chapter31 ကြင်နာတတ်တဲ့ အဖေအိုကြီး

117 16 0
                                    

Chapter 31 ကြင်နာတဲ့ အဖေအိုကြီး

ချီယွီက အမိကမ္ဘာမြေကြီးကို စိုက်ကြည့်နေလိုက်တယ်

နတ်သမီးပုံပြင်တွေရဲ့ သဘာဝပေါက်ပင်တွေ စ်ုက်ပျိုးပုံဖော်ထားတာက သိသိသာသာကို တအားကောင်းတယ် ဘယ်နေရာကြည့်ကြည့် စိမ်းလန်းစိုပြေနေပြီး မြေပြင်မှာလည်း အရောင်စုံပန်းပွင့်တွေနဲ့ ခြုံတွေ ရှိသေးတယ်

ပုံဖော်တာတအားကောင်းတယ်

နည်းနည်း မျက်စိနောက်စရာကောင်းနေရုံတင်ပဲ

ချီယွီ သက်ပြင်းရှိုက်လိုက်ပြီး သူ့ခေါင်းငုံပြီးစိုက်ကြည့်မိတာကနေ သူ့ကိုသူ ကယ်တင်လိုက်တယ် သူခြေထောက်ကိုပဲ အလကားစိုက်ကြည့်နေလိုက်ကာ ကမ်းက ခွါသွားလို့ နောက်ဆုံးရုန်ကန်လှုပ်ရှားရင်း ခြောက်သွားတဲ့ ငါးလို ခံစားလိုက်ရတယ်

သူ့တင်ပါးကနေ ဖျတ်ခနဲ ချီလိုက်တာကို မရှောင်နိုင်တော့ ရှဲ့ရှောက်ရဲ့ ညင်ညင်သာသာရယ်သံနှင့် သူ့အနံဖျော့ဖျော့ရောနေတာက လူတွေကို နည်းနည်းအဆင်မပြေသလို ခံစားရစေတယ်တယ်

"ငြိမ်ငြိမ်နေ မလှုပ်နဲ့"

"နေဦး မင်းလဲကျလိမ့်မယ် ကလေးက ကလေးလို နေ"

မင်းနှမပဲ ကလေးလိုဆက်ဆံ

ချီယွီ အကျယ်ကြီးအော်ဆဲလိုက်ချင်ပေမဲ့ တွေးကြည့်လိုက်တော့ သူ့အခြေအနေက တအားမဆိုးသေးဘူး သူရုတ်တရက်စိတ်ဆိုးတာကို ဖိနှိပ်ပြီး ညင်သာတဲ့အသံနှင့် ပြန်ပြောလိုက်တယ်

"ရှဲ့ရှောက် မင်းငါ့ကို ဒီလိုသယ်ရင် ငါနည်းနည်း မသက်သာသလို ခံစားရတယ်"

"တကယ်လား?"
ရှဲ့ရှောက်က သူ့ကို လက်မောင်းပေါ်တင်ကာ ချီထားတာကနေ ချလိုက်ပြီး မင်းသမီးလေးလို ချီလိုက်တယ်

"ဒီလိုဆို အဆင်ပြေပြီလား"

ချီယွီက ရှဲ့ရှောက် အားသုံးချီလိုက်လို့ သူ့စကပ်အောက်စလွတ်သွားတာကို ဂရုမစိုက်သလို တစ်ချက်ကြည့်လိုက်ပြီး နောက်ထပ် သူ့ခါးမကို ပွေ့ထားတဲ့ လက်တွေကို ကြည့်လိုက်ကာ ရယ်လိုက်တယ်

အခုလေးတင် အရှုပ်အထွေးတွေနဲ့ ပြန်ဆုံခဲ့ကြပြီးနောက်မှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်သလို ခံစားလိုက်ရတဲ့ ဝံပုလွေကြီးကလည်း သူ့အမွှေးတောင်မကန်အောင် အဝေးက်ို ထွက်ပြေးသွားခဲ့တယ် ချီယွီသူ့နောက်ကို လိုက်ချင်ပေမဲ့ ခြေနှစ်ချောင်းက ခြေလေးချောင်းလောက် မကောင်းတော့  သူ့ရွေ့တာက ရှဲ့ရှောက်လောက်တောင် မမြန်ဘူး သူ့ကို သယ်ပြီး နှစ်လှမ်းတောင်မရှိသေးဘူး ရှဲ့ရှောက်က သူ့ကို တအားပွတ်သပလာတယ်

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now