chapter 16

163 29 0
                                    

Benesစိတ်ရောဂါကုဆေးရုံလား?

ချီယွီ ဆေးရုံးအဝင်ဝတုန်းက ရိုက်ထားတဲ့ ဖုန်းထဲက ဓာတ်ပုံကို ပြန်ကြည့်လိုက်တော့ သံတံခါးပေါ်က နာမည်ရေးထားတဲ့ ဆေးတွေက ပျက်နေပေမဲ့ စကားလုံးအရေအတွက်က အခုနာမည်နှင့် သံကွက်တွေကိုရေကြည့်ရင် အကိုက်ပဲ
ဒါက ဒီဆေးရုံနာမည်ဖြစ်နိုင်လား

ဆေးရုံရဲ့ နံရံအမြင့်ကြီးတွေကို ကြည့်ပြီး အဝင်အထွက် စစ်ဆေးရေးက တင်းကြပ်ပြီး လုံခြုံရေးတင်းကြပ်ထားတာ သိနိုင်တယ်

ဒီဆေးရုံက စိတ်ပိုင်းဆိုင်ရာ မကျန်းမမာ ဖြစ်တာတွေကို ကုတဲ့ဆေးရုံပဲ

ဒါ့အပြင် အလွန်ကျော်ကြားတဲ့ စိတ်ကျန်းမာရေးဆေးရုံလည်းဖြစ်နေသေးတယ်

ပထမ စာမျက်နှာကို ကြည့်လိုက်တာနဲ့တင် ချီယွီက သတင်းအချက်အလက်တချို့ကို ရလိုက်တယ် ဒါ့အပြင် ဆေးရုံက စိတ်ပိုင်းဆိုင်ရာအမျိုးမျိုးမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေကိုလည်း ခန့်အပ်ထားလောက်တယ် သူတို့က လူနာတွေရဲ့ ကျန်းမာရေးကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ပြီး မြန်မြန်နေကောင်းလာအောင် ဂရုစိုက်လောက်တယ်

ပါးလွှာတဲ့ လက်ကမ်းစာစောင်ကို ချက်ချင်း အဆုံးထိ အလှန်ကာ သိပ်အသုံးမဝင်တဲ့ ဆေးရုံနဲ့ ပတ်သတ်တဲ့ မိတ်ဆက်တာတွေကို ကြော်ချလိုက်တော့ Benesစိတ်ကျန်းမာရေးဆေးရုံဆိုတဲ့ စကားနဲ့ တင် အချက်အလက်က လုံလောက်နေပါပြီ ရှဲ့ရှောက်သူ့ကို အေးခဲ့တဲ့ တခြားအရေးပါတဲ့ အချက်အလက်တွေရှိသေးတာပဲ

ဖိုင်အိတ်ကို ဖွင့်လိုက်တော့ မီးခိုးရောင် သမ်းနေတဲ့ ခပ်ထူထူဓာတ်ပုံတစ်ပုံက အထဲကထွက်ဖို့မစောင့်နိုင်တော့သလို မြေပေါ်ပြင်ပေါ်ပြုတ်ကျလာတယ်

ပုံထဲက လူတွေက အဖြူရောင် ဂျူတီကုတ်ဝတ်ထားကြပြီး ဆေးရုံတံခါးရှေ့မှာ ရပ်နေကြပြီး တောက်တောက်ပပပြုံးနေကြတယ် အဲ့ဒါက ကြည့်ကောင်းနေရုံတင်မကဘူး တစ်ချက်ကြည့်တာနဲ့တင် ရင်းနှီးနေတဲ့ မျက်နှာတွေကို မြင်လိုက်ရတယ်

သူ့မျက်နှာက နည်းနည်းလေးယောင်နေပြီး အသားရောင်က နက်ပြာရောင်သန်းနေပြီး လျှာက ရှည်ထွက်နေရင်တောင်မှ သူတို့ရှေ့မှာ လူသတ်သွားတဲ့ ဆရာဝန်ဆိုတာ သိသာနေတယ်

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now