chapter 26 နောက်ကော်ပီမှာတွေ့ကြမယ်

107 19 0
                                    

Chapter 26 နောက်ကော်ပီမှာ တွေ့ကြမယ်

ရင်းနှီးနေတဲ့ ရင်ပြင် ရင်းနှီးနေတဲ့ ရေပန်း ကလေးတွေကလည်း ရေကန်ထဲမှာ ရေကစားလို့ မပြီးသေးဘူး ပြီးတော့ ဘေးက လူတွေကလည်း ဖြတ်သန်းသွားလာနေကြတုန်းပဲ အဖြူရောင်အလင်းက သူ့တို့ မျက်လုံးရှေ့မှာ လှည့်လည်နေတုန်းပဲ သူတို့က သူ့တို့ကို သူတို့ ကော်ပီထဲ ရှင်သန်နိုင်အောင် မြုပ်နှံထားကြပြီး သူတို့ အသက်ရှင်ဖို့ အမှတ်တွေကို ကြိုးစားရှာနေကြရတယ်

ဒါက ကစားသမားတွေရဲ့ နေ့စဥ်ဘဝပဲ

လူစုလူဝေးရဲ့ ရှေ့မှာ ရပ်ရင်း အခုအချိန်မှာ ချီယွီက ရုတ်တရက် ထိတ်လန့်သလို ခံစားလိုက်ရတယ်

ရှဲ့ရှောက်ကို ဘယ်တော့မှ မတွေ့ရတော့ရင်...

အဲ့ဖြစ်နိုင်ခြေကို တွေးရုံနဲ့တင် သူ့နှလုံးခုန်သံတွေ ရပ်တန့်သွားသလိုပဲ

မသေချာတဲ့ လူတစ်ယောက်ကို အချိန်ခဏလေးအတွင်းမှာ တွေ့ပြီး ချစ်မိသွားတာက ဘယ်လို စိတ်ခံစားမှုလဲ သူမသိပေမဲ့ သေချာတာ တစ်ခုတော့ ရှိတယ်

သူ ရှဲ့ရှောက်ကို ဘာမှ မဖြစ်စေချင်ဘူး

နောက်တစ်ခါ ကော်ပီမှာ သူ့ကို ရှာတွေ့ရင် မေးခွန်းတစ်ခုကို သေချာပေါက်မေးရလိမ့်မယ်

"မင်း ငါနဲ့ သူငယ်ချင်းဖြစ်ချင်လား"

အီစီကလီလုပ်နေတာထက် သူငယ်ချင်းလုပ်တာက ပိုမကောင်းဘူးလား

တအား ပရောပရီလုပ်တာက လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုကို တကယ်ကြီး ပြောင်းသွားစေနိုင်လား

ချီယွီက ရှဲ့ရှော်ကို အဲ့လိုမေးမှာကို တွေးမိလိုက်တော့ သူဘယ်လိုဖြေလောက်လဲ

ဖြစ်နိုင်တာက

"မင်း ငါ့ကို အချိန်အကြာကြီး အသားယူပြီးခါမှ အခုတော့ တာဝန်မယူချင်တော့ဘူးလား"

အမြဲတမ်း အံ့သြသလို ဟန်ဆောင်နေတတ်တဲ့ ရှဲ့ရှောက် မျက်နှာပုံစံက သူ့ရှေ့မှာ ကွင်းကွင်းကွက်ကွက်ပေါ်လာသလိုပဲ ချီယွီက သူ့အတွေးကို ရုတ်တရက် သဘောကျသွားတယ်

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now