chapter 14 မော်ကွန်းတိုက်

152 28 1
                                    

Chapter 14 မော်ကွန်းတိုက်

ဒါက ခြောက်ခြားဖွယ်ရာဂိမ်းထဲက သရဲတွေက သူတို့ကိုတိုက်ရိုက်ပေးထားတဲ့ အခွင့်အရေးတစ်ခုပဲ
"တော်တော့"
ချီယွီက သူ့ဂုတ်ပိုးကို ကူကယ်ရာမဲ့စွာနဲ့ ပွတ်လိုက်တယ်
"ဒီမှာ အချိန်ဖြုန်းမနေနဲ့ သူတို့တွေက အခန်းနှစ်ခန်းကို ဖွင့်ပြီးသွားပြီး မင်းတို့မြန်မြန်လုပ်ကြ"
ဝမ်ရိချန်ဦးဆောင်တဲ့ အဖွဲ့က တကယ်ပဲ အလုပ်လုပ်တာ တော်တယ်  သူက တချို့လှည့်ကွက်တွေ ဖြေရှင်းတဲ့နေရာမှာ တစ်ယောက်တည်းမစဥ်းစားဘဲ အဖွဲ့လိုက်ဆိုတော့ အခန်းတွေဖွင့်တဲ့နေရာမှာ မြန်ပြီး လုံခြုံတယ်

ဒီကော်ပီက အသုံးအဆောင်ပစ္စည်းကျနှုန်းများသလားတော့ မသိဘူး ဒါပေမဲ့ အခန်းနှစ်ခန်းကို ဖွင့်ပြီးတဲ့အခါ သူတို့တွေက တချို့ အိုင်တမ်တွေ ရှာတွေ့ကြတယ်. အသုံးအဆောင်ပစ္စည်းတွေ ပုံစံက မြင်ဖူးနေကြဟာတွေပဲ အဲ့ဟာတွေက ထန်ယွီရခဲ့သလို ကပ်ပြီးနားထောင်လို့ရတဲ့ ဆရာဝန်ကိုင် နားကြပ်တွေပဲ ပုံမှန်အတိုင်းပြောရရင် နားကြပ်တစ်ခုကို အချိန်အကန့်အသတ်တစ်ခုနှင့် သုံးနိုင်တာတွေပဲ ပြောရရင် အချိန်နည်းနည်းလောက်သုံးပြီးရင် အသုံမဝင်တဲ့ အပိုင်းအစတွေ ဖြစ်သွားတာပဲ

ဒါပေမဲ့ ဘာဖြစ်လဲ

ဒါကလည်း ဇာတ်ဝင်ပစ္စည်းတစ်ခုပဲ အလုပ်ကြိုးစားပြီး ကော်ပီကို ရှင်းနိုင်ရင်တောင်မှ ဇာတ်ဝင်ပစ္စည်းကို တွေ့ချင်မှ တွေ့ရတာလေ

ဆရာဝန်နားကြပ်ကို တွေ့တဲ့ လူက ပြုံးဖြဲဖြဲလုပ်ပြီး သူ့အိတ်ကပ်ထဲကို ကဗျာကသီ ကောက်သိမ်းလိုက်တယ် အခန်းလေးက ကျဥ်းပြီး လူတိုင်းက အတူတူ လာကြည့်ကြတာဆိုတော့ ဇာတ်ဝင်ပစ္စည်းရတဲ့ အကြောင်းကို ဘယ်သူ့ကိုမှ ဖုံးကွယ်ထားလို့မရဘဲ့ ခဏလေးအတွင်း အကုန်သိသွားကြတယ် ချီယွီက နားကြပ်ရဲ့လုပ်ဆောင်ချက်က ချောင်းနားထောင်လို့ ရတယ်ဆိုတာကို သိတယ်

မျှော်လင့်ထားသလို ထန်ယွီဆီမှာ ရှိတဲ့ဟာနဲ့ တစ်ပုံစံတည်းပဲ
ဒါပေမဲ့ သူ့ဟာက နှစ်ခါပဲသုံးနိုင်ပြီး ထန်ယွီဆီက ဟာကတော့ အကန့်အသတ်မရှိသုံးနိုင်တယ်
.အဲ့လက္ခဏာကနေ ထန်ယွီလက်က ဘယ်လောက်ကံကောင်းနေတယ်ဆိုတာ မြင်နိုင်တယ် ဒါပေမဲ့ ဒီလူတွေက မကြေနပ်နိုင်ပဲ တစ်ယောက်ယောက် ဇာတ်ဝင်ပစ္စည်းရတယ် ကြားကြားချင်းပဲ နောက်ထပ် ဇာတ်ဝင်ပစ္စည်းတွေ ပေါပါပဲပဲရတော့မယ်အတိုင်း အပြေးအလွှားမွေနှောက် ရှာဖွေပြီး အပြောင်ရှင်းချင်နေကြတယ်

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now