823 112 9
                                    

ထုံးစံအတိုင်း ကျောင်းလွှတ်လည်း အိမ်တန်းမပြန်ဘဲ လျှောက်သွားနေတဲ့ သူငယ်ချင်းတစ်စုကြောင့် ခွန်းရဲ့ အိမ်ပြန်ချိန်က ပုံမှန်အတိုင်း နောက်ကျနေပြန်ပါတယ် ။ အစပိုင်းကတော့ အမေက ဆူပေမယ့် နောက်ပိုင်းတော့ နောက်ဆုံးနှစ်ရောက်နေပြီပဲ ၊ အန္တရာယ်မဖြစ်ရင် ပြီးရော ဆိုတဲ့ အဖေ့ကြောင့် အဆူခံနေရခြင်းကနေ လွတ်ကင်းလာတယ် ။

ဘတ်စ်ကားပေါ်ကနေ ဆင်းတော့ မှောင်ရီပျိုးနေတဲ့ ပတ်ဝန်းကျင်မှာ အလုပ်ပြန်တဲ့လူတွေ ကျောင်းကနေ ကျူရှင်ကနေ ပြန်လာတဲ့ ကျောင်းသားတွေကို တွေ့ရတယ် ။ လမ်းထိပ်အထိ ရောက်ပြီးမှ ကြောင်လေးကို သတိရသွားတာကြောင့် နှစ်လမ်းကျော်ဆီကို ပြန်လျှောက်ရတော့တယ် ။

မနေ့ကလို‌တော့ ဆေးခန်းက မပိတ်သေးတာကြောင့် အထဲမှာ မီးတွေ လင်းချင်းနေတုန်းပဲ ။

" ဟိတ် "

ဆေးခန်းအပြင်ဘက်ကနေ အထဲကို လှမ်းငေးနေတဲ့ ခွန်းရဲ့ ပုခုံးပေါ်ကို ခပ်ဖွဖွတို့ထိလိုက်တဲ့ အထိအတွေ့ကြောင့် ဆက်ခနဲဖြစ်သွားတယ် ။

" ကြောင်လေး လာကြည့်တာလား "

" ဒေါက်တာ ... "

" မနက်က တို့ တော်တော်ကြာကြာ စောင့်နေသေးတယ် ၊ အိတ်လာပြန်ယူမလားလို့လေ ။ ဒါပေမယ့် အရေးကြီး ကိစ္စလေးတစ်ခုပေါ်လာတာနဲ့ ဝန်ထမ်းလေးတွေကိုပဲ ပေးခဲ့လိုက်တာ ၊ ယူပြီးသွားပြီ မဟုတ်လား "

" ဟုတ် "

မနေ့ညက အလောတကြီးမှာ တွေ့ခဲ့ရတဲ့ အလှတရားက ဒီနေ့ ညနေ မှောင်ရီပျိုးချိန်မှာတော့ ပိုလို့ ထင်ရှားနေတယ် ။

" အာ ထီး ... "
" ငှားပေးလို့ ကျေးဇူးတင်ပါတယ် "

အိတ်ထဲ ခေါက်ထည့်ထားတဲ့ ထီးကို ပေးလိုက်တော့ ခေါင်းငြိမ့်ပြတယ် ။

" ကြောင်လေးကို ဝင်ကြည့်ဦးမှာလား "

ခွန်း ခေါင်းငြိမ့်ပြလိုက်တော့ သူက ပြုံးပြီး အရှေ့ကနေ ဦးဆောင်လို့ ဆေးခန်းထဲ ဝင်သွားတယ် ။

" ဒီနေ့ နည်းနည်းစောပြီး အလုပ်ဆင်းရင် ဆင်းလိုက်တော့လေ ၊ သန့်ရှင်းရေးက တို့ပဲ လုပ်လိုက်ပါ့မယ် "

ချစ်ခြင်းသွင်ပြင်Where stories live. Discover now