" မမ "
" ဟေ "
" မမနှိုင်းနဲ့ ရန်ဖြစ်လာတယ် မဟုတ်လား "
ကျွန်မ သူ့ကို မေးခွန်းထုတ်လိုက်တော့ ဆေးထိုးအပ်ကို ထုတ်နေရင်းက ကျွန်မကို ဆက်ခနဲ မော့ကြည့်တယ် ။
" ပေါက်ပေါက်ရှာရှာ "
" ဟုတ်ပါတယ် ၊ မမ ဘယ်တုန်းက သူ့ကို ထားခဲ့ပြီး ဒီကို အကြာကြီး ပြန်လာဖူးလို့လဲ "
သွင်ကလည်း ကျွန်မအတွက် အဝတ်အစားတွေ ထုတ်ပေးနေရင်းကနေ လှည့်ကြည့်တယ် ။
" စကားမများနဲ့ ငါ အစိမ်းလိုက် ထိုးချလိုက်မယ် "
" သူ့ဟာသူ အဆင်မပြေတိုင်း ကလေးကို လာမဲနေတယ် ၊ သူများက တစ်စုံတယောက်ရဲ့ လိပ်ကလေးပါနော် "
အင်္ကျီတွေ ထုတ်နေတဲ့ သွင့်ဆီကနေ ဟက်ခနဲ ရယ်သံတစ်ချက် ထွက်လာတယ် ။
" ငါကလည်း နှိုင်းမခရဲ့ အဖိုးတန်လေးပါနော် ၊ အသက်သာကြီးလာတယ် စကားများတဲ့ ဗီဇက မပျောက်ဘူး "
" မမဆီက ကူးတာ "
" အောင်မာ ငါက ဘယ်မှာ စကားများလို့လဲ "
" ဘာလို့ မများရမှာလဲ ၊ မမနှိုင်းအနားမှာဆို အဘွားကြီးအိုပေါက်စလေးကျနေတာပဲ စကားကို တတွတ်တွတ်နဲ့ မုန့်တီဆိုင်တစ်ခါလာလိုက်ရင် ဆေးရုံတစ်ရုံလုံးက လူတွေရဲ့ အကြောင်းတွေ ထိုင်ပြောနေတာ မပြီးတော့ဘူး "
" လက်ဖြန့် ဆေးထိုးမယ် "
" သွင် "
အလန့်တကြားနဲ့ သွင့်ကို လှမ်းခေါ်မိတော့ သွင်က အဝတ်အစားတွေကို ကုတင်ခြေရင်းမှာတင်ရင်း အနားကို ရောက်လာတယ် ။
" တကယ်လို့ ဆေးထိုးပြီး ကျွန်မ တစ်ခုခု ဖြစ်သွားရင် သူ့ကြောင့်နော် "
" မင်းကတော့ ပေါက်ကရ ပြောပြီ "
" သွင်ကလည်း ဟိုမှာ မျက်နှာကို ကြည့်ပါလား ၊ ဆေးကုမှာလား အမဲဖြတ်မှာလား မသဲကွဲဘူး ။ မမဆီ လူနာရော လာရဲ့လား ဘုရား ဘုရား "
" နင် အရမ်းစကားများတယ် ခွန်းအာရုံသွေးရာ "
" အတ္တာဟိ အတ္တနော နာထောတဲ့ ဆေးကျောင်းမှာ သင်တယ်လေ ၊ ဆရာဝန် မဟုတ်ဘူးလား စိတ်ရှည်စမ်းပါ "

YOU ARE READING
ချစ်ခြင်းသွင်ပြင်
عاطفيةအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။