chapter35 အနမ်း

87 8 0
                                    

Chapter 35 အနမ်း

အိမ်လေးထဲမှာ ပုံပြင်ထဲက ဇာတ်ကောင်သုံယောက်က ဆုံနေကြကြောင်းပြောပြီး ချီယွီက သူတို့ကိုသူတို့ သာမန်ကစားသမားအနေနဲ့ မိတ်ဆက်လိုက်တယ် ဒီနည်းနဲ့ပဲ သူတို့နှစ်ဖက်က ထိတ်လန့်သွားကြပြီး ဂိမ်းအကြောင်းပြန်တွေးမိကြတယ် ဘာလုပ်သင့်လဲ ပထမဆုံးသူတို့ကို သူတို့ကာကွယ်သင့်တယ်

အခုတော့ ရှဲ့ရှောက်ဒေါသထွက်တာကို ထိန်းဖို့ပဲလိုတော့တယ်

ဒီခက်ထဲတဲ့တာဝန်ကတော့ ချီယွီခေါင်းပေါ်မှာပဲ

သူ့အပြင်တစ်ယောက်ယောက်ကများ ရှဲ့ရှောက်ကို ချော့နိုင်မဲ့သူရှိသေးလို့လား

မရှိဘူးလေ

ချီယွီရဲ့ ဦးနှောက်ဆေးမှုအပြီးမှာ ရှဲ့ရှောက်က မုန့်ပင်းအမြင်မှာတော့ မိုးထိအောင်မာန်တက်နေတဲ့ အရူးကောင်ဖြစ်သွားခဲ့တယ် သူ့ရဲ့စနိုးဝှိုက် ဇာတ်ကောင်ကြောင့် တာဝန်တစ်ခုပြီးအောင် သူ့ကိုချော့မော့ရုံပေါ့

ဟုတ်တယ် သူတို့နှစ်ယောက်က ရှဲ့နှင်းဖြူလေးကို ဘီးပေးပြီး တာဝန်လိုအပ်ချက်ကို ပြီးအောင်လုပ်ကြမလို့ပဲ

အရင် သာဓကအနေနဲ့ ရှဲ့ရှောက်က သူဟာသူ အနီရောင်နှလုံးသားနဂါးအသီး(နဂါးမောက်အနီ)ကို စားပြီး အန္တရာယ်ဖြစ်စေခဲ့တယ် ဂိမ်းက ချီယွီကို ဘာမှမလုပ်ဘဲနဲ့တောင် သူဟာသူနေတာတောင် တာဝန်ပြီးတဲ့အတွက်နဲ့ အမှတ်တွေပေးခဲ့တယ်

ချီယွီကတော့ အခုရှဲ့ရှောက်က သူတို့ရှေ့က အမှတ်ပုံကြီးလို့ ခံစားရတယ် တခြားကစားသမားတွေက သူ့မျက်နှာကိုတောင်မမြင်ရသေးပေမဲ့ သူကတော့ တာဝန်နှစ်ခုကိုတောင်မ ရနေပြီး တစ်ခုကဆို သူဟာသူတောင် လုပ်ပြီးနေပြီ အရေးပါတဲ့ ဇာတ်ကောင်တွေက တာဝန်တွေ ပိုလုပ်ရတယ်လို့​အဆိုရှိကြပေမဲ့ ကံဆိုးချင်တော့ သူတို့က ရှဲ့ရှောက်လို ဘာမှ လုပ်စရာတာဝန်မရှိကြဘူး

ချီယွီက အဓိက တာဝန်ဇာတ်ကြောင်းရဲ့ဇာတ်ဆောင်ဖြစ်ပေမဲ့ အခုတော့  ဘယ်ထူးဆန်းတဲ့ တာဝန်အခွဲတွေမှ မလုပ်ရသေးဘူး

ချီယွီက အဲ့ဒါကို အရမ်းပျော်နေပေမဲ့ ရုတ်တရက် မုန့်ပင်းပြောတဲ့စကားကြောင့် နည်းနည်းတော့ စိုးရိမ်နေတယ် မုန့်ပင်းပြောတာက ဂိမ်းက စောက်ကျင့်မကောင်းဘူးဆိုပေမဲ့ သူ့ရှဲ့ရှောက်ရဲ့ စိတ်ပိုသိတယ် သေချာစဥ်းစားကြည့်တော့ ဒီကော်ပီက ရှဲ့ရှောက်ကို ကစားနေတာလား ရှဲ့ရှောက်က ကစားခံနေတာလား

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now