Chapter 15 Bainစိတ်ရောဂါကုဆေးရုံ

141 31 1
                                    

Chapter 15 Bainစိတ်ရောဂါကုဆေးရုံ

"•••"
ချီယွီ  မျက်လုံးတွေကျယ်သွားပြီး ကြောက်လန့်တာကြားနောက်ကို ခေါင်းလှည့်ကြည့်လိုက်တယ်
"ငါလန့်သွားတာပဲ မင်းသိလား"

ရှဲ့ရှောက်က လွှတ်မပေးဘဲ သူ့ခါးကို ပိုတင်းတင်းဖက်လိုက်ပြီး သူ့ကို စိတ်ဆိုးနေတဲ့ပုံနှင့် ကြည့်လိုက်တယ်

"မင်းကိုယ့်ကို ပြောစရာတစ်ခုခုမရှိတော့ဘူးလား"
ချီယွီနေရာမှာတင် ရပ်ပြီးဆဲလိုက်ချင်ပေမဲ့ သူ့ရဲ့ ရှင်သန်ချင်စိတ်က အနိုင်ယူသွားပြီး ကြောက်လွန်းလို့ ရင်တွေတဒိတ်ဒိတ်ခုန်နေတာကို ထိန်းနိုင်သွားပြီး နောက်ဆုံး ဒေါသထွက်လို့ ခြောက်ကပ်ကပ်အသံနှင့် ပြောလိုက်တယ်
"သွားစမ်း  မင်း ငါ့ကို သေအောင်ခြောက်နေတာပဲ"
အဲ့ဒါကို မှန်းရရင် သူ့ရဲ့ကြောက်လန့်မှုက လုံးလုံးမပျောက်သေးဘဲ အသံတွေက အက်ကွဲတုန်ရီနေပြီး မသိမသာလေးသနားစရာကောင်းနေတယ်

ရှဲ့ရှောက်က သဝန်တိုမှုတွေအပြည့်နှင့် လာခဲ့ပေမဲ့ ချီယွီရှေ့ကို ရောက်သွားတဲ့အချိန်မှာ သူ့ရဲ့သဝန်တိုလို့တောက်လောက်နေမှုတွေဟာ ရေအေးအေးနဲ့လောင်းချလိုက်သလို ငြိမ်သက်သွားတယ်

သူရင်ခွင်ထဲက လူက သွေးရူးသွေးတန်း ရုန်းကန်နေပေမဲ့ မသိချင်ယောင်ဆောင်နေလိုက်တယ် ကောလိပ်ကျောင်းသားလေးရဲ့ဗိုက်ကလေးက လေ့ကျင့်ခန်းမလုပ်လို့ ကြွက်သားတွေမာတောင့်မနေဘဲ အလွန်ကို ပျော့ပြောင်းနေပြီး လက်ညိုးလက်မလေးနဲ့ ဖျစ်ကြည့်လိုက်ရတဲ့ခံစားချက်က ထိပ်တန်းပဲ ဒါပေါ့ကျုံ့နိုင်ဆန့်နိုင်တဲ့ ဗိုက်သားကလေးက သူ့ရဲ့တောင့်တင်းတဲ့ ဝမ်းဗိုက်ကြွက်သားတွေလောက်တော့ ဘယ်ကောင်းမလဲ

ရှဲ့ရှောက်က သူ့ကို နှစ်ချက်လောက်ပွတ်သပ်ပြီး တစ်ချက်လောက်ပင့်သက်ရှိုက်ပြီး သည်းခံကာ သူ့လက်မောင်းကို ဖြေလျော့ပေးလိုက်တယ် ချီယွီက အဲ့အခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကိုဖက်ထားတာကနေ ရုန်းထွက်လိုက်တယ် သူလွတ်သွားတာကို တွေးပြီးပျော်သွားပြီး စာအုပ်လေးကိုယူကာ ထွက်ပြေးဖို့လှည့်လိုက်တယ်

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now