chapter 12အထူးဇာတ်ဝင်ပစ္စည်း

140 24 1
                                    

Chapter 12 အထူးဇာတ်ဝင်ပစ္စည်း

ချီယွီက ခဏတော့ တုံ့ဆိုင်းသွားပြီးနောက်တော့ သရဲမလေးလက်ထဲက နှင်းဆီပန်းကို ယူလိုက်တယ်
အဲ့အပြုအမူက နည်းနည်းတော့ အန္တရာယ်များတယ် ရထားတဲ့ သတင်းအချက်အလက်တွေထဲမှာတော့ သရဲလက်ထဲက ပစ္စည်းကို ထိမိတဲ့ကစားသမားတွေဟာ သတ်ဖြတ်မှုကို အစပျိုးမိပြီး တန်းအသတ်ခံရတဲ့ ဥပမာတွေရှိတယ်
အဲ့အခြေအနေကို ငါးမျှားတယ်လို့ခေါ်ကြတယ်
တချို့ကော်ပီတွေက ဝင်ဝင်ချင်း စားပွဲပေါ်မှာ စာအုပ်တစ်အုပ်တွေ့တယ် ဒါမှမဟုတ်အိပ်ရာပေါ်မှာ ကစားသမားတွေထိုင်ပြီးတဲ့နောက် မွေ့ရာနဲ့ တစ်ခုခု အုပ်ပြီးဖုံးထားတာကို တွေ့ကြတယ်

အမျိုးမျိုးပဲ အဲ့မှာ ရှိတဲ့ကစားသမားတွေကို လိုချင်အောင် တစ်ခုခုလုပ်ကြလိမ့်မယ်
သူတို့မှာ ကန့်သတ်ချက်တွေ ရှိကြပေမဲ့ အကြမ်းဖျင်းတော့ တစ်ခုခုကို နည်းနည်းလေးထိမိရုံနဲ့ သရဲတွေက မင်းကို အရှုပ်အထွေးတွေလုပ်နိုင်ပေမဲ့ မင်းအိမ်ထဲမှာပတ်ပြေးနေနိုင်သရွေ့တော့ တအားဒုက္ခတော့ မရောက်ဘူး အဲ့ဟာတွေရဲ့ အန္တရာယ်က မင်းကို ထွက်ပြေးအောင်ခြောက်နိုင်ရုံလောက်ပဲ
သရဲကန့်သတ်ထားတာကို ချိုးဖြတ်မိရင်တော့ ဂုဏ်ယူပါတယ်
ဒီကော်ပီအဆုံးထိ မင်းခေါင်းပေါ်မှာ အပိုbuffတစ်ခု ရှိလာလိမ့်မယ်
ဒါကြောင့် လူတိုင်က ကော်ပီထဲမှာ ဂရုစိုက်ရမယ် အဲ့လို စည်းမျဥ်းတွေ ချိုးဖျက်မိရင် ဖြစ်နိုင်တာကကောင်းကောင်း အနားယူနိုင်တော့မှာ မဟုတ်ဘူး
အဲ့ဒါကို လူတိုင်းက ပေါက်ကရမလုပ်ဘဲ လေးစားရမယ်လို့ ပြောရမယ်

ရုတ်တရက် ထွက်လာတဲ့•••
.
နှင်းဆီပန်းအတုပေးဖို့ လှုပ်ရှားလာတဲ့ မိန်းကလေးက မသင်္ကာစရာပဲ
ချီယွီက တုံဆိုင်းနေခဲ့ပြီး သူမက သူ့ကို ကြောက်နေတယ်လို့ ခံစားရတယ် အဆုံးတော့ မင်းကြောက်နေရင်တောင်မှ ဗီရိုထဲ ဝင်နေတာ အဆင်မပြေဘူးလေ သူအလွန်ပဲ တိုက်ရိုက်တားလိုက်ချင်တယ်.

ပြီးတော့ ......

ဒီလိုသရဲတွေ မြင်ဘူးလို့လား

အခုသူ့ရှေ့မှာ ရပ်နေတဲ့ တစ်ယောက်လိုလေ

မိန်ကလေးက သူ့ကို မျက်ရည်တွေနဲ့ ကြည့်နေပြီး ဗီရိုထဲမှာ လှုပ်တောင်မလှုပ်ရဲဘူး လက်ဟန်အမူအရာ လုပ်ပြပြီး လက်ပဲ မြှောက်ပြတယ်
သူမဘာတွေတွေးပြီး လက်ထောင်ပြတယ်တော့ မသိဘူး

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now