Chapter 29 အမျိုးသမီးနှစ်ယောက် လင်လုကြခြင်း
ချီယွီ ဖွင့်ကြည့်ကြည့်လိုက်ခြင်း ထိပ်ဆုံးက ပြထားတဲ့ ပိုစ့်ကို မြင်လိုက်ရတယ် သူတစ်ချက်ကြည့်ပြီး သူဗီဒီယို ကောခေါ်ထားတဲ့ ဘက်ကို ကြည့်လိုက်တော့ ထန်ယွိက သူ့ထက်တောင်မှ ပိုပြီး ကြောင်နေသေးတယ်
သူကို ထိတ်လန့်တကြားကြည့်ကာ လက်ခါပြနေတယ်
"မဟုတ်ဘူး မဟုတ်ဘူး အဲ့တာ ငါလုပ်တာ မဟုတ်ဘူး"
"ငါပြန်လာကတည်းက အချိန်မရလို့ ဖိုရမ်ကို ဖွင့်တောင် မကြည့်ရသေးဘူး"
သူအမူအရာက ချီယွီကို ရယ်ချင်စိတ်ပေါက်သွားစေတယ်
"ဘာတွေ အလျင်လိုနေတာလဲ ငါလည်းမင်းလို့ မပြောရသေးပါဘူး ရှဲ့ရှောက်နဲ့ ငါက အရင် ပုံတူကမ္ဘာမှာ ကတည်းက တွေ့ခဲ့ကြတာ အဲ့အချ်ိန်တုန်းက ငါ့ကို သိတဲ့ ကစားသမားတွေ ရှိမှာပေါ့ သူတို့ထွက်လာတော့ အဲ့သတင်း သူတို့ကြားပျံ့သွားမှာပဲ ငါကလည်း သူတို့ကို လျှို့ဝှက်ထားဖို့ မပြောလိုက်ဘူး သူတို့ပျင်းလွန်းလို့ အတင်းပြောချင်လို့ ဒီပို့စ်ကို တင်တာ ပုံမှန်ပဲ"
ချီယွီက သူ့ယာသူ တည်တည်ငြိမ်ငြိမ်နဲ့ သုံးသပ်လိုက်တယ်
စုန့်ချင်အမူအရာကနေ သုံးသပ်ရရင် တချို့ NPCတွေမှာလည်း ဥာဏ်ရည်မြင့်မြင့် ရှိသင့်တယ် ဒါဆိုကစားသမားတွေက သူတို့နဲ့ဆက်သွယ်နိုင်ပြီး နည်းနည်းလောက် ပူးပေါင်းနိုင်တာက ပုံမှန်ပဲ
သူလောက်တော့ ချဲ့ကားမနေပေမဲ့ပေါ့လေ
ဒါ့အပြင် ဂိမ်းဘော့စ်နဲ့ အိပ်တဲ့သူက အများကြီးမရှိနိုင်ဘူး
ချီယွီက တည်တည်ငြိမ်ငြိမ်ကြည့်လိုက်တယ် အရင်တုန်းက သူဒီအကြောင်းတွေးရင် ညစ်ပတ်သလိုခံစားရပြီး ငိုချင်ပေမဲ့ အခုတော့...
အာ.
စိတ်ကြီးဝင်ရုံတင်မကဘဲ နည်းနည်းတောင် ဂုဏ်ယူမိသလိုပဲ
နောက်တစ်ခါကျ တစ်ယောက်ယောက်က အဲ့အကြောင်းပြောရင် အီးနဲ့ မှုတ်ထုတ်ပစ်လိုက်မယ်
သူ မှော်တုတ်တံယူပြီး မန်းမှုတ်ပစ်လိုက်မယ်
သူသေချာပေါက် အဲ့လိုလုပ်လိုက်မယ်
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...