှောက်အိပ်နေပြီး သူ့လက်တွေက ခေါင်းအထက်မှာ ချုပ်ခံထားရတယ် ပြီးတော့ လူတစ်ယောက်က သူ့ကို ခါးကနေခွထိုင်ထားတဲ့အပြင် အောက်ကအိပ်ရာက မာလွန်းလို့ ကျောတွေခါးတွေတောင်နာနေတယ်
.
သူ့ကို ဆားနယ်ထားတဲ့ ငါးတစ်ကောင်လို ခံစားရပြီး အဲ့ ငါးဆားနယ်က အန္တရာယ်အလွန်ရှိတဲ့ အခြေအနေမှာရှိနေတဲ့ ငါးဆားနယ်ပဲ
အလင်းရောင်က ပြတင်းပေါက်အသေးလေးက ဖြတ်ပြီး အဲ့လူအပေါ်အတည့်ကျနေတယ် ချင်ယွီခေါင်းစောင်းကြည့်လိုက်တော့ အဲ့လူ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်

ဆံပင်အနက် နှင့်နှုတ်ခမ်းပါးများ၊​စင်းနေတဲ့ နှာတံလေး၊နက်ရှိုင်းတဲ့ မျက်လုံးအစုံ၊တကယ်လို့ သေချာစိုက်ကြည့်လိုက်ရင် လှပတဲ့ မက်မွန်ပွင့်ပုံ မျက်လုံးတွေက စကားပြောနေသလိုပဲ သူက ချီယွီတစ်သက်လုံး မြင်ဖူးသမျှထဲ အချောဆုံးတစ်ယောက်ပဲ

ဒါပေမဲ့ အခုတော့ ဒီကိုယ်နေဟန်ထားနှင့် မဟုတ်တရုတ်အပြုံးကြီးနှင့် မျက်မွန်ပွင့်ပုံမျက်လုံးတွေက စိုက်ကြည့်ခံရရင် ဘယ်သူမဆို နမိတ်မကောင်းသလိုခံစားရပြီး ကျောချမ်းသွားမှာပဲ
ချီယွီ သူ့လက်ကောက်ဝတ်က အပူချိန်ကို ခံစားရပြီး လက်ချောင်းလေးတွေကိုလှုပ်လိုက်တယ် သူ့ဘဝအတွက် အတောက်ပဆုံးနှင့်မျက်နှာချိုသွေးတဲ့ အပြုံးကို ဖျစ်ညှစ်ပြုံးလိုက်ပြီး.

"ဟေး ညီအကို မင်းလည်း ကစားသမားပဲလား?"
သူကပြေးနိုင် ခုန်နိုင် ထိနိုင်ပြီး  သူလက်တွေကို ထိတဲ့အခါ နွေးထွေးမှုကို ခံစားနိုင်တယ် ဒါလူတစ်ယောက်ဖြစ်နိုင်တယ် ဟုတ်တယ်မလား?
သူ သူ့နာရေးအတွက် သောက်စရာဝယ်ရတော့မယ်ဆိုတာ ကျိန်ပြောရဲတယ် အဲဖြစ်နိုင်ခြေကလည်း ထီပေါက်သလို ဘယ်လိုမှ မပြောင်းလဲနိုင်ဘူး ဒါ့အပြင် သူကအဖွဲ့ထဲက ကစားသမားမဟုတ်သလို သူဘယ်ကလာလဲဆိုတာ မသိဘူး သရဲနဲ့တွေ့တာထက်တော့ ကောင်းပါသေးတယ် အနည်းဆုံးတော့ ကစားသမားတွေက သူ့ကိုစားမှာ မဟုတ်ဘူးလို့ သူ့ဟာသူတွေးလိုက်တုန်း အဲ့လူက သူ့ကို တစ်ချက်ကြည့်လာပြီး ပြုံးနေတဲ့ နှုတ်ခမ်းဖျားက စကား၂လုံးထွက်လာတယ်

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now