chapter 11
ထန်ယွီက ချီယွီနဲ့မပူးပေါင်းနိုင်ခဲ့ဘဲ လူငယ်လေးဟွမ်မြောင်က ကဗျာကသီ ပြန်ခေါ်သွားတာကို ခံလိုက်ရတယ် ချီယွီကတော့ သူတို့ကို ကြည့်ပြီး ကြက်သားအုပ်မကြီး ကလေးခေါ်တာ တွေ့နေ့ရသလို ခံစားလိုက်တယ်
သူမမျှော်လင့်တာက ဟွမ်မြောင်က ကြမ်းတမ်းပုံပေါ်ပေမဲ့ အဖွဲ့နဲ့ ဂိမ်းကစားတဲ့အခါ တအားရင့်ကျက်နေတာပဲ သူဂရုစိုက်နေတာကို ကြည့်ရတာ ဖေးဟူအတိုင်းပဲ
ဒါပေမဲ့ ချီယွီက ထန်ယွီ ဒီလို လွယ်လွယ်နဲ့ထွက်သွားလိမ့်မယ်တွေးမထားဘူး ဒါပေမဲ့ ဘာလို သူနဲ့ အသင်းဖွဲ့သင့်တာလဲလို့သူ့ကို မေးလိုက်တယ်.ထန်ယွီ: " ငါဘာလုပ်နိုင်လဲဆိုတာ မင်းကို ပြမယ်!"
ချီယွီ: "..."
သိပ်ကြောက်စရာကောင်းတယ်နော် အမျှော်အမြင်ရှိစမ်းပါ
သူတကယ်ဖျောင်းဖျလိုက်ချင်တယ် ပြောမရလည်း နေပါစေတော့
စုန့်ချင်အကြောင်း သိရသလောက်ဆိုရင် သူ့ကို ဘာမှမလုပ်ဘဲနေမယ့်ပုံမရဘူး သူ့ကြောင့် သေချာပေါက် ကစားသမားတွေကို ငြိစွန်းစေမှာပဲ မဟုတ်လား
အဲ့လိုတွေးလိုက်တော့ အပြစ်ရှိသလို ခံစားရတာလေး နည်းနည်းတော့ သက်သာသွားတယ်
အဲ့နောက်မှာ ရင်းနှီးနေကျ အလင်းမျက်နှာပြင်က ထွက်ပေါ်လာတယ်
"ကော်ပီထဲကို ဝင်လာတဲ့ လူတိုင်းကို ကြိုဆိုပါတယ်"
"စွန့်စားခန်းအမည်: စွန့်ပစ်ဆေးရုံ"
"မစ်ရှင်လိုအပ်ချက်: ဆေးရုံထဲက ဖုန်းကွယ်နေတဲ့ အမှန်တရားကို ရှာပါ"
"ဂိမ်းက ၇၂နာရီကြာကြီး အချိန်ကုန်သွားလျှင် ဂိမ်းရှင်းလင်းမှုကျဆုံးပါလိမ်မည်"
"ပျော်ရွှင်စရာ ဂိမ်းတစ်ခုဖြစ်ပါစေ."
ဘေးပတ်ဝန်းကျင်က မြူထူထပ်နေတာတွေ နည်းနည်းရှင်းသွားပြီး သူတို့ရှေ့မှာ ပျက်စီးနေတဲ့ အဆောက်အဦးက မထင်မရှားပေါ်လာတယ် အဲ့ဒါက အေးစက်မှိုင်းထိုင်းနေပြီး လေထုထဲမှာ နိမိတ်မကောင်းတဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေတယ်ဝမ်ရိချန်က စောစောက စကားပြောအပြီးမှာ ကစားသမားအများစုကို ဦးဆောင်နိုင်သွားတယ် တချို့က သူက အမိန့်ပေးတာ သိပ်မကြိုက်ကြလို့ သူစီမံကွပ်ကဲတာကို သိပ်ဂရုမစိုက်ကြဘူး
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...