Chapter 42 ဘုရင်ကြီး စနိုးဝှိုက်
ချီယွီက မုန့်ပင်းနောက်ကနေ အောင်အောင်မြင်မြင်ပဲ နန်းတော်ထဲ ဝင်ရောက်နိုင်ခဲ့တယ် ဂိမ်းက ပုံတူကမ္ဘာကိုတော်တော်နိမ့်နိမ့်လေး တွေးထားလို့နေမဟယ် ကြည့်လိုက်ရုံနဲ့ တင် နန်းတော်ကြီးကလည်း စုတ်ချာနေတာပဲ တကယ်ကို...
နန်းတော်ရဲ့ နေရာတိုင်းက ကျိုးပဲ့နေတာ
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အဆောက်အအုံတွေက ဘန်ဂလို ပုံစံ လေးတွေ တချို့အဆောက်အဦးတွေကဘဲ နှစ်ထပ်ရှိတယ် အဆောက်အအုံဒီဇိုင်းကလည်း တကယ်ကြီး ယိမ်ယိုင်ပျက်စီးမနေပေမဲ့ ပြန်မပြင်ရရုံတမယ်ပဲ အခုအဆောက်အအုံအဆင့်အတန်းကို ဆုံးဖြတ်ရရင် တကယ်ကို ဗီလာအသေးစားလေးတွေနဲ့ တူတယ် ဒီက လူတွေ မျက်လုံးထဲမှာတော့ ဒီနေရာက ကမ္ဘာပေါ်မှာ အလှဆုံးဖြစ်နေနိုင်တယ် ဇီဇာကြောင်တဲ့ ကစားသမားတွေ မျက်လုံးထဲမှာတော့ ဒီနေရာက အဆောက်အအုံအစုလေးတွေက အတော်ကို ကြည့်မကောင်းဘူး
ဘာလို့လဲဆိုတော့ အဆောက်အဦးပုံစံတွေက တအားတူလွန်းပြီး လမ်းပျောက်လွယ်လို့ပဲ
နန်းတော်က လမ်းညွှန်မပါတော့ ပုံတူလောကက အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ချီယွီနှင့်မုန့်ပင်းတို့က လမ်းပျောက်သွားကြတယ် သူတို့နှစ်ယောက်သား အိမ်အစုလေးတွေကို ဟိုကြည့်ဒီကြည့်လုပ်ရင်း လမ်းရှာဖို့ကြိုးစားကြတယ် အနည်းဆုံးတော့ သူတို့နှစ်ယောက်က အသက်ရှင်နေတဲ့သူကို လမ်းမေးဖို့ကြိုးစားလို့ရသေးတယ်
"မုန့်ပင်း"
ချီယွီက မျက်မိကို ကျယ်ကျယ်ဖွင့်ထားရလို့ မျက်ရည်တွေ ကျလုမတတ်ပဲ သူ့မျက်လုံးကို မိန်းကလေးကစားသမားတွေက သူတို့ပြင်သလို ပြင်ထားပေးတော့ ထူးဆန်းသလိုခံစားရပြီး လက်နဲ့ပွတ်ချင်တာတောင်မှ မပွတ်လို့ မပွတ်ရဘူး
သူ့က လမ်းဆုံမှာ ရပ်ရင်း'ဒါဘယ်နေရာလဲ ငါဘယ်သူလဲ' စတိုင်နဲ့ ကျီးကန်းတောင်းမှောက်ရပ်ကြည့်နေတဲ့ မုန့်ပင်းကို ကြည့်ရင်း စိတ်မရှည်စွာ ထပ်မေးလိုက်တယ်
"မင်းက မင်းသားလေးရဲ့ အိပ်ခန်းကို သွားတဲ့လမ်းကို ရှာနိုင်တယ်ဆိုတာ သေချာရဲ့လား"
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...