🖤1🍉

3.8K 330 28
                                    


(Unicode Ver)

အပင်ရိပ်များမြိုင်နေသည့် နှစ်ထပ်တိုက်လေးတစ်လုံးရှေ့တွင် အဖြူရောင်ဆိုင်ကယ်တစ်စီးထိုးရပ်လာသည်။သာမန်ထက်အသံအနည်းငယ်ကျယ်သည့် ဆိုင်ကယ်စက်သံကြောင့် ဖတ်လက်စစာအုပ်ကိုချကာ ဧည့်ခန်းထဲမှထွက်လာလိုက်သည်။ခြံဝန်းတံခါးဝမှာ ပြုံးရယ်ပြနေသည့် လူငယ်တစ်ယောက်ကြောင့် ကိုယ့်မျက်နှာတွင်လည်း အပြုံးတို့ထပ်တူကူးစက်သွားပြီး

"ကိုယ်က ဖုန်းဆက်အုံးမယ်ထင်တာ ၊ လိပ်စာရှာတွေ့သားပဲ"

ခြံတံခါးကိုဖွင့်ရင်း ဆီးကြိုတော့ ပို၍ နှစ်လိုဖွယ်ကောင်းသော မျက်နှာကြည်ကြည်ပိုင်ရှင်မှ

"ဟုတ်တယ် ဒေါက်တာ၊ သူက ဒီလိပ်စာကိုသိတယ်ဆိုလို့ တန်းလာလိုက်တော့တာ"

ဆိုင်ကယ်စက်ရပ်ပြီးဆင်းလာသည့် ငှက်ခါးရောင်မျက်ဝန်းပိုင်ရှင်ကို ရည်ရွယ်ကာပြောသည်။ကိုယ်နှုတ်ဆက်သလို ပြုံးကာခေါင်းညိတ်လိုက်တော့ ထိုသူကပါ ဦးညွှတ်ပြ၏။အရပ်အမောင်းမှာ မောင်နှင့်မတိမ်းမယိမ်းရှိပြီး မျက်နှာပေါက်က ခန့်ခန့်ညားညား။သူ့‌ရှေ့မှာရှိနေသည့် သေးသွယ်သောလူအားကိုယ်လက်ဆွဲခေါ်လိုက်ပြီး

"လာ ပြေခတ်၊ ကိုယ့်အိပ်လိုပဲသဘောထား အားမနာနဲ့နော်"

"ဟုတ် ‌ဒေါက်တာ နှောက်ယှက်မိပြီဗျ"

"ဟာ မဟုတ်တာ၊ ဆိုင်ကယ်ကိုခြံထဲ တစ်ခါတည်းသွင်းလိုက်ပါလား"

ပြေခတ်၏ ဆိုင်သူက ကိုယ်ပြောတဲ့အတိုင်းလုပ်ဖို့ အနောက်မှာကျန်ခဲ့ပြီး ကိုယ်နဲ့ပြေခတ်ကတော့ အိမ်ထဲအရင်ဝင်လာလိုက်သည်။

"သားသားရော မပါဘူးလား"

"သားက သူ့အဖွားတွေနဲ့ နေခဲ့တယ်"

"အခုဆို သားကဘယ်နှနှစ်ရှိပြီလဲ"

"၇နှစ်ထဲမှာ ‌ဒေါက်တာ"

"အချိန်တွေမြန်လိုက်တာနော် ၊ ကိုယ်နဲ့တွေ့ဖူးတုန်းက လမ်းလျှောက်တတ်ခါစ ပိစိလေး"

"ဟုတ်ပ"

"ကလေးရဲ့ နာမည်က"

"စိုင်းသူရိန်ခတ်တဲ့ဗျ"

Painting On The SkinWhere stories live. Discover now