(Zawgyi Ver)
ကိုယ်နဲ့ပြေခတ် ကျောပိုးအိတ်တစ်လုံးစီလွယ်ကာ အိမ်ထဲက ထွက်လာတော့ အဖြူနဲ့အမည်းနှစ်ခုယှဉ်ရပ်ထားသည့် ဆိုင်ကယ်ကိုတွေ့ရသည်။ခရီးအဝေးမောင်းရမှာကြောင့် ဆိုင်ကယ်ကိုသေချာစစ်ဆေးနေသည့် နှစ်ယောက်မှာ ဆိုင်ကယ်အရောင်ကအစ ခန္ဓာကိုယ် အသားရောင်အဆုံး ဆန့်ကျင်ဘက်ဖြစ်သော်လည်း သက်ဆိုင်သူတွေဆီကိုကြည့်သည့် အကြည့်နဲ့အပြုံးမှာတော့ အတူတူပင်ဖြစ်သည်။
ကားနဲ့ဆိုရင် လေးယောက်လုံးသက်သောင့်သက်သာသွားလို့ရသော်လည်း ဆိုင်ကယ်စီးရတာ ကြိုက်တဲ့ မောင့်ကြောင့် ကိုယ်ဆိုင်ကယ်နဲ့ခရီးကိုရွေးခဲ့တာဖြစ်သည်။ထို့အတူ ပြေခတ်ရဲ့ လူမှာလည်း ထိုအရာကို ပိုကြိုက်ပုံရ၏။
၃ညအိပ်၎ရက်လောက်ကြာသွားပြီးချိန် စိုင်းမိုင်မိုင်းရဲ့ ညာဘက်လက်တစ်ချောင်းလုံးတွင် အက္ခရာ၏လက်ရာပြည့်သွားသည်။နောက်ကျောက ဆာမူရိုင်းပုံနဲ့လိုက်အောင် အက္ခရာပုံဖော်ပေးခဲ့သည်က ဘုံကျောင်းတွေ၊ဓားတွေအပြင်၊ဂျပန်ဗြဲခေါင်းရုပ်ထုတွေကို တုံးအမည်းရောင်အပိတ်တြွဖေင့် တော်တော်မြိုင်ပြီးလက်ရာမြောက်သည်။နဂိုကြွက်သားများရှိသည့် လက်မောင်းနေရာတွေဆိုရင် တက်တူးပုံကြောင့် ပိုထည်ပြီး ခန့်နေ၏။အသားဖွေးတာကြောင့်ရော အဖြူအမည်းမှာ ထင်းနေအောင်ပေါ်သည်။နောက်ပြီးလက်တစ်ချောင်းလုံးအပြည့်ကို ပုံအသားကျချိန်မစောင့်ဘဲ ဆက်တိုက်ရေးနိုင်တဲ့ စိုင်းမိုင်မိုင်းရဲ့ ခံနိုင်ရည်က တော်ရုံမဟုတ်။
ပထမဆုံးရက်မှာ နေ့ခင်းထိုးပြီးနောက်ရက်တွေမှာတော့ နေ့ခင်းဘက်တွင်အတူလျှောက်လည်ကာ ညနေပိုင်းဆက်ရေးသည်။ထိုအချိန်ကိုယ်နဲ့ပြေခတ်က စာဖတ်ခန်းမှာရှိပြီး သူတို့နှစ်ယောက်ကတော့ ဒီလောက်ခရီးဆက်လိုက် အလုပ်လုပ်လိုက်ဖြစ်တာတောင် ပင်ပန်းတဲ့ပုံမပေါ်။
ကျန်းမာရေးကောင်းသည့် ကိုယ်ခန္ဓာထွားထွားကြီးတွေကို ကိုယ့်မှာ ကြိတ်၍ အားကျနေရသေးသည်။
ပုံပြည့်ပြီးတော့ နောက်တစ်ရက်တွင် မပြန်သေးဘဲ စိတ်ကူးမိထားတာလေး ပြောကြည့်တော့ ပြေခတ်က အားတက်သရောလက်ခံ၏။ဆုံထောင့်ဆုံခဲမို့ ဖတ်ထားပြီးသည့် စာအုပ်ထဲမှ ရွာလေးထံ သွားလည်ဖို့ဖြစ်သည်။ထိုစာအုပ်ကို အက္ခရာထံပေးဖတ်ထားဖြစ်သော်လည်း ပြေခတ်ရဲ့လူကတော့ စာအုပ်စိတ်ဝင်စားပုံမပေါ်။ဖတ်လည်းမဖတ်ဖူး။

DU LIEST GERADE
Painting On The Skin
RomantikBlack and white, but they are the most compatible colors in the world. Own Creation by ZReed_Feb29 Cover by Pinterest