Chapter 37 မင်းသားလေးလာပြီ
နားကနေစပြီး ပါးအထိ အပူကတက်သွားတာမှာ မုန့်ပင်းလှည့်ပြီး မမေးခင်အထိ ချီယွီကတော့ အဲ့ခဏမှာ သူ့မျက်နှာနီသွားတာကို သတိမထားမိဘူး
"ချီယွီ ဘာမှားလို့လဲ ဘာဖြစ်လို့ မင်းမျက်နှာ အဲ့လောက်နီနေတာလဲ"
"မင်း အထဲမှာတုန်းက သူ့ကို မသတ်ရက်လို့ မင်းဆံပင်မင်း ဖြီးလိုက်တာလား ဘုရားရေ မင်းအဆင်ပြေရဲ့လား"
ချီယွီ: "..."
"ငါ ဘာမှမဖြစ်ဘူး ငါက သူထွက်လာပြီး ဆိုးတာတစ်ခုခုလုပ်လိုက်မှာပဲ စိုးတာ"
ချီယွီက ရှက်သွေးမဖြာတော့ဘဲ အမောတကော ပြောလာတယ်
"ဒါ့အပြင် ငါတို့ အပြင်ဘက်က ကစားသမားတွေနဲ့ အပေးအယူလုပ်ဖို့ ရှိတယ် သူ့ကိုသာ မထိန်းချုပ်နိုင်ဘဲ လျှောက်ပြောနေရင် ငါတို့ ကိုယ်ရေးအချက်အလက်တွေပေါ်ပြီး မကောင်းတာတွေ ဖြစ်လာလိမ့်မယ်"
"အိုး"
ဖြူစင်ရိုးသားတဲ့ မုန့်ပင်းလေးကတော့ သူရှင်းပြတာကို ယုံသွားပြီး
"ဒါဆို မင်းသူ့ကိုချော့ပြီး ဒီကို မြန်မြန်လာနော် ငါပြောမယ် ဒီလို အဖြစ်အပျက်မျိုးက နှစ်တစ်ရာမှ တစ်ခါတွေ့ရတာမျိုး ဓာတ်ပုံတောင် ရိုက်ထားရမယ် အပြင်ရောက်တဲ့အခါ ဖိုရမ်ပေါ်မှာ ပို့တင်လို့ရပြီ"
"ဒါပေမဲ့ သူတို့ငါ့ကို အဖွဲ့လိုက်ပေါင်းရိုက်ရင် ဘယ်လိုလုပ်ရမလဲ ငါသူတို့ကို လျို့ဝှက်ပြီး တင်ရမယ် ဟီးဟီးဟီး"
မုန့်ပင်းက သူ့လက်ကို ပွတ်လိုက်ကာ ပြတင်းပေါက်အပြင်ဘက်ကို ဖုန်းထုတ်လိုက်တယ် ဒီလို ပျော်စရာစိတ်လှုပ်ရှားစရာတွေကို သူကိုယ်တိုင်တောင် ဝင်ပါလိုက်ချင်တယ် လူပုလေးတွေက သူတို့ညီအကိုက ကြက်ဥလို ပြောင်သွားလို့ ငိုနေကြတယ် သူတို့က ညီအကိုတွေကတုံးတုံးခံထားရလို့ အကိုကြီး မပြောင်ပါနဲ့ ဒရမ်မာကို သနားစရာငိုယိုပြီးတော့ တင်ဆက်ပြသနေကြတယ် ပြီးတော့ ချီယွီကတော့
စိတ်သက်သာရာရလို့ သက်ပြင်းတစ်ချက်ချပြီးလို့မှာ မကြာသေးဘူး အထဲက သစ်သားတံခါးကို မြန်မြန်ထုနေတဲ့ အသံကို ကြားလိုက်ရပြီး သာယာပြီးညို့ဓာတ်ပြင်းတဲ့ ယောကျ်ားအသံက နောက်ကထွက်လာတယ်
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...