Chapter 40, အချစ်ရဲ့ အနမ်း
အိမ်ထဲက အခန်းက တအားမကျယ်ဘူးဆိုတော့ အပြင်က အထဲက အသံတွေကို ကြားလိုက်တဲ့ မုန့်ပင်းက တံခါးခေါက်ပြီး မေးလာတယ်
"ချီယွီ ရှဲ့ရှောက် တစ်ခုခုဖြစ်လို့လား"
"ဘာမှ မဟုတ်ဘူး"
ချီယွီက စုန့်ချင်ရဲ့ အင်္ကျီအဖြူပေါ်ကို ခြေထောက် တင်လိုက်ရင်း
"တို့နှစ်ယောက်လုံး ရိုက်လို့ မဖြစ်ဘူး ရှဲ့ရှောက် မပူနဲ့ ငါလုပ်လိုက်မယ် စုန့်ချင်ကို အကြောင်းသိအောင် ကောင်းကောင်းပြလိုက်မယ်"
ရှဲ့ရှောက်: "..."
သူ ရေနောက်တွေနဲ့ အပက်ခံလိုက်ရတယ်လို့ ခံစားရတယ် အစကနေအဆုံးထိ သူဘာမှတောင် စုန့်ချင်ကိုမလုပ်ရသေးဘူးလေ
မျက်လုံးနှစ်ဖက်လုံး ညိုမည်းနေတဲ့ စုန်ချင်ကတော့ မြေပေါ်မှာ ငါးသေလို လဲနေတယ် သူလည်း မှားယွင်းခံစားရတဲ့ တစ်ယောက်ပါပဲ သူဒီနှစ်ယောက်ကို ဘာလုပ်မိလို့လဲ
သူက စကပ်ကလေးကို ဝတ်ထားတဲ့ ချီယွီကို ခေါင်းမာပြီး မထီမဲ့မြင်ပုံနှင့် ကြည့်လိုက်ပြီး
"မင်းတို့ ခွေးစုံတွဲ ငါ့ကို ရိုက်တာကို နောက်မှ ရှင်းဖို့ စာရင်းထဲ မှတ်ထားတယ်"
စိတ်ပျက်စရာ စိတ်ကြီးဝင်နေတဲ့ သုငယ်နာမစင်တဲ့ လေသံကတစ်စခန်းထလာတယ်
"မင်းဝင်မပါနဲ့ ကိုယ် ခဏပဲ ကြာမှာ အခန်းထဲဝင်နေ ."စုန့်ချင်: "..."
သူက ဘယ်လိုဖြစ်ဖြစ် FAဆိုပေမဲ့ ရှဲ့ရှောက်က သူ့အဖြစ်ထက်တောင် ဆိုးနေပါလား
စုန့်ချင် သူ့ရဲ့ မကျေနပ်ချက်တွေကို မပြောတော့ပဲ ပါးစပ်ပိတ်နေလိုက်ပြီး မြေပြင်ပေါ်သေသလို လှဲနေလိုက်တယ်
ရှင်သန်ရတဲ့ ပျော်ရွှင်မှု အလွန်ပျောက်ကွယ်သွားပြီ ခွေးကောင်ရှဲ့ရှောက်မှာလည်း ဒီလိုတက်ကြွတတ်တယ်ဆိုတာ မသိခဲ့ဘူး
ကြက်စပ်ပဲ
စုန့်ချင်က ရှဲ့ရှောက်ကို ညိုမည်းနေအောင် ရိုက်နိုင်ဖို့ ပိုပိုပြီး သန်မာချင်လာတယ်
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...