chapter10 ဒုတိယcopy

194 28 0
                                    

Chapter 10 ဒုတိယ copy

ချီယွီက အခန်းလေးတစ်ခုငှားဖို့ တစ်မှတ်ပေးခဲ့ရပြီး တစ်မှတ်က တစ်လစာအတွက်ပဲ နောက်ထပ်တစ်မှတ်လည်းပေါင်းထည့်ရသေးတယ် ကိစ္စမရှိပါဘူးလေ ဒီလထဲမှာ စားချင်တာတွေကို စာရင်းတစ်ခုချရေးရုံနှင့် အစိမ်းဖြစ်ဖြစ်အကျက်ဖြစ်ဖြစ်တစ်ယောက်ယောက်က တံခါးရှေ့အရောက်ပို့ပေးမှာပဲဟာ

  ပေးပို့မယ့်နှုန်းကလည်းမြန်တယ်  မူလကမ္ဘာမှာလို အကြာကြီးစောင့်ရတာတွေ ဝဲလိုက်တော့

"ဘာမှမဖြစ်ဘူး ဝန်ဆောင်မှုဘယ်လောက်ကောင်းလိုက်လဲ"
ဖေးဟူက ဘီယာဘူးတွေကို သယ်လာပြီး  တစ်ဘူးကို ဘန်းခနဲဖောက်ကာ ဘူးတစ်ဝက်ထိ တစ်ချက်တည်းတစ်ချက်မော့လိုက်ပြီး တစ်ချက်လှောင်ပြီးပြောလိုက်တယ်
"တစ်မှတ်က တစ်လနေနိုင်တယ် အရည်အသွေးကောင်းပြီး စျေချိုတယ်  ဒီဝန်ဆောင်မှုက ကောင်းတယ် ဒါပေမဲ့ လူတွေက အဲ့လောက် အသက်မရှည်ဘူး ဘာသုံးစားရတော့မှာလဲ"

"ချီယွီ ငါထင်တာတော့ မင်းမှာ အလားအလာရှိတယ် မင်းက စောစောသေမယ့်ပုံမပေါ်ဘူး ဒါကြောင့် ငါမင်းကို နည်းနည်းလောက်ပိုပြောမယ် စားဖို့နှင့်နေဖို့က လုံလောက်နေပြီ အဲ့လို စိတ်ကူးယဥ်အရာတွေနှင့် အရူးလုပ်မခံနဲ့ ငါတို့ဘဝအတွက်ပဲ အမှတ်တွေရှာရမယ် အရေးကြီးတဲ့အရာက အသက်ရှည်ဖို့ပဲ"

"ငါသိပါပြီ."
ချီယွီက ရေခဲသေတ္တာဆီသွားကာ ဝယ်ဝိုင်နှစ်ပုလင်းကို  အမျိုးမျိုးသောအရသာရှိတဲ့ ဟင်းပွဲတွေပြည့်နေတဲ့ စားပွဲဆီ ယူလာတယ်

ဟင်းပွဲတချို့က သူမှာခဲ့တာဖြစ်ပြီး အများစုက ဖေးဟူက အော်ဒါမှာပြီး ယူလာတာတွေပဲ သာမန်​အမြင်အတိုင်းဆို ဖေးဟူက လူသစ်တွေခေါ်လာဖို့ taskကို ယူခဲ့တယ် ဒါကြောင့် ပြီးသွားတဲ့အခါ ဒီကို သူနှင့်သောက်ဖို့စားဖို့ မလိုပေမဲ့ သူကို အသစ်တစ်ယောက်အနေနှင့် အကျိုးရှိတဲ့ သတင်းကို ပြောဖို့ လာခဲ့တယ်
ချီယွီက ဆံပင်အဝါနဲ့ကောင်လေးနှင့် တခြားသူတွေကို သူဂရုမစိုက်တာကိုသိတယ် ပြီးတော့ ဘာလို့ သူ့ဆီကို လာခဲ့တာကိုလည်း သိတယ်
ကစားသမားတွေကြားမှာ အဖွဲ့လေးတွေ အများကြီးရှိတယ် အဖွဲ့သေးသေးလေးတွေက မကြီးကျယ် မခမ်းနားပေမဲ့  ဝါရင့်အနည်းငယ်နှင့် ဖွဲ့ထားလို့ တစ်ယောက်နှင့်တစ်ယောက် ကူညီနိုင်တယ် တချို့အထက်က လက်လွှဲပေးတဲ့ လက်နက်တွေက အရေးကြီးတဲ့အခြေအနေမှာ သူတို့အသက်ကို ကယ်နိုင်တယ်

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now